စိတ်ကျန်းမာရေးက ဘာကြောင့်အရေးကြီးတာလဲ။

စိတ်မကျန်းမာခြင်းဆိုတာက ကိုယ်ကျန်းမာရေးထက်ပိုအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာမကျန်းမာခြင်းအတွက် ဆေးဝါးကုသမှုနဲ့ အမျိုးမျိုးသောရောဂါရှာဖွေမှုတွေလုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတော့ လျစ်လျူရှုမိနေတတ်ကြပါတယ်။ လူမှုဝန်းကျင်ကခံစားချက်တွေ၊ ကိုယ့်တိုင်ခံစားရတဲ့ခံစားချက်တွေစတဲ့ပြဿနာတွေကနေမှ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။


လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတွေးတဲ့အခါ အခြေအနေတစ်စုံတစ်ခုကို လူတွေဘယ်လိုခံစားရသလဲ၊ အထီးကျန်နေလား၊ စိုးရိမ်ပူပန်နေသလား၊ စိတ်အတက်အကျမြန်ခြင်း ကဲ့သို့ခံစားချက်ပေါင်းစုံကို တွေးပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းတဲ့သူအတွက်ကတော့ ထိုကဲ့သို့အခြေအနေပေါင်းစုံ၊ ခံစားချက်ပေါင်းစုံကို ခံစားပြီးထိခိုက်နိုင်ချေနည်းပါတယ်။
လူတွေရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။
ဖိအားတွေကိုခံရခြင်း၊ ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်မပြေခြင်း၊ မိသားစုအဆင်မပြေခြင်း၊ စားဝတ်နေရေး ၊ ငွေကြေးအဆင်မပြေခြင်း စတဲ့ပြဿနာတွေကနေတဆင့် စိတ်ခံစားချက်ဆိုးဝါးစေနိုင်ပါတယ်။ ပြဿနာတွေကို ကြုံတွေ့ရတဲ့အခါ စိုးရိမ်ပူပန်ခြင်း၊ ဖိအားများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စတဲ့အခြေအနေမျိုးကေနတဆင့် ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိ ဆိုးဝါးစေနိုင်ပါတယ်။

စိတ်ထဲမှာ ခံစားနေရတဲ့ပြဿနာတွေကို ရင်ဖွင့်လိုက်ခြင်းက စိတ်ကျန်းမာရေးအတွက် ထွက်ပေါက်တစ်ခုဖြစ်စေပါတယ်။
အဲဒီလိုမဟုတ်ဘဲ တစ်ယောက်တည်း ကြိတ်ခံစားခြင်းကလည်း စိတ်ကျန်းမာရေးအခြေအနေကို ပိုပြီးဆိုးဝါးစေပါတယ်။
အဲဒီလိုမျိုး မဖြစ်ရအောင် စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးလုပ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့
စိတ်ကျန်းမာဖို့က အရေးကြီးတယ်ဆိုတာကို သိနားလည်ခြင်းဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျခြင်းတွေ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ အခြားသော စိတ်ခံစားချက်ပုံစံအမျိုးမျိုးကို တိုင်ပင်ဆွေးနွေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့က သင့်စိတ်ခံစားချက်ကောင်းမွန်စေဖို့ဖြစ်ပြီး အခြားသော ရင်ဖွင်ဆွေးနွေးနိုင်မယ့်လူတစ်ယောက် မိဘ သို့မဟုတ် သူငယ်ချင်း သို့မဟုတ် ချစ်သူ၊ ခင်ပွန်းစတဲ့လူတစ်ယောက်ယောက်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သင်ရင်ဖွင့်ဆွေးနွေးတဲ့သူက သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို တည်ငြိမ်သွားစေပြီး စိတ်ခွန်အားပေးနိုင်မယ့်သူမျိုးဖြစ်ဖို့လိုပါတယ်။ ပြီးတော့ သင့်ကို အထီးကျန်တယ်လို့ မခံစားရစေဖို့လည်း လိုပါတယ်။

စိတ်ခံစားချက်ကောင်းမွန်နေတဲ့လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာခံစားချက်လည်း ကောင်းမွန်စေပါတယ်။ အလုပ်လုပ်နိုင်စွမ်းတိုးတက်စေပါတယ်။ ဖိအားတွေကိုခံနိုင်ရည်ရှိစေပြီး မိသားစုထဲမှာလည်း ပျော်ရွှင်စေပြီး ပိုပြီးပျော်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်ကျန်းမာခြင်းက ကိုယ်ကျန်းမာရေးနဲ့ပတ်သက်နေပြီး စိတ်ကျန်းမာလေ ကိုယ်ကျန်းမာရေးကို ပိုပြီးကောင်းမွန်စေလေဖြစ်ပါတယ်။ ကိုယ်ကျန်းမာနေပေမယ့် စိတ်မကျန်းမာဘူး၊ စိတ်ထိခိုက်ခံစားနေရပြီး စိုးရိမ်ပူပန်မှု၊ ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစာေးနရရင်တော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။
https://medium.com/…/why-is-your-mental-health-important-an…

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။