မပြောဘဲသိသင့်သော လူ့ကျင့်ဝတ်များ (၁)
ကျွန်တော်တို့တွေက အသိဉာဏ်ကြွယ်ဝပြီး နှလုံးသားရှိသောလူသားများဖြစ်တာကြောင့် တခါတလေမှာ ဘယ်လိုမှစည်းကမ်းတွေစည်းမျဉ်းတွေမသတ်မှတ်ထားပေမယ့် ခံစားနားလည်ပြီး သိသင့်တဲ့၊ လိုက်နာသင့်တဲ့ကျင့်ဝတ်တွေရှိပါတယ်။ ထိုကျင့်ဝတ်တွေအတွက် ဘယ်သူကမှ လုပ်ကိုလုပ်ရမယ်လို့မသတ်မှတ်ပေးထားပါဘူး။ ထိုကျင့်ဝတ်တွေက နှလုံးသားထဲက သူ့နေရာမှာကိုယ်သာဆိုရင်…..ဆိုတဲ့ကိုယ်ချင်းစာတတ်တဲ့စိတ်လေးနဲ့ပဲ တွေးတတ်ခံစားတတ်ရာကဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ထိုကျင့်ဝတ်တွေအားနည်းလာပြီး ရုပ်ဝတ္ထုကိုအသားပေးလာကြတဲ့ခေတ်ထဲမှာ မပြောဘဲသိသင့်တဲ့ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
ချေးယူထားတဲ့ငွေကို သတိတရပြန်ပေးပါ။ ကိုယ်အခက်အခဲရှိနေတုန်း အကူအညီရတာနဲ့တင် ကျေးဇူးတင်စရာကောင်းနေပါပြီ။ ကိုယ့်ကိုအကြောင်းအမျိုးမျိုးကြောင့် ဖွင့်မပြောထွက်ဘဲ ပြန်မတောင်းရက်ပေမယ့် သူ့မှာလည်းအခက်အခဲရှိနေနိုင်ပါတယ်။
နောက်တစ်ပုံငှားယူထားသော ပစ္စည်းကို မှတ်မှတ်ရရပြန်ပေးပါ။ လိုအပ်လို့အခြားသူထံမှငှားယူထားတဲ့ပစ္စည်းတွေကိုလည်း ပြန်ပေးဖို့ သတိရသင့်ပါတယ်။
နောက်တစ်ပုံဘယ်လောက်သေးဖွဲတဲ့အကူအညီဖြစ်ပါစေ…..ကူညီခဲ့ဖူးသူကို ကျေးဇူးတင်ပါ။ ကူညီတယ်ဆိုတာ စေတနာကိုလက်ဆောင်ပေးလိုက်တာပါ၊ အဲဒါကြောင့်ငွေနဲ့ပြန်ချေလို့မရပါဘူး။ ကျေးဇူးတင်တဲ့အကျင့်လေးလုပ်ပေးပါ။
နောက်တစ်ပုံလူကြီသူမ၊ ကလေးသူငယ်တွေကို ဘယ်နေရာမှာမဆို အလေးထားဖို့ သတိထားပါ။ အသက်အရွယ်အိုမင်းနေတဲ့လူကြီးတွေနဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေကို ဘယ်နေရာမျိုးမှာမဆို ကိုယ်ချင်းစာနာစိတ်နဲ့ အလေးထား ဦးစားပေးပါ။
နောက်တစ်ပုံအစားအစာနဲ့ပတ်သက်ပြီး ဒကာခံမယ့်သူရှိတဲ့အခါ ဒကာခံမယ့်သူစိတ်ကြိုက်မှာပါစေ။ ဥပမာ ။ အလကားစားရတယ်ဆိုပြီး ဈေးအကြီးဆုံးမှာစားတာမျိုး၊ မူးယစ်သောက်စားပြီး ပြဿနာရှာတာမျိုးစသဖြင့် တဖက်လူကို ထိခိုက်တဲ့အပြုအမူမလုပ်မိပါစေနဲ့။
နောက်တစ်ပုံတဖက်လူအဖြေရခက်တဲ့မေးခွန်းမျိုး၊ မဖြေချင်တဲ့မေးခွန်းမျိုးတွေ မမေးသင့်ပါ။ ဥပမာ။ ဘယ်တော့ စားရမှာလဲ၊ လစာဘယ်လောက်ရလဲ၊ ငါ့လစာထက်နည်းတာပဲဆိုတာမျိုး
နောက်တစ်ပုံ