မိုးရာသီမှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ နည်းလမ်း ၁၀ချက်

မိုးရာသီမှာ မိုးရေတွေနဲ့ အသားအရေက စိုစွတ်နေပြီး ဘက်တီရီးယားတွေလည်း ပေါက်ဖွားလွယ်စေပါတယ်။ ဆံသားတွေအတွက်လည်း မိုးမကြာခဏစိုထိုင်းတဲ့အတွက် ပိုပြီးကြမ်းတမ်းလာသလိုမျိုး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် မိုးရာသီမှာ အသားအရေထိန်းသိမ်းသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) Sunscreen သုံးပါ။
မိုးအုံ့တာပဲဖြစ်ဖြစ်၊ မိုးရွာတာပဲဖြစ်ဖြစ် သင့်အရေပြားပျက်စီးခြင်းကို မတားဆီးနိုင်ပါဘူး။ အဲဒါကြောင့် SPF ပါတဲ့ sunscreen ကိုသုံးဖို့လိုပါတယ်။
၂) သင့်အရေပြားကို သန့်စင်ပါစေ။
တစ်နေ့တာလုံး လှုပ်ရှားသွားလာထားတဲ့အခါ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေ သင့်အရေပြားမှာကပ်ညှိနေမှာပါ။ သင့်မျက်နှာမှာလည်း မိတ်ကပ်နဲ့ချွေးတွေကြောင့် ချွေးပေါက်တွေကို ပိတ်ဆို့စေမှာပါ။ အဲဒါကြောင့် အိပ်ရာမဝင်မီမှာ မိတ်ကပ်ကို ဖျက်ဖြစ်အောင်ဖျက်ပြီး သင့်အရေပြားကိုလည်း သန့်ရှင်းဖို့ သတိထားသင့်ပါတယ်။
၃) ချေးချွတ်ပါ။
သင့်အရေပြားကိုဆဲလ်သေတွေဖယ်ရှားနိုင်ဖို့ တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ခန့်တော့ ချေးချွတ်သင့်ပါတယ်။ အဲဒါမှ ချွေးပေါက်တွေပွင့်ပြီး သင့်အရေပြားမှာ အစိုဓာတ်ရှိနေဖို့ လွယ်ကူစေမှာပါ။
၄) အစိုဓာတ်ထိန်း ခရမ်လိမ်းပါ။
မိုးတွင်းမှာ မိုးစိုထိုင်းမှုက သင့်အရေပြားကို ပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။ အရေပြားကို အာဟာရပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အစိုဓာတ်ထိန်းခရမ်လိမ်းသင့်ပါတယ်။ အဆီပြန်တဲ့သူတွေအတွက်တော့ ရေဓာတ်အခြေခံတဲ့ ခရမ်မျိုးလိမ်းပေးသင့်ပါတယ်။
၅) ရေများများသောက်ပါ။
ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့်သောက်သုံးသင့်ပါတယ်။ သင့်အရေပြားမှာ ရေဓာတ်မပြည့်ဝတဲ့အခါ ဖြူဖျော့နေပြီး သွေးမရှိလိုဖြစ်နေပါလိမ့်မယ်။
၆) သင့်တော်တဲ့အစားအစာကိုစားပါ။
monounsaturated fat နဲ့ polyunsaturated fat ပါဝင်တဲ့ အစားအစာမျိုးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ထိုကဲ့သို့ healthy fat တွေပါဝင်တဲ့အစားအစာတွေက သင့်ရဲ့ပျက်စီးနေတဲ့အရေပြားကို ပြုပြင်ပေးနိုင်ပြီး သင့်အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဥပမာ။ ထောပတ်သီး၊ ဗံဒါစေ့၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆောလမွန်ငါး၊ ဆာဒင်း နဲ့ ထရောက်ငါး။
၇) ခြေဖဝါးတွေကို ပိတ်လှောင်ထားသလိုဖြစ်စေတဲ့ဖိနပ်မျိုးမစီးသင့်ပါ။
သင့်ခြေဖဝါးကို ပိတ်လှောင်ထားသလိုဖြစ်စေတဲ့ဖိနပ်မျိုးကို စီးခြင်းက သင့်ခြေဖဝါးကို ချွေးထွက်စေပါတယ်။ မိုးစိုတာက တစ်မျိုး၊ ချွေးထွက်ပြီး ခြေဖဝါးလှောင်ပိတ်နေတာတစ်မျိုးကြောင့် သင့်ခြေထောက်မျာ မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။ ရေမစိုစေမယ့်ဖိနပ်မျိုးနဲ့ ခြေထောက်ကို လှောင်ပိတ်ထားတဲ့ဖိနပ်မျိုးထက် ပေါ့ပေါ့ပါးပါးရှိတဲ့ဖိနပ်မျိုး နဲ့ ကြိုးသိုင်းဖိနပ်မျိုးစီးသင့်ပါတယ်။
၈) သင့်လက်တွေမဆေးကြောပဲ သင့်မျက်နှာကို မထိကိုင်သင့်ပါဘူး။
မိုးတွင်းမှာ အမြဲလို စိုစွတ်နေတာကြောင့် ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ပေါက်ဖွားလွယ်ပါတယ်။ အဲဒါကြောင့် လက်ကို မဆေးကြောဘဲ သင့်ရဲ့မျက်နှာကို ကိုင်တွယ်တာမျိုး၊ ကုတ်ဖဲ့တာမျိုး မလုပ်သင့်ပါဘူး။
၉) သင့်အရေပြားကို သန့်ရှင်းပါစေ။
သင့်အရေပြားကို သန့်စင်စေဖို့ အရက်ပြန်မပါတဲ့ပစ္စည်းမျိုးကို သုံးသင့်ပါတယ်။ အရက်ပြန်မပါတဲ့ သန့်စင်ပစ္စည်းက သင့်အရေပြားရဲ့ pH balance ကိုမျှတစေပြီး သင့်အရေပြားကို
ပိုပြီး ကြည်လင်စေပါတယ်။
၁၀) ခေါင်းလျှော်ပေးပါ။
အခြားရာသီမျိုးမှာတော့ တစ်ပတ်မှာ ၂ကြိမ်ခန့်ခေါင်းလျှော်ပေမယ့် မိုးတွင်းမှာတော့ ပိုပြီး အကြိမ်ရေများများလျှော်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိုးစိုတဲ့အခါ ဆံသားများစိုစွတ်ပြီး ကြမ်းတမ်းလာနိုင်တာကြောင့် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးသုံးပြီး လျှော်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ မိုးစိုလာတဲ့အခါ ခေါင်းမလျှော်ဘဲထားမိခြင်းက သင့်ခေါင်းကို မိုးရေနဲ့ချွေးနဲ့ရောပြီး ချွေးပေါက်တွေပိတ်ဆို့စေပါတယ်။ ဘက်တီးရီးယားတွေလည်း ပေါက်ဖွားလာနိုင်ပါတယ်။
https://guardian.ng/life/wellness/10-important-skin-care-tips-for-this-rainy-season/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။