စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့် ပိုပြီးဆွဲဆောင်မှုရှိဖို့ လုပ်ကြည့်သင့်တဲ့အကျင့်များ

လူတိုင်းက ရုပ်ပိုင်းဆိုင်ရာပိုပြီးချောမောလှပတယ်လို့ထင်ရတဲ့လူတွေကို ပိုပြီး စိတ်ဝင်တစားရှိတတ်ကြပါတယ်။ ဒါပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ စွဲဆောင်မှုရှိသည်ဖြစ်စေ၊ ဆွဲဆောင်မှုမရှိသည်ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာကိုလည်း ပြုပြင်ပြောင်းလဲလို့ရနေပါပြီ။ ခုခေတ်မှာ ရုပ်ပိုင်းဆိုင်ရာအတွက် ပြုပြင်နိုင်မယ့်နည်းလမ်းပေါင်းများစွာရှိနေသလို ပိုပြီးဆွဲဆောင်မှုရှိလာအောင် ကြိုးစားနိုင်လာပါပြီ။ ရုပ်ပိုင်းဆိုင်ရာအရ ချောမောလှပနေပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာက လေးစားအားကျစရာမကောင်းရင်လည်း ဆွဲဆောင်မှုမရှိပြန်ပါဘူး။ အဲဒါကြောင့် ပိုဉာဏ်ကောင်းပြီး ပိုဆွဲဆောင်မှုရှိတဲ့လူတွေရဲ့အကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါ။


၁) ကိုယ့်ကိုကိုယ်အားပေးပါ။
ဆွဲဆောင်မှုနည်းတဲ့သူတွေကို ကြည့်လိုက်ရင် အမြဲသူများက အားပေးနေရတတ်ပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုကိုယ်ခွန်အားမရှိတဲ့သူတွေလို့ ထင်မြင်နေသလို၊ အခြားသူတွေကလည်း သူတို့ကို အစွမ်းမရှိသူတွေလို့ ထင်မြင်တော့တာပါပဲ။ ဆွဲဆောင်မှုရှိတဲ့သူတွေကတော့ သူတို့ကို ဘယ်သူကမှ လာအားပေးတာကို စောင့်မနေပါဘူး၊ ကိုယ့်ကိုကိုယ်အားပေးတတ်သူတွေမို့ တခုခုလုပ်မယ်ဆိုရင် သူတို့က ကိုယ့်ကိုကိုယ်အားပေးပြီး သူများထက်ရှေ့ရောက်နေတတ်တာပေါ့။ ကိုယ့်ကိုကိုယ်အားပေးတတ်တယ်ဆိုကတည်းက ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်လို့ယုံကြည်ချက်ရှိနေသူတွေမို့ပါ။ အဲဒါကြောင့်လည်း ပိုပြီး ဆွဲဆောင်မှုရှိနေတတ်ပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရည်အရ ဆွဲဆောင်မှုမရှိရင်တောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေပြီး ကိုယ့်ကိုကိုယ် အားပေးတတ်တဲ့သူတွေကလည်း ဆွဲဆောင်မှုတစ်မျိုးရှိနေတတ်တာပါပဲ။
၂) တရားထိုင်ပါ။
လူတော်တော်များများက စိတ်ဖိစီးမှုအမျိုးမျိုးခံစားနေကြရတာချည်းပါပဲ။ လူနေမှုဘဝရဲ့ တိုးတက်လာမှုနဲ့အတူ ဖိစီးမှုပေါင်းစုံကို ခံစားကြရပါတယ်။ အဲဒါကြောင့် စိတ်တည်ငြိမ်ပြီး စိတ်ဖိစီးမှုမှန်သမျှကို တည်ငြိမ်စွာရင်ဆိုင်တတ်ဖို့ တရားထိုင်တတ်အောင် ကျင့်ယူသင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိုးရိမ်ပူပန်ခြင်းတွေကို ကောင်းမွန်စွာ စီမံနိုင်စွမ်းရှိလာစေပါတယ်။ စိတ်တည်ငြိမ်လာတဲ့အခါ သင့်ရဲ့စိတ်ခွန်အားတိုးလာပြီး၊ အာရုံစိုက်မှုပိုကောင်းလာသလို၊ ဖန်တီနိုင်စွမ်းတိုးလာစေပါတယ်။ မှတ်ဉာဏ်အားကောင်းလာပါတယ်။ ါတယ်။ သင့်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းတိုးလာတဲ့အတွက် လူမှုဆက်ဆံရေးမှာလည်း ကောင်းမွန်လာစေပါတယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့သူတွေက ပိုပြီး စွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒါကြောင့် မိနစ်၂၀ခန့် တရားထိုင်ကြည့်ပါ။
၃) သင့်ကိုသင်သိပါ။
သင့်ရဲ့အတွေးတွေကို သင်ကိုယ်တိုင်လေ့လာဆန်းစစ်ပါ။ အဆိုးမြင်စိတ်တွေများနေလား၊ အကောင်းမြင်စိတ်အဖြစ် ဘယ်လိုပြန်ပြောင်းမလဲစသဖြင့်။ သင့်ရဲ့စိတ်၊ သင့်ရဲ့စကားလုံး၊ သင့်ရဲ့လုပ်ဆောင်ချက်တွေကိုပါ ပြန်လေ့လာဆန်းစစ်ကြည့်ပါ။ သင့်ကိုသင်သိခြင်းက အင်မတန်အရေးကြီးပါတယ်။ သင့်ကိုယ်သင်သေချာသိနားလည်ခြင်းက သင့်ကိုသင်ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်ခြင်းဖြင့် ပိုတိုးတက်လာမလဲဆိုတာကို သိလာစေပါတယ်။ သိတဲ့အတိုင်းတကယ်လိုက်နာကျင့်သုံးတဲ့အခါ တကယ်တိုးတက်လာနိုင်ပါတယ်။ အဲဒီလိုလူတွေက အမြဲ ကိုယ့်ဘဝတိုးတက်ဖို့ကြိုးစားလေလေ ပိုပြီး အောင်မြင်လာလေလေ၊ လူတွေကပိုပြီး စိတ်ဝင်စားမှုရှိလာလေလေပါပဲ။ တနည်းအားဖြင့် ပိုပြီးဆွဲဆောင်မှုရှိလာတယ်ပေါ့။ OW Y
၄) သင့်ကိုသင်တည်ဆောက်ပါ။
လူတိုင်းကတော့ perfect မဖြစ်ပါဘူး။ ဒါပေမယ့်လည်း perfect မဖြစ်ဘူးလို့ချည်းထိုင်အော်နေပြီး perfect ဖြစ်အောင် မကြိုးစားဘဲနေလို့လည်း မဖြစ်ပြန်ပါဘူး။ အဲဒါကြောင့် လူတိုင်းperfect မဖြစ်နိုင်ပေမယ့် တဖြေးဖြေး အမှားနည်းလာအောင် အမှန်များလာအောင်တော့ တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အရည်အချင်းတွေနဲ့ပြည့်ဝလာအောင်တည်ဆောက်ပါ။ ပြောချင်တာက ဆယ်လီဖြစ်အောင်ဆိုပြီး မဟုတ်တမ်းတရားတွေနဲ့ လျှောက်ပြီး လူသိခံရတာထက်စာရင် ကိုယ့်ကိုကိုယ်အရည်အချင်းရှိအောင်ကြိုးစားလို့ ကိုယ့်အရည်အချင်းကြောင့်လူသိလာတာကပိုတန်ဖိုးရှိပါတယ်။ အဲဒါကြောင့် အခြားသူတွေက ဘာလို့ဆွဲဆောင်မှုရှိနေတာလဲ အချို့လူတွေက ဘာလို့များ လူတွေပိုစိတ်ဝင်စားနေသလဲ၊ အခြားလူတွေက ဘာလို့များ ပိုအောင်မြင်နေသလဲလို့ ထိုင်စဉ်းစားနေပြီး စိတ်ဓာတ်ကျမနေပါနဲ့။ သင့်ကိုသင်သာ လုပ်စရာရှိတာကို လုပ်ဆောင်သွားပါ။ သင့်အရည်အချင်းကိုသာ တိုးတက်လာအောင် တစိုက်မတ်မတ်ကြိုးစားပါ။ တနည်းအားဖြင့် သင့်ကိုသင်တည်ဆောက်ပါ။ အဲဒါက ဆွဲဆောင်မှုရှိလာစေမယ့်နည်းတစ်မျိုးပါပဲ။ OURSELF, BE YOURSELF.
၅) ပိုနားထောင်ပါ။
လူတိုင်းလိုလိုက ပြောဖို့သာ စိတ်ထက်သန်ကြပါတယ်။ နားထောင်ပြီး ဘယ်လိုပြန်ပြောရမလဲဆိုတာကို အာရုံပိုစိုက်ကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့သူတွေကကျတော့ တဖက်လူပြောတာကို ပိုပြီးနားထောင်ပေးတတ်ပါတယ်။ နားထောင်ခြင်းက အခြားသူတွေရဲ့အကြောင်းကို ပိုသိလာနိုင်ပါတယ်။ ကိုယ်မသိသေးတာတွေကိုလည်း သိလာစေပါတယ်။ နားထောင်ခြင်းက သင့်ရဲ့စိတ်ကိုလည်း ပိုပြီးသိလာစေပါတယ်။ သင့်ရဲ့အာရုံမှာ ကိုယ်ချင်းစာစိတ်၊ ဒါမှမဟုတ် စိတ်ခွန်အား ဒါမှမဟုတ် သနားကြင်နာစိတ်တွေဖြစ်ပေါ်လာစေပါတယ်။ အဲဒါတွေက သင့်အတွက် တနည်းနည်းနဲ့ သင့်စွမ်းရည်ကိုသက်ရောက်မှုရှိလာစေပါတယ်။ အဲဒါကြောင့် တဖက်လူရဲ့စကားကို သေချာနားထောင်တတ်တဲ့သူတွေက အခြားသူတွေထက်ကို ပိုဆွဲဆောင်မှုရှိပါတယ်။ UP!

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။