နှစ်သစ်မှာ ပိုပြီးပျော်ရွှင်စိတ်ချမ်းသာစေဖို့ သတ်မှတ်သင့်သော စည်းကမ်းများ

သိပ်မကြာခင်မှာ နှစ်သစ်ကို ကူးပြောင်းတော့မှာဖြစ်ပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးသွားတိုင်း ဘာတွေတွေးဖြစ်သလဲ။ ဘာတွေလုပ်ဖို့အစီအစဉ်ချမှတ်ထားသလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖြစ်သလား။ နှစ်တစ်နှစ်ကုန်ဆုံးသွားလေ အသက်တစ်နှစ်ပိုကြီးသွားလေဖြစ်ပြီး ကိုယ့်အတွက်အသိတရားတွေလည်း ပိုတိုးလာဖို့လိုပါတယ်။ အသိတရားတွေတိုးလာသလို၊ ကိုယ့်ဘဝအတွက် ဘဝနေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲသင့်တာပြောင်းလဲလို့ တိုးတက်မှုရှိလာအောင်ကြိုးစားသင့်ပါတယ်။ အသက်တစ်နှစ်ကြီးလာတယ်ဆိုတာက ကိုယ့်ဘဝအတွက် အချိန်တွေ တဖြေးဖြေးကုန်ဆုံးဖို့နီးကပ်လာပြီး သတိပေးနေတာဖြစ်သလို ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို ပြန်တွေးကြည့်လိုက်ရင် အကျိုးရှိစွာအသုံးချခဲ့ရဲ့လား။ အလဟဿဖြုန်းတီးပစ်ခဲ့မိသလား။ အချိန်ကုန်ရကျိုးနပ်ဖို့ ဘာတွေလုပ်သင့်သလဲဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်ပါတယ်။ ဘဝရဲ့အချိန်တွေကုန်ဆုံးဖို့နီးကပ်လာပြီလို့ သင့်ကို New year တိုင်းက သတိပေးနေတာဖြစ်ပါတယ်။ နောက်တစ်နှစ်အတွက် ကိုယ့်ကိုယ်ကိုယ့်စည်းကမ်းတွေသတ်မှတ်ကြမယ်ဆိုရင် အောက်ကစည်းမျဉ်းတွေကိုဖတ်ကြည့်လိုက်ပါအုံး။


၁) ငွေထက် အချိန်ကို ပိုတန်ဖိုးထားမယ်။
၂) ဘေးမှာအတူရှိပေးဖော်ရတဲ့သူတွေကို ကျေးဇူးတင်မယ်၊
၃) တစ်ယောက်တည်းလျှောက်လှမ်းရတဲ့ဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ်ပိုချစ်မယ်။
၄) စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖို့ကို ပိုပြီး ရှေ့ရှုမယ်။
၅) များများမျှဝေနိုင်ဖို့ကြိုးစားပြီး နည်းနည်းပဲမျှော်လင့်ကြမယ်။
၆) မတွဲချင်လို့ လွှတ်ချခဲ့တဲ့လက်တွေကိုလည်း လွတ်လပ်ခွင့်ပေးခဲ့လို့ ကျေးဇူးတင်မယ်။
၇) ကိုယ်ရှိပြီးသားတွေကို ပိုတန်ဖိုးထားမယ်။
၈) အရှိကို အရှိအတိုင်းလက်ခံပြီး မဖြစ်နိုင်တာတွေကို မလိုချင်ဘူး။
၉) ကိုယ့်ဘဝရဲ့ရည်မှန်းချက်ကို ပုံဖော်နိုင်ဖို့ အရင်ထက်နှစ်ဆပိုကြိုးစားမယ်။
၁၀) ကိုယ့်စေတနာနားမလည်သူတွေအတွက် အချိန်ကုန်မခံဘူး။
၁၁) ပိုပြီးအမှားနည်းလာအောင် ကြိုးစားမယ်။
၁၂) ကိုယ့်ဘဝအတွက်ကောင်းကျိုးဖြစ်စေမယ့်အရာတွေပိုလုပ်မယ်။
၁၃) ကိုယ့်ကြောင့်အခြားသူတွေမထိခိုက်အောင်နေထိုင်မယ်။
၁၄) ကိုယ့်ဘဝအတွက်အဆိပ်အတောက်လိုလူတွေကို အချိန်မပေးဘူး။
ကိုယ့်ဘဝအတွက် အချိန်တွေတိုလာလေလေ ကိုယ့်ဘဝမှာ ငွေကတော့လိုအပ်သင့်သလောက်လိုအပ်ပေမယ့်လည်း ငွေထက် ပိုပြီးအဖိုးတန်တဲ့အရာတွေကို ရှာဖွေတတ်ဖို့ လိုအပ်လာပါတယ်။ အဲဒါမှ ဘဝရဲ့နေဝင်ချိန်မှာ နောင်တကင်းပြီး သာယာအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။ စာဖတ်သူတွေကော နှစ်သစ်မှာ ဘယ်လိုမျိုး ကိုယ့်ကိုယ်ကိုယ့်စည်းကမ်းသတ်မှတ်ကြမလဲဆိုတာ မန့်ခဲ့ကြပါအုံးနော်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။