ပန်းသစ်တော်စားခြင်းရဲ့ကောင်းကျိုးများ

ပန်းသစ်တော်ကို ကွတ်ကီးတွေထဲထည့်ပြီးလည်း စားကြပါတယ်။ ပန်းသစ်တော်မှာ အမျှင်ဓာတ်ကြွယ်ဝခြင်း၊ နှလုံးရောဂါအတွက်ကောင်းခြင်း အပြင် အရသာကော အာဟာရဓာတ်ကော ကြွယ်ဝပါတယ်။ အခြားသော antioxidants တွေလည်းပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိပါတယ်။


၁) အမျှင်ဓာတ်ကြွယ်ဝပါတယ်။
သစ်တော်သီးအနေတော်တစ်လုံးမှာ အမျှင်ဓာတ် ၆ဂရမ်ခန့်ပါဝင်ပါတယ်။ အူကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က တစ်နေ့လျှင် ၂၅ဂရမ် မှ ၃၈ဂရမ်ထိ စားပေးသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အစာခြေစနစ်အတွက်ကောင်းမွန်စေပါတယ်။ အစာခြေလွယ်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ကူညီပေးပါတယ် ။ ခန္ဓာကိုယ်က မကောင်းတဲ့ကိုလက်စထရောတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၂) low-glycemic fruit လည်းဖြစ်ပါတယ်။
soluble fiber ဓာတ်ပါဝင်ပါတယ်။ သွေးထဲကသကြားဓာတ်ကို ထိန်းညှိုပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကလည်း သွေးထဲကသကြားဓာတ်ပမာဏကို ထိန်းပေးအောင်ကူညီပေးပါတယ်။ low-glycemic fruit လည်းဖြစ်တဲ့အတွက် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပါတယ်။

၃) antioxidants ကြွယ်ဝစွာပါဝင်ပါတယ်။
သစ်တော်သီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ သစ်တော်သီးတစ်လုံးမှာ ဗီတာမင်စီ 8mg ခန့်ပါဝင်ပါတယ်။ antioxidants တွေပါဝင်မှုကြောင့်လည်း ဆဲလ်တွေပြုပြင်ခြင်း၊ ဆဲလ်အသစ်ဖြစ်ပေါ်စေခြင်းတွေကို ကူညီနိုင်ပါတယ်။ ဗီတာမင်စီက သင့်ရဲ့ခုခံစွမ်းအားစနစ်ကိုလည်း တိုးစေပါတယ်။ သင့်အရေပြားနဲ့ သွားများ၊ အရိုးများအတွက်လည်း ကောင်းမွန်စေပါတယ်။ polyphenols နဲ့ flavonoids ဓာတ်တွေကြောင့် သင့်အရေပြားအတွက်ကောင်းမွန်စေပါတယ်။

၄) ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
ဆိုဒီယမ်များတဲ့အစားအစာတွေကို စားသုံးမိတဲ့အခါ သစ်တော်သီးကိုစားပေးသင့်ပါတယ်။ သစ်တော်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစါာပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ဆိုဒီယမ်တွေကို သစ်တော်သီးက ထိန်းညှိုပေးဖို့ ကူညီနိုင်ပါတယ်။ သစ်တော်သီးတစ်လုံးမှာ 206 mg ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်တဲ့အစားအစာကိုစားသုံးခြင်းက ဆိုဒီယမ်ကိုတိုက်ဖျက်နိုင်ပြီး သင့်သွေးဖိအားမြင့်တက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

၅) magnesium နဲ့ copper ဓာတ်တွေလည်း ပါဝင်ပါတယ်။
magnesium နဲ့ copper ဓာတ်တွေ ပါဝင်ခြင်းေ့ကြာင့် သင့်အာရုံကြောစနစ်တွေကို ကူညီနိုင်ပြီး သင့်ရဲ့ဦးနှောက်စွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်ကိုတိုးစေပါတယ်။

၆) စွမ်းအင်ဖြစ်ပေါ်စေပါတယ်။
သစ်တော်သီးကို လေ့ကျင့်ခန်းလုပ်ပြီး ဒါမှမဟုတ် မလုပ်မီ စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ်မှာတောင် စွမ်းအင်ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာခြေလွယ်ပြီး carbs တွေကနေ သင့်ရဲ့ခန္ဓာကိုယ်ကို စွမ်းအင်အဖြစ်ပြောင်းပေးနိုင်တာမို့ လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီးအဆင်ပြေစေပါတယ်။
https://www.wellandgood.com/good-food/pear-benefits/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။