နိုင်ငံတကာမှအားကျစရာကောင်းသောထင်ရှားသည့် Blogger ၁၀ ယောက်အကြောင်း

နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့ Blogger တွေများစွာရှိပါတယ်။ ခရီးသွား၊ အစားအသောက်၊ စီးပွားရေး၊ စိတ်ဓာတ်တက်ကျဖွယ်၊ ဗဟုသုတရဖွယ် စသည်ဖြင့် နယ်ပယ်အသီးသီးမှာ ထူးချွန်စွာ စာရေးသားနေကြသူတွေပါ။ ဒီအထဲကမှ လေးစားအားကျစရာကောင်းတဲ့ ထင်ရှားတဲ့ Blogger (၁၀) ယောက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ၁။ Gary Vaynerchuk (GaryVaynerchuk.com) နယူးယောက်ခ်မြို့က Blogger တစ်ဦးဖြစ်တဲ့ Gary Vaynerchuk ဟာ ဝိုင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို တင်ဆက်တဲ့ ဗီဒီယိုဘလော့ဂ်တစ်ခုဖြစ်တဲ့ Wine Library TV မှာအစီအစဉ်တင်ဆက်သူအဖြစ်နဲ့ အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းဗီဒီယိုဘလော့ဂ်ကနေတဆင့် သူ့ရဲ့ကိုယ်ပိုင် ဝိုင်လုပ်ငန်းကို ၁ နှစ်ကို ဒေါ်လာ ၃ သန်းတန်ဖိုးကနေ ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဝိုင်လက်ကားရောင်းချတဲ့ လုပ်ငန်းကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ဒေါ်လာသန်းကြွယ်တန်ဖိုးရှိ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး စာရေးဆရာလဲ ၂ ကြိမ်တိုင်တိုင် ရွေးချယ်ခံထားရသူပါ။ ကမ္ဘာ့အကြီးမားဆုံးအမှတ်တံဆိပ်တွေနဲ့ လက်တွဲလုပ်ကိုင်လ ျှက်ရှိတဲ့ Vayner Media အမည်ရ အွန်လိုင်းမားကတ်တင်းအေဂျင်စီကို ပူးတွဲထူထောင်သူလဲဖြစ်ပါတယ်။ Gary Vaynerchuk ဟာဆိုရင် ကမ္ဘာ့နာမည်ကျော် The Wall Street Journal, GQ, Time Magazine စတဲ့မဂ္ဂဇင်းဂ ျာနယ်တွေမှာ ထည့်သွင်းဖော်ပြခြင်းခံထားရပြီး Late Night Show with Conan O’Brien နဲ့ The Ellen Degeneres Show လိုနာမည်ကျော် ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ဖူးသူ နာမည်ကေ ျာ် Blogger တစ်ယောက်ပဲဖြစ်ပါတယ်။ ၂။ Rand Fishkin (SEOmoz.org) ကော်လိပ်ကေ ျာင်းမပြီးခင် ကေ ျာင်းမှထွက်ခဲ့တဲ့ Rand Fiskin ကမိသားစုပိုင် ဝက်ဘက်ဆိုဒ်တည်ဆောက်ပေးတဲ့ ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ပေးနေရင်းကနေ ၂၀၁၄ မှာ SEO (Search Engine Optimization) အကြောင်းကို ဘလော့ဂ်စတင်ရေးသားခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲ SEO နဲ့ပတ်သတ်ပြီး အကြံပေးဝန်ဆောင်မှုတွေကိုလဲ လုပ်ဆောင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ SEOmoz ဘလော့ဂ်ဟာ အကြံပေးဝန်ဆောင်မှုလုပ်ငန်းကနေ ထွက်ခွာလိုက်ပြီးတော့ SEO ဆော့ဖ်ဝဲဖန်တီးမှုကို အာရုံစိုက်လုပ်ဆောင်လာခဲ့ပါတယ်။ အွန်လိုင်းရှာဖွေမှုတွေမှာ ပညာရေးဆိုင်ရာ သင်ထောက်ကူအရင်းအမြစ်တွေ ပိုမိုပြည့်စုံလာအောင်လဲ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ Rand Fishkin ပိုင်ကုမ္ပဏီဟာ တစ်လချင်းစီကို ဒေါ်လာသန်းချီဝင်ငွေရှိနေတဲ့ အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုပါ။ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၁၈ သန်းအထိတန်ကြေးမြင့်တက်ခဲ့ပါတယ်။ ရရှိထားတဲ့အမြတ်ငွေကို အခြားကုမ္ပဏီတွေကို ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်။ လက်ရှိမှာ Rand Fishkin ဟာသူ့ရဲ့ကုမ္ပဏီကို အောင်မြင်စွာ လည်ပတ်လျက်ရှိပြီးတော့ သူ့ရဲ့ဘလော့ဂ်မှာလဲ ပို့စ်တွေဆက်လက်တင်ပေးလျက်ရှိပါတယ်။ ၃။ Pat Flynn (SmartPassiveIncome.com) Pat Flynn ဟာကမ္ဘာပေါ်မှာ လေးစားအားကျဖို့ အကောင်ဆုံး Blogger တစ်ဦးဖြစ်ပါတယ်။ အလုပ်ကထွက်လိုက်ရပြီးနောက်၊ ဘလော့ဂ်စတင်ရေးသားပြီး နှစ်အနည်းငယ်အကြာမှာတင် သူရဲ့မိသားစုကို ထောက်ပံ့ပေးဖို့ တာဝန်ကိုယူခဲ့ရပါတယ်။ သူတည်ဆောက်ခဲ့တဲ့ ဝက်ဘက်ဆိုဒ်တွေနဲ့ အွန်လိုင်းငွေရှာ လုပ်ငန်းတွေရဲ့ တိုးတက်မှုကို မှတ်သားထားဖို့အတွက် SmartPassiveIncome.com ဆိုတဲ့ ဝက်ဘက်ဆိုဒ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူ့ရဲ့ပွင့်လင်းမြင်သာရှိမှုနဲ့ ရိုးသားမှုတို့ကြောင့် စာဖတ်သူအရေအတွက်တွေ ခိုင်ခိုင်မာမာကို ရရှိခဲ့ပါတယ်။ ယနေ့အချိန်ထိ Pat Flynn ကသူ့ရဲ့လစဉ်ရရှိငွေတွေကို စာဖတ်သူတွေကို မ ျှဝေပေးနေဆဲပဲဖြစ်ပါတယ်။ ဒါတွေက စာဖတ်သူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ လက်ရှိအချိန်မှာတော့ စက်ရုံအလုပ်ရုံ ဆွေးနွေးပွဲတွေကို ပုံမှန်တက်ရောက်ရင်း သူ့ရဲ့ စာဖတ်ပရိတ်သတ်တွေနဲ့လဲ အဆက်အသွယ်မပြတ်စေပဲ မိသားစုကိုလဲ အချိန်ပေးကာ နေထိုင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၆ လမှာ Pat Flynn ရဲ့ပျမ်းမ ျှဝင်ငွေဟာ တစ်လကို ဒေါ်လာ ၅ သောင်းဝန်းက ျင်ရှိပါတယ်။ ၄။ Brian Clark (Copyblogger.com) Brian Clark က Copyblogger ဝက်ဘက်ဆိုဒ်ကိုတည်ထောင်သူဖြစ်ပါတယ်။ စွန်းဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုကောင်းမွန်တဲ့ copywriter, content marketer တွေဖြစ်ဖို့ သင်ယူနိုင်မယ့်နေရာတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်မှာ ဘလော့ဂ်ကို စတင်ခဲ့ပါတယ်။ အမိုက်စား အကြောင်းအရာတွေတင်ဆက်ပေးနိုင်တာကြောင့် အောင်မြင်လာခဲ့တဲ့ Copyblogger ဟာဆိုရင်ယနေ့ဆိုရင် ပုံမှန်ဝင်ရောက်ကြည့်ရှုသူပေါင်း ၁ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ Copyblogger Media ကိုလဲတည်ထောင်ထားပြီး Scribe, Synthesis, Premise, StudioPress စတဲ့ ဆော့ဖ်ဝဲကုမ္ပဏီခွဲများစွာကိုလဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Brain Clark ရဲ့အောင်မြင်မှုနောက်ကွယ်က အကြောင်းတရားကတော့ သူ့ရဲ့စာတွေကို ပုံမှန်စောင့်ဖတ်လေ့ရှိပြီး သူ့ရဲ့ကုမ္ပဏီက တည်ဆောက်လိုက်တဲ့ မားကတ်တင်းဆော့ဖ်ဝဲတွေကို ဝယ်ယူအားပေးတဲ့ သစ္စာရှိစာဖတ်သူတွေပဲဖြစ်ပါတယ်။ Brain Clark ဟာသူ့ရဲ့ Copyblogger ဝက်ဘ်ဆိုဒ်ကို သေချာစီမံလုပ်ဆောင်လျက် ရှိပါတယ်။ ၅။ Andrew Sullivan (thedishdaily.com) Andrew Sullivan ကသူ့ရဲ့ဘလော့ဂ် The Daily Dish ကို ၂၀၀၀ ခုနှစ်အကုန်မှာ စတင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် နှစ်လယ်ရောက်တဲ့အချိန်မှာတော့ လစဉ်ပုံမှန်ဝင်ရောက်ကြည့်ရှုသူ ၃ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီနှစ်မှတော့ Andrew Sullivan ကသူ့ရဲ့ ဘလော့ဂ်မှာ အချိန်ပြည့်အလုပ်လုပ်နိုင်ဖို့အတွက် TIME, The Atlanic, The Daily Beast စတဲ့ဆိုဒ်တွေမှာ ဘလော့ဂ်တွေရေးနေတာကို ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာဆိုရင် စာဖတ်သူတွေကို တစ်လကို ဒေါ်လာ ၂၀ ကျပ်နှုန်းကောက်ခံနေတာကနေ ဒေါ်လာသန်း ၃ သိန်း ၃ သောင်းကျော်အထိ ဝင်ငွေပြန်လည်ရရှိထားပြီးဖြစ်ပါတယ်။ ၆။ Harvey Levin (TMZ.com) Harvey Levin ဟာ အမေရိကန်ရှေ့နေ၊ တရားဥပဒေရေးရာ ဆန်းစစ်အကဲဖြတ်သူ၊ ဘလော့ဂ်ဂါနဲ့ ဆယ်လီဘရစ်တီ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုဒ် TMZ ဟာဆိုရင် အောင်မြင်ကျော်ကြားသူတွေရဲ့ သတင်းနဲ့ ကောလဟာလတွေကို ဖော်ပြပေးလျက်ရှိတာကြောင့် နာမည်ကျော်ကြားပါတယ်။ ကိုယ်ပိုင် ရုပ်သံအစီအစဉ်လဲရိုက်ကူးထုတ်လွှင့်လျက်ရှိပြီး CNN, FOX နဲ့အခြား မီဒီယာတွေမှာ အောင်မြင်ကျော်ကြားသူတွေရဲ့ သတင်းကိစ္စတွေနဲ့ပတ်သတ်ပြီး ဧည့်သည်အဖြစ် မကြာခဏပါဝင်လျက်ရှိပါတယ်။ Harvey Levin ဟာသူ့ဘလော့ဂ်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို အောင်မြင်စွာတည်ဆောက်ထားပါတယ်။ ၇။ Michael Arrington (TechCrunch.com) Michael Arrington ကအရင်က ကယ်လီဖိုးနီးယားပြည်နယ်မှာ နည်းပညာပိုင်းဆိုင်ရာ ရောင်းဝယ်မှုတွေကို ကြားကကိုယ်စားလှယ်လုပ်ပေးသူ ရှေ့နေတစ်ယောက်ပါ။ Startup လုပ်ငန်းအပေါ်သူ့ရဲ့ စိတ်ပါဝင်စားမှုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ TechCrunch.comလို့အမည်ရတဲ့ နည်းပညာဘလော့ဂ်တစ်ခုကို စတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့ဂ်မှာ ကမ္ဘာတစ်ဝန်းက ရှေ့လျှောက်အောင်မြင်လာနိုင်ခြေရှိတဲ့ အကောင်းဆုံး နည်းပညာကုမ္ပဏီတွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေကို သူ့ရဲ့ထင်မြင်ချက်နဲ့ ယှဉ်ပြီးတော့ ဖော်ပြထားပါတယ်။ နည်းပညာပိုင်းဆိုင်ရာနယ်ပယ်မှာ လူဖတ်အများဆုံး ဘလော့ဂ်တစ်ခုဖြစ်လာပြီးနောက်မှာ TechCrunch.com ကို AOL က ဒေါ်လာသန်း ၃၀ နဲ့ဝယ်ယူခဲ့ပါတယ်။ Michael Arrington ကဒီငွေကိုအသုံးပြုပြီး ရင်းနှီးမြုပ်နှံသူအနေနဲ့ သူ့ရဲ့ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း CruchFund ကိုတည်ထောင်ခဲ့တယ်၊ နည်းပညာကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ယနေ့အခါမှာဆိုရင် Michael Arrington ဟာနည်းပညာနယ်ပယ်မှာ အရေးပါသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၈။ Tim Ferriss (Fourhourworkweek.com/blog) Tim Ferriss ကသူ့ရဲ့ ဘလော့ဂ်ပို့စ်တွေကနေ ခိုင်မာတဲ့အွန်လိုင်း စာဖတ်ပရိတ်သတ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ 4 Hour Work စာအုပ်ဟာဆိုရင် ရောင်းအားအကောင်းဆုံး စာအုပ် အချိန်တိုအတွင်းမှာ ဖြစ်လာခဲ့ပါတယ်။ အခြားရောင်းအားအကောင်းဆုံး မှတ်တမ်းဝင်ခဲ့တဲ့ စာအုပ် ၂ အုပ်ကိုလဲ ထပ်မံထုတ်လုပ်ထားခဲ့ပါတယ်။ Tim Ferriss က ကမ္ဘာတစ်ဝှမ်းမှာ စာရေးုခြင်းနဲ့ပတ်သက်ပြီး သင်ကြားပို့ချမှုတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကမ္ဘာရဲ့ဘယ်နေရာကမဆို လက်ပ်တော့ပ်ရှိရုံနဲ့ အလုပ်လုပ်နိုင်တယ်ဆိုတဲ့ အင်တာနက်လူမှုနေထိုင်ပုံစံကို ရေပန်းစားအောင်စတင်ခဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားသူပါ။ ၉။ Timothy Sykes (TimothySykes.com) Timothy Skykes ကသူ့မှာရှိတဲ့ Bar-Mitzvah ငွေဒေါ်လာ ၁ သောင်း ၂ ထောင်ကနေ ဒေါ်လာ ၁ သန်းကျော်ရရှိအောင် ပြုလုပ်ခဲ့တာကို မှတ်တမ်းတင်တဲ့သဘောမျိုးနဲ့ ဘလော့ဂ်ရေးတာကို စတင်ခဲ့တာဖြစ်ပါတယ်။ Penny စတော့ခ် ရောင်းဝယ်ဖလှယ်ရာမှာ အောင်မြင်စွာလုပ်ဆောင်နိုင်မှုတွေကြောင့် အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ထောင်ပေါင်း ရာချီတဲ့ ဝင်ရောက်ကြည့်ရှုသူတွေကြောင့် Profit.ly လိုမျိုး အင်တာနက်မှာကုန်စည်ရောင်းဝယ်ဖလှယ်သူတွေကို နည်းစနစ်တွေသင်ကြားပေးတဲ့ ကုမ္ပဏီတွေတိုးချဲ့နိုင်ခဲ့ပါတယ်။ Timothy Sykes ကို ABC, CNN, FOX နဲ့ CNBC တို့လို မီဒီယာတွေမှာ စတော့ခ်ဈေးကွက်နဲ့ ပတ်သတ်ပြီးမကြာခဏဆိုသလို ပါဝင်လေ့ရှိတာကို တွေ့မြင်နိုင်ပါတယ်။ ၁၀။ Darren Rowse (Problogger.com) Darren Rowse ကဘလော့ဂ်ရေးတာကို ဝါသနာတစ်ခုအနေနဲ့ စတင်ခဲ့တာပါ။ ဓာတ်ပုံပညာရပ်ဆိုင်ရာအကြောင်းတွေ၊ Oympics ပွဲတော်အကြောင်းတွေကို တင်ရင်းနဲ့ အခြား Blogger တွေကိုကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး Problogger ကိုစတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ အချိန်ပြည့်ဘလော့ဂ်ရေးသူအဖြစ် လုပ်ကိုင်နေပြီး ကြော်ငြာလုပ်ငန်းတွေ၊ ဆက်စပ်အစီအစဉ်တွေနဲ့ e-book ရောင်းချမှုတွေကနေ ဝင်ငွေရရှိနေသူဖြစ်ပါတယ်။ Forbes ရဲ့ ၂၀၁၇ ခုနှစ် အင်တာနက်ဆယ်လီဘရစ်တီစာရင်းမှာလဲ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။ Darren Rowse ဟာလက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့မှာ သူ့ရဲ့မိသားစုနဲ့အတူ နေထိုင်နေပြီးတော့ ဘလော့ဂ်ရေးတာကို အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေပါတယ်။ ? ( BaWa101 ) Translation from Original Source : “Top 10 most inspirational bloggers in the world,” lifehack.org ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။