မနက်စောစောလန်းဆန်းစွာ အိပ်ရာထနိုင်စေမယ့်နည်းလမ်း

မနက်ခင်းမှာ လန်းဆန်းစွာနိုးထနိုင်ခြင်းဟာ အဲဒီ့နေ့တစ်နေ့တာလုံး ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက် အများကြီးအထောက်အကူပြုပါတယ်နော်။ မနက်ခင်းမှာ ခေါင်းမကြည်ဘဲနုိးထလာမယ်ဆိုရင် အဲဒီ့နေ့ကတော့ အဆင်မပြေခြင်းတွေတန်းစီနေတဲ့နေ့ပါပဲ။ အဲဒါကြောင့် မနက်ခင်းတိုင်း လန်းဆန်းစွာနိုးထလာနိုင်မယ့်နည်းလမ်းလေးတွေ လုပ်ကြည့်လိုက်ပါအုံး။


၁) ညစောစောအိပ်ပါ
ညဘက်ကို စောစောအိပ်ရာဝင်ခြင်းက မနက်ဘက်မှာလန်းဆန်းစွာနိုးထစေနိုင်ပါတယ်။ ညဘက်စောစောဆိုတာ ပုံမှန်အိပ်ရာဝင်သင့်တဲ့အချိန်ဝင်တာမျိုးပေါ့။ ဥပမာ ည ၁၁နာရီခန့်

၂) ညကတည်းက မနက်အတွက်ပြင်ဆင်သင့်တာပြင်ဆင်ထားပါ
ညဘက်ကတည်းကမနက်ကျရင် ဘယ်အလုပ်တွေတော့ အရင်လုပ်မယ်၊ ဘယ်အလုပ်တွေတော့နောက်မှလုပ်မယ်လို့တွေးထားစီစဥ်ထားတာပေါ့။ အဲဒါကနောက်နေ့မနက်မှာ ဘာတွေစလုပ်ရမယ်မှန်းမသိဘဲ အချိန်အလကားကုန်ခြင်း မဖြစ်စေတော့ပါဘူး။

၃) Alarm မြည်သံကြားသည်နှင့် အိပ်ရာမှထပါ
Alarm မြည်သံကြားတာကို ပိတ်ပြီးပြန်အိပ်တာက ပိုပြီးလေးလံထိုင်းမှိုင်းစေပါတယ်။ Alarm မြညသ်ံကြားတာနဲ့ ချက်ချင်း ဝုန်းဆို ထလိုက်တာမျိုးက ပြန်လဲပြီးအိပ်ချင်စိတ်ကိုပျောက်စေတာပေါ့။ ဒါမှမဟုတ်ရင်လည်း Alarm ကို အိမ်ရှေ့ခန်းမှာထားပြီး Alarm မြည်တဲ့အခါ ထပိတ်လိုက်ရင်း ပြန်မအိပ်နိုင်တော့့တာမျိုးပေါ့။

၄) ရေတစ်ခွက်သောက်ပါ
နိုးနိုးခြင်းရေတခွက်သောက်ပေးပါ။ စိတ်ထဲမှာလန်းသွားသလို ပြန်အိပ်ချင်စိတ်ပါပျောက်စေပါတယ်။
၅) ရေချိုးခန်းတန်း၀င်ပြီးရေချိုးလိုက်ပါ
နောက်တခုကတော့ ရေချိုးခန်းထဲတန်းဝင်ပြီးရေချိုးပစ်လိုက်ပါ။ အဲဒါလည်း အိပ်ချင်စိတ်ပျောက်ပြီး လန်းဆန်းသွားစေပါတယ်။ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု တခုခုလုပ်လိုက်ပါ။ အဲဒါလည်း အလားတူပါပဲ။

၆) မှန်ကြည့်ပြီးပြုံးဖြစ်အေင်ပြုံးပါ
မှန်ကြည့်ပြီး အပွင့်ဆုံးအလှဆုံးပြုံးကြည့်ပါ။ ဘာပဲဖြစ်ဖြစ် တခဏတော့ ပြုံးရယ်ချင်စိတ်ဖြစ်သွားစေလို့ သင့်စိတ်ကို ကြည်လင်စေမှာပါပဲ။ အိပ်ရာနိုးနိုးချင်း စိတ်အနှောင့်အယှက်ဖြစ်ရတာထက်စာရင် ပြုံးလိုက်ရယ်လိုက်ရတာက ပိုကောင်းပါတယ်။

၇) ကိုယ့်ခုထိကံကောင်းနေသေးတာတွေကို တွေးကြည့်ပြီးကျေးဇူးတင်ပါ
မှန်ကြည့်ရင်း “အော်....ငါ့အခုထိ ပြုံးနိုင်သေးပါလား၊ ရယ်နိုင်သေးပါလား။ အော်...ခုထိ ငါကျန်းမာနေတုန်းပါလား။ အော်....ငါခုထိ အလုပ်လုပ်နိုင်နေတုန်းပါလား။ အော်.....ငါခုထိ စားချင်တာ ဝယ်စားနိုင်တုန်းပါလား။ အော်.....ခုထိ ငါ့အိမ်မှာ စားစရာအပြည့်ရှိနေတုန်းပါလား” စသဖြင့် ကိုယ့်မှာရှိနေတာလေးတွေကို တေါးပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ကြည့်လိုက်ပါနော်။
အဲဒီ့အခါ ကိုယ့်တစ်နေ့လုံး သတိမထားမိဘဲ မေ့ထားတတ်တဲ့ ကိုယ့်ရဲ့ကံကောင်းချက်လေးတွေကို မြင်လာမိပါလိမ့်မယ်။
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းနိုင်ကြပါစေနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။