ပြောင်းဖူးစားခြင်းရဲ့ ကောင်းကျိုးများ

ဗီတာမင် ဘီဝမ်း (Thiamine) ပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိုတ်တွေနဲ့ ပရိုတင်းဓာတ်ဖြိုခွဲဖို့ ကူညီနိုင်ပြီး ခန္ဓာကိုယ်အတွက်ပြန်လည်အသုံးပြုနိုင်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။ အရိုးကိုသန်မာစေဖို့ ကူညီနိုင်ပြီး အမြင်အာရုံကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ်၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ပြောင်းဖူးက ဘယ်လိုအကျိုးတွေရှိသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) အမြင်အာရုံနဲ့ အရေပြားကို ကောင်းမွန်ဖို့ထိန်းသိမ်းပေးနိုင်ခြင်း
၂) အရိုးသန်မာဖို့ ကူညီပေးနိုင်ခြင်း
၃) အူမကြီး ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေနိုင်ခြင်း
၄) သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကို ထိန်းညှိပေးနိုင်ခြင်း
၅) ခုခံနိုင်စွမ်းအား တိုးမြင့်ပေးနိုင်ခြင်း
၆) ခန္ဓာကိုယ်မှ ကိုလက်စထရော စုပ်ယူမှုကို လျော့ကျစေနိုင်ခြင်း
၇) သွေးအားနည်းရောဂါကို ကာကွယ်ဖို့ကူညီနိုင်ခြင်း
၈) နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားမှု အန္တရာယ်ကိုလျော့ကျစေနိုင်ခြင်း
၉) ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။