ကန်စွန်းရွက်စားခြင်းရဲ့ကောင်းကျိုးများ

ကန်စွန်းရွက်က ကျန်းမာစေတဲ့အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင် လူတိုင်းနီးပါး မြင်ဖူးတွေ့ဖူးစားဖူးနေကျအရွက်ဖြစ်ပါတ်။ ကန်စွန်းရွက်မှာ အာဟာရဓာတ်တွေများစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိပုံကိုဖော်ပြပေးချင်ပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဘီ၊ စီ၊ ဖော့စထရတ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ကယ်လဆီယမ် စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။


၁) အိပ်မပျော်ခြင်းရောဂါကို သက်သာစေပါတယ်။
ကန်စွန်းရွက်စားခြင်းက အိပ်မပျော်ခြင်းရောဂါကို သက်သာစေပါတယ်။ sedatives ဆိုတဲ့ဓာတ်ပေါင်းတစ်ခုပါဝင်မှုကြောင့် အိပ်ချင်စိတ်ဖြစ်ပေါ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ selenium နဲ့ zinc ပါဝင်မှုကြောင့် အာရုံကြောတွေပြေလျော့စေပြီး အကြောအခြင်တွေပြေလျော့စေပါတယ်။

၂) ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ပြီး အဆိပ်ပြေစေပါတယ်။
ကန်စွန်ရွက်မှာအဆိပ်အတောက်ပြေစေတဲ့အစွမ်းသတ္တိရှိပါတယ်။ အစာအိမ်နာခြင်းကနေ အရေပြားအထိ အသုံးဝင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

၃) သံဓာတ်ပါဝင်ပါတယ်။
အစိမ်းရောင်အရွက်မှာ သံဓာတ်ပါဝင်ပြီး သံဓာတ်ကြောင့်သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

၄) ဆီးချိုရောဂါကို သက်သာစေပါတယ်။
ကန်စွန်းရွက်ကိုစားသုံးခြင်းဖြင့် သွေးထဲပိုလျှံနေတဲ့သကြားဓာတ်တွေကို စုပ်ယူနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုသမားတွေအတွက် ကောင်းမွန်စေပါတယ်။

၅) ခုခံအားတိုးစေပါတယ်။
ဗီတာမင်စီကြွယ်ဝပါတယ်။ ခုခံအားတိုးစေပါတယ်။ တုတ်ကွေးဖြစ်ပေါ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်နိုင်ပါတယ်။.

၆) အမြင်အာရုံကောင်းမွန်စေပါတယ်။
ဗီတာမင်အေလည်းပါဝင်မှုကြောင့် အမြင်အာရုံအတွက်ကောင်းပါတယ်။ ဗီတာမင်အေက antioxidant ကဲ့သို့ အသုံးဝင်တဲ့အတွက် မျက်ကြည်လွှာပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၇) ကိုယ်ဝန်ဆောင်အတွက် ကောင်းမွန်ပါတယ်။
အစိမ်းရောင်အရွက်ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေစားသုံးပေးနိုင်ပါတယ်။ ဆီးချိုရောဂါဖြစ်ပွားခြင်းကို ကုသပေးဖို့ အထောက်အကူဖြစ်စေပါတယ်။

၈) အသည်းအတွက်အထောက်အကူဖြစ်စေပါတယ်။
အသည်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကန်စွန်းရွက်မှာ အဆိပ်အတောက်ပြေစေတဲ့အစွမ်းသတ္တိရှိပြီး antioxidants တွေလည်း ပါဝင်တာမို့ အသည်းအတွက်ကောင်းမွန်စေပါတယ်။
ကန်စွန်းရွက်က ဈေးလည်းသက်သာပြီး ဝယ်ရလည်း လွယ်ကူပါတယ်။ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါတယ်။ ကိုက်လန်ကဲ့သို့ သင့်မိသားစုကျန်းမာရေးအတွက် အကျိုးများစေတဲ့အရွက်တစ်မျိုးပဲဖြစ်ပါတယ်။
https://www.thealthbenefitsof.com/9-health-benefits-of-wat…/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။