ကိုယ်တွဲမှ မြဲမယ့်လက်ကို မျှော်လင့်မိနေသလား …
ကိုယ်လက်ကိုမှ ဘဝအဆုံးထိ တွဲမသွားချင်တဲ့လူကို မျှော်လ့င်နေမိသလား။ တခါတလေကျရင် လူတွေရဲ့အချစ်စိတ်က ထူးဆန်းပါတယ်။ ကိုယ့်ကိုမှ မကောင်းတဲ့လူ။ ကိုယ့်အပေါ်မှာ ရလိုမှု တစ်ခုနဲ့ချဥ်းကပ်လာမှန်းသိနေတဲ့သူ၊ ကိုယ့်အပေါ် ရက်စက်လွန်းလှချည်ရဲ့လို့ ခံစားရတဲ့လူမျိုးကိုမှ တသသနဲ့ တမ်းတမျှော်လင့်နေတတ်ပါတယ်။ ဒါပေမယ့် အဓိက ပြဿနာကတော့ ထိုတမ်းတတဲ့စိတ်ကို နှလုံးသားထဲထည့်ပြီး သိမ်းထားတတ်တဲ့လူရဲ့စိတ်ပါပဲ။ ပြေချင်တာကတော့ လူရဲ့သဘောကိုက မကောင်းတဲ့ခံစားချက်ဆို မသိလိုက်ဘဲ ပြန်တွေးမိနေတတ်တယ်ဆိုတာပါပဲ။ သေချာပြန်တွေးကြည့်လိုက်ပါ။
အဲဒါဆို သင်တို့နှစ်ယောက်လုံး အတူဆက်ရှိနေလို့ရော ပျော်စရာကောင်းပါသေးရဲ့လား။ အဲဒါကြောင့် သင့်အနားမှာ မနေချင်တဲ့လူကို ဘာအကြောင်းပြချက်နဲ့မှ သင်မဆွဲထားပါနဲ့။ အဲဒါက သင့်အတွက်ပူလောင်ခြင်းပါပဲ။ သင်လည်း မလွတ်မြောက်သလို။ သူလည်း မလွတ်မြောက်ပါဘူး။
အဲဒါဆိုရင် အဲဒီ့လူက သင့်လက်ကို လွှတ်ချသွားတဲ့အခါ သင်မပျော်ရွင်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူရဲ့သဘောကိုက ဆိုးဝါးတဲ့အရာတွေဆိုရင် ပိုပြီး မြင်တတ်ကြ၊ တွေးတတ်ကြတယ်တဲ့။ အဲဒီ့တော့ ကိုယ့်အပေါ် မကောင်းခဲ့တဲ့လူကို ပိုပြီး အာရုံထားမိနေတတ်ပါတယ်။ အဲဒီ့အခါ ကိုယ့်အပေါ်မကောင်းခဲ့တဲ့လူနဲ့ ပတ်သက်သမျှ အရာတွေကို ပြန်ပြီး နိုးဆွနေသလို သတိရနေမိတတ်ပါတယ်။ ပြန်တွေးမိလေ ပြန်ပြီး သတိရလာလေလေ ကိုယ်က ပြန်ပြီး လွမ်းဆွတ်တမ်းတလေလေနဲ့ ချာလပတ်လည်နေတော့တာပါပဲ။
လုပ်ရမယ့်တခုတည်းသောနည်းလမ်းကတော့ ကိုယ်မသိလိုက်တဲ့အချိန်မှာ ထိုလူ့အကြောင်းကို အစဖော်ပြီး တွေးမိနေတယ်လို့ ကိုယ့်စိတ်ထဲ သတိထားမိတာနဲ့ “နာကျင်စရာတွေ၊ မကောင်းတဲ့လူအကြောင်းတွေမတွေးဘူး’ လို့ ကိုယ့်စိတ်ကို ပြန်သတိပေးလိုက်ပါ။ သတိပြန်ရလာတိုင်း အဲဒီလိုသတိပေးပြီး တခြားအာရုံတခုခုနဲ့အစားထိုးလိုက်ပါ။
သင်အနားမှာ မနေချင်လို့ သူကတောင် နေရာတစ်ခုမှာ ပျော်နေပြီထင်လား။ အဲဒါဆို သူ့အတွက်သ င်ကအခုထိ ပူဆွေးနေတုန်းဆိုတာ တန်ရဲ့လား။ သူပျော်သလို သင်လည်း သူ့ကိုမေ့ထားပြီး ပျော်ရွှင်လိုက်ပါ။ သူနဲ့ပတ်သက်သမျှ ဘာကိုမှ ပြန်အစမဖော်တော့ဘဲနဲ့ပေါ့။
ကိုယ်တွဲမှ မြဲမယ့်လက်ဆို မျှော်လင့်မနေပါနဲ့တော့ ပင်ပန်းပါတယ်။ သင့်အတွက် သင့်ကိုယ်သင်ချစ်ဖို့ လိုသေးတယ်လေ.....သင်မေ့နေတာ အချိန်အတော်ကြာနေခဲ့ပြီမဟုတ်လား။
အဲဒါကြောင့် သင့်အချစ်နဲ့ မထိုက်တန် တဲ့လူကို မေ့ပစ်လိုက်ပြီး သင့်ကိုယ်သင်ချစ်ခင်လို ပျော်ရွှင်စွာရှင်သန်လိုက်ပါ။ သင့်အချစ်နဲ့သင်က ထိုက်တန်ပါတယ်နော်။