နံနံပင်ရဲ့အကျိုးကျေးဇူးများ

နံနံပင်က ဆေးဘက်ဝင်ပြီး စွပ်ပြုတ်တွေ၊ ဟင်းတွေ၊ အသုပ်တွေမှာ ထည့်စားတတ်ကြပါတယ်။ နံနံပင်ကိုမှ တရုတ်နံနံရယ်ဆိုပြီး ရှိပါသေးတယ်။ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး အနံ့အရသာရှိတဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အမြင်အာရုံကောင်းစေခြင်း
နံန့ပင်မှာ vitamin C ကြွယ်ဝစွာပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲက့ 13%
ပါဝင်ပါတယ်။ Vitamin C နဲ့ beta carotene. ကြောင့် သင့်ရဲ့သွေးကြောတွေပြေလျောစေပြီး သင့်မျက်လုံးအတွက် အကျိုးပြုစေပါတယ်။ beta carotene က သင့်ခန္ဓာကိုယ်အတွက် Vitamin A ကဲ့သို့ အစွမ်းထက်စေပြီး မျက်လုံးအမြင်အာရုံကောင်းစေဖို့ အထောက်အကူပြုပါတယ်။

၂) ခန္ဓာကိုယ်တွင်းအဆိပ်ကင်းစေခြင်း
arsenic, cadmium, lead နဲ့ mercury ကဲ့သို့ အရာတွေက သင့်ခန္ဓာကိုယ်တွင်း ထိခိုက်ပျက်စီးစေပြီး ကင်ဆာကဲ့သို့ ရောဂါမျိုးတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ နံနံပင်စားပေးခြင်းက ထိုကဲ့သို့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစေပါတယ်။ တရုတ်နံနံပင်ကဲ့သို့ နံနံပင်ကို စားပေးခြင်းအားဖြင့် mercury ကဲ့သို့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃) နှလုံးကျန်းမာစေခြင်း
နှလုံးရောဂါဆိုတာ ကမ္ဘာပေါ်မှာ နံပါတ်တစ်အဆိုးဝါးဆုံးရောဂါထဲမှာ ပါဝင်ပါတယ်။ နံနံပင်ကို စားပေးခြင်းအားဖြင့် နှလုံးကျန်းမာစေတဲ့အစွမ်းရှိတယ်လို့ဖော်ပြကြပါတယ်။ cholesterol နဲ့ triglyceride တွေကို လျော့ကျစေပြီး အဆိပ်အတောက်ကို ကင်းစေတဲ့အတွက် နှလုံးပျက်စီးမှုကို ကာကွယ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၄) အမျိုးသမီးများ ရာသီသွေးမှန်စေခြင်း
အမျိုးသမီးများ ရာသီသွေးမမှန်ခြင်းကိုလည်း သက်သာစေပြီး ဟော်မုန်းတွေကို မျှတစေတယ်လို့ဆိုကြပါတယ်။

၅) ဦးနှောက်နဲ့အာရုံကြောကောင်းမွန်စေခြင်း
Alzheimer ၊ Parkinson ရောဂါကဲ့သို့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်စေနိုင်ပါတယ်။ နံနံပင်စားပေးခြင်းဖြင့်နာတာရှည် အာရုံရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

၆) အစာအဆိပ်သင့်ခြင်းကို ကုသနိုင်ခြင်း
အစာအဆိပ်သင့်ခြင်းကို ကုသရာတွင် အထောက်အကူပြုပါတယ်။ မမြင်ရတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။
https://www.healingplantfoods.com/coriander-leaves-benefit…/ လင့်မှဘာသာပြန်

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။