ညမအိပ်မီ အောင်မြင်သူတွေလုပ်တတ်တဲ့အကျင့်များ

အောင်မြင်သူတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိပ်စက်ချိန်အပြည့်အဝယူကြပါတယ်။ ဒါပေမယ့်လည်း မအိပ်မီမှာတော့ သူတို့ရဲ့ လုပ်နိုင်စွမ်းအတွက် လုပ်သင့်လုပ်ထိုက်တာတွေ ကြိုတင်လုပ်ဆောင်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အောင်မြင်သူတွေရဲ့ ညမအိပ်မီ လုပ်လေ့ရှိတဲ့အကျင့်လေးတွေဖြစ်ပါတယ်။


၁) မိသားစုကို အချိန်ပေးခြင်း
Work – life balance ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ အဲဒါက work – family balance လို့ဆိုလိုတာပါ။ အောင်မြင်သူတော်တော်များများက ထိုအချက်ကိုသဘောပေါက်ကြပါတယ်။ အဲဒါကြောင့် အလုပ်ခွင်ကနေအိမ်ရောက်တာနဲ့ မိသားစုအတွက် သပ်သပ်အချိန်ပေးတတ်ကြပါတယ်။ ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ပျော်စရာကောင်းတဲ့မိသားစုဘဝကို အချိန်ပေးဖန်တီးတတ်ကြပါတယ်။ အဲဒါက ဘဝရဲ့အမောပြေခြင်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့သားသမီးနဲ့ အိမ်ထောင်ဖက်အဖို့ ထိုပျော်စရာအချိန်လေးက ပြန်တွေးတိုင်းတန်ဖိုးမဖြတ်နိုင်တဲ့ နှလုံးသားနဲ့ခံစားနိုင်တဲ့မှတ်ဉာဏ်တွေဖြစ်လာမှာပါ။
၂) လေ့ကျင့်ခန်းလုပ်ခြင်း
အိပ်ခါနီးမှ လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်စက်ဖို့အခက်အခဲဖြစ်စေပေမယ့် ညနေလောက်ကတည်းက လေ့ကျင့်ခန်းလုပ်ထားခြင်းက ညဘက်အိပ်စက်ချိန်မှာ ကောင်းမွန်စွာအိပ်ပျော်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အချို့သောအောင်မြင်သူတွေက ညနေလောက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သတ်မှတ်ထားတတ်ကြပါတယ်။ သင့်ကိုညဘက်ကောင်းစွာအိပ်ပျော်စေသလို ကျန်းမာရေးနဲ့လည်းညီညွှတ်စေမှာပါ။
၃) screen time ရပ်နားခြင်း
ဒီနေ့ခေတ်မှာ ကွန်ပျူတာ၊ ဖုန်း၊ လက်တော့၊ အင်တာနက် အီးမေးလ်စတာတွေနဲ့ချည်းအလုပ်လုပ်ရလို့ မျက်လုံးထိခိုက်တာမျိုး၊ အာရုံကြောထိခိုက်တာမျိုး၊ အညောင်းအညာမိတာမျိုးတွေအဖြစ်များပါတယ်။ အောင်မြင်သူတစ်ချို့ကတော့ အလုပ်ကပြန်ရောက်တာနဲ့ မအိပ်စက်မီအချိန်မှာ ဖုန်း၊ လက်တော့၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြား စတာတွေအားလုံးကို အနားပေးပြီး အနားယူတတ်ပါတယ်။
၄) တရားထိုင်ခြင်း
တရားထိုင်ခြင်းက စိတ်တည်ငြိမ်မှုရှိစေသလို စိတ်ဖိစီးမှုတွေအတွက် ကောင်းမွန်ပါတယ်။ အလုပ်တစ်နေကုန်လုပ်ပြီး ဖိစီးမှုပေါင်းစုံအတွက် အောင်မြင်သူတွေက မအိပ်စက်မီ တရားထိုင်လေ့ရှိကြပါတယ်။
၅) စာဖတ်ခြင်း
စာဖတ်ခြင်းက အမြင်သစ်အတွေးသစ်တွေကို ပေးစွမ်းနိုင်ပြီး စိတ်တည်ငြိမ်စေပါတယ်။ ဗဟုသုတလည်း တိုးစေပါတယ်။ အောင်မြင်သူအချို့ကတော့ စာမဖတ်ဘဲ အိပ်ရာဝင်တဲ့နေ့ဆိုတာ မရှိပါဘူး။ အသက်အရွယ်ကြီးရင့်မှုကြောင့် မှတ်ဉာဏ်အားနည်းခြင်းကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေပြေပျောက်စေတာမို့ စာဖတ်လေ့ရှိကြပါတယ်။
၆) နောက်နေ့အတွက် အစီအစဉ်ချမှတ်ခြင်း
မနက်ဖြန်လုပ်ရမယ့်အလုပ်တွေအတွက် ကြိုတင်စီစဉ်တတ်ကြပါတယ်။ အရေးကြီးဆုံးအလုပ်ကနေစပြီး မှတ်စုရေးထားတတ်ကြပါတယ်။ အဲဒါက နောက်နေ့မှာလည်း ကတိုက်ကရိုက်မဖြစ်စေတော့ပါဘူး။
အထက်ပါအချက်လေးတွေက ညအိပ်ချိန်မတိုင်မီ အောင်မြင်သူတွေလုပ်လေ့ရှိပါတယ်တဲ့။ အတုယူသင့်တဲ့အကျင့်လေးတွေမို့ အကျိုးရှိဖို့ ဖော်ပြပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။