လေလည်ကောင်းစေသော အစားအစာ ၈မျိုး

ကျွန်တော်တို့လေပွသလိုခံစားရတဲ့အခါ နေရထိုင်ရမသက်မသာဖြစ်ကြရပါတယ်။ မတော်တဆလေလည်ချင်တဲ့အခါမှာတောင် သင့်ဘေးပတ်ဝန်းကျင်မှာ အခြားလူတွေကြောင့် အားနာရတာမျိုးဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် လေလည်ကောင်းစေတဲ့အစားအစာတွေကို သိထားတဲ့အခါ သင်ကိုယ်တိုင်လည်း မစားမိအောင် ရှောင်ရှားနိုင်ပါတယ်။


၁) ဂေါ်ဖီအနွယ်ဝင် ဟင်းသီးဟင်းရွက်များ
ဂေါ်ဖီအနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက သင့်ကို ဂတ်စ်တွေထုတ်လွှတ်နိုင်စေပါတယ်။ ကညွှတ်၊ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်အသေး၊ ဂေါ်ဖီထုပ်စတာတွေပါဝင်ပါတယ်။ တခါတရံမှာတော့ ပဲစေ့တွေကလည်း လေပွစေတတ်ပါတယ်။

၂) Sorbitol များတဲ့အသီးအနှံများ
Sorbitol ဆိုတာက အသီးအနှံတွေမှာ ပါဝင်တတ်တဲ့ သကြားအမျိုးအစားပုံစံဖြစ်ပြီး ဆီးသီး၊ ပန်းသီး၊ သစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ ပါဝင်ပါတယ်။

၃) အုတ်ဂျုံမှုန့်
အုတ်ဂျုံမှုန့်က သင့်ရဲ့အစားအစာတွေထဲမှာ ပါဝင်သင့်တဲ့အစားအစာတစ်မျိုးပါပဲ၊ ဒါပေမယ့် အတော်များများကတော့ စားပြီးတဲ့နောက်လေပွခြင်းဖြစ်စေပါတယ်။

၄) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ soluble fiberဆိုတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ ဒါပေမယ့် လေပွခြင်းကိုတော့ မရှောင်ရှားနိုင်ပါဘူး။

၅) ဂတ်စ်ပါတဲ့အချိုရည်များ
ဂတ်စ်ပါတဲ့အချိုရည်တွေက သောက်ပြီးတဲ့နောက် လေပွတာမျိုးဖြစ်နိုင်ပါတယ်။ acid နဲ့ fructose တွေပေါင်းပြီး ထိုပြဿနာဖြစ်လာတာဖြစ်ပါတယ်။ ထိုပြဿနာကိုရှောင်ရှားချင်ရင်တော့ သဘာဝအသီးကိုဖျော်ရည်ကိုသာ သောက်သင့်ပါတယ်။

၆) Fructose ပါဝင်မှုများတဲ့အစားအစာများ
ထိုအစားအစာတွေကတော့ အချိုဓာတ်ပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ်။ သကြားလုံးတွေ၊ ပေါင်မုန့်တွေ၊ ကွေကာအုတ်တွေ၊ ကွတ်ကီးနဲ့ ကိတ်တွေဖြစ်ပါတယ်။

၇) အသားများ
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ သင့်ရဲ့အစာအိမ်ထဲမှာ ကြာရှည်စွာ လေပွစေပါတယ်။ အနီရောင်အသားတွေနဲ့ တချို့ပရိုတင်းပါဝင်တဲ့အစားအစာတွေကို သေချာကြေညက်အောင်ဝါးစားသင့်ပါတယ်။

၈) နို့ထွက်ပစ္စည်းများ
နို့မှာ ပါဝင်တဲ့ lactose က လေပွစေနိုင်ပါတယ်။ ရေခဲမုန့်တွေ၊ ခရမ်ပါဝင်မှုများတဲ့အစားအစာတွေ၊ နို့ပါဝင်တဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။
https://www.newhealthadvisor.com/foods-that-make-you-fart?fbclid=IwAR3DcLUTEWTWjjtFy5SBLYnkYpRkanYXwx7ioli1znNEHQoCXpnjFV8km8w လင့်မှဘာသာပြန်ထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။