သင့်ဖုန်းကို ခပ်ဝေးဝေးထားသင့်တဲ့အကြောင်းရင်း ၆ခု

မကြာသေးမီက လေ့လာတွေ့ရှိချက်အရ မိုဘိုင်းဖုန်းအသုံးပြုမှုက ကျောင်းသားဆီမှာ မြင့်တက်လာပါတယ်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့် ကျောင်းသားတွေမှာ အခက်အခဲတွေအများကြီးဖြစ်ပေါ်လာပါတယ်။ ဖုန်းအသုံးပြုမူများလာတဲ့ဆိုတာရဲ့နောက်မှာ လူတိုင်းက အခြားသူတွေနဲ့ အချိန်တိုင်းလိုလို ဆက်သွယ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ဆက်သွယ်နိုင်တိုင်း ကောင်းတဲ့အကျိုးတွေချည်းဖြစ်လာတာတော့မဟုတ်ပါဘူး။ မိုဘိုင်းဖုန်းကို အသုံးများလာတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ။ သင့်ဖုန်းကို သင်နဲ့ခပ်ဝေးဝေးမှာထားသင့်တဲ့အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁)အာရုံစူးစိုက်မှုအားနည်းလာနိုင်တဲ့အတွက် သင့်ဖုန်းကို ခပ်ဝေးဝေးမှာထားတဲ့အချိန်တစ်ခုသတ်မှတ်သင့်ပါတယ်။ ဖုန်းအသုံးများလာခြင်းကြောင့် အာရုံစူးစိုက်မှုအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကျောင်းသားတွေအိမ်စာလုပ်နေချိန်ဖြစ်ဖြစ်၊ ရုံးမှာအလုပ်လုပ်နေချိန်ဖြစ်ဖြစ် အမှားတွေကို ၂၀ရာခိုင်နှုန်းလောက်ထိ လုပ်မိစေပါတယ်။ လေ့လာချက်အရ ဖုန်းက သင့်ကို အလုပ်မပြီးအောင် အနှောင့်ယှက်နိုင်ဆုံးပါပဲလို့ သိရပါတယ်။

၂) မိုဘိုင်းဖုန်းကြောင့် FOMO ဆိုတဲ့ fear of mission out တုံ့ပြန်မှုတွေကို လွှဲချော်မလား စိုးရိမ်နေတဲ့စိတ်ရောဂါမျိုးဖြစ်လာနိုင်ပါတယ်။ ကားမောင်းနေရင်းနဲ့ သင်တင်ထားတဲ့ပိုစ့်တစ်ခုအောက်မှာ ကွန့်မန့်တွေကို အာရုံရောက်နေမိတာမျိုး။ စာလေ့လာနေချိန်မျိုးမှာ ကိုယ်တင်ထားတဲ့ပိုစ့်အောက်မှာ ကွန်မန့်တွေကို စာပြန်ဖို့ပဲ တွေးနေမိတာမျိုး၊ ဘယ်သူကဘာရေးသွားလဲမသိဘူး….ဆိုပြီး အချိန်ပြည့်တွေးနေတတ်တာမျိုးပါ။ အဲဒါမျိုးစွဲလမ်းတဲ့အထိဖြစ်လာပြီဆိုရင် သင့်ကို ရှုပ်ထွေးစေနိုင်ပါတယ်။ သင်လုပ်လက်စအလုပ်ကိုမေ့လျော့သွားတာမျိုးဖြစ်နိုင်ပါတယ်။ သင်လုပ်နေတဲ့အလုပ်ကို နှောင့်ယှက်နိုင်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုခြင်းကြောင့် သင့်မှတ်ဉာဏ်တွေရဲ့တုံ့ပြန်မှုကိုလည်း နှေးကွေးစေပါတယ်။

၃) မှတ်ဉာဏ်အားနည်းလာစေပါတယ်။ ဖုန်းထဲက မက်ဆေ့တွေနဲ့ notifications တွေက သင့်ရဲ့လုပ်ဆောင်နေကျ အလုပ်တွေကို နှောင့်ယှက်နိုင်ပါတယ်။ လုပ်ဆောင်နေကျအလုပ်တွေကိုလည်း မေ့လျော့လာတတ်ပါတယ်။ လုပ်နေတဲ့အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုမရှိတဲ့အတွက် ထိုအလုပ်ကိုလည်း နောက်တစ်ကြိမ်မှာ မေ့လျော့သွားတတ်ပါတယ်။ မိုဘိုင်းဖုန်းကထွက်တဲ့လှိုင်းတွေကြောင့် သင့်ရဲ့မှတ်ဉာဏ်ကိုမေ့လျော့စေတယ်လို့ အကြံပေးထားပါတယ်။

၄) အမှန်တရားကိုမမြင်နိုင်ခြင်းမျိုးဖြစ်လာနိုင်ပါတယ်။ ဖုန်းအသုံးများခြင်းရဲ့အဓိကအကြောင်းရင်းကတော့ လူမှုကွန်ရက်အသုံးများခြင်းကြောင့်ပါပဲ။ လူမှုကွန်ရက်ပေါ်မှာ မြင်နေရသလို လူတိုင်းက ပျော်ရွှင်မှုတွေနဲ့ချည်း ပြည့်နှက်နေတာမဟုတ်ပါဘူး။ သဘာဝအရ ကျွန်တော်တို့တွေက အခြားသူများနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်တတ်ကြပါတယ်။ အခြားသူတွေပျော်ရွှင်နေသလောက် ကိုယ်ကမပျော်ပါလား၊ အခြားသူတွေ ဝတ်စားနိုင်သလောက် ကိုယ်က မဝတ်မစားနိုင်ပါလား။ အခြားသူတွေလှသလောက် ကိုယ်ကမလှပါလား။ စသည်ဖြင့် နှိုင်းယှဉ်တဲ့အတွေးမျိုးတွေးလွန်းပြီး စိတ်ဓာတ်ကျလာနိုင်ပါတယ်။ အားငယ်လာနိုင်ပါတယ်။ ကျရှုံးမှုကိုလည်း ကြောက်ရွံ့လာနိုင်ပါတယ်။ ပိုပြီးတော့လည်း အာရုံစိုက်ခံချင်စိတ်များလာနိုင်ပြီး FOMO ဖြစ်ဖို့အလားအလာပိုများလာပါတယ်။

၅) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ မိုဘိုင်းဖုန်းကိုအသုံးများလာတဲ့အခါ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ဖုန်းအလွန်အကျွံ့သုံးခြင်းကြောင်း စိုးရိမ်ပူပန်မှုများစေတယ်၊ အထီးကျန်မှုကို ခံစားရစေပြီး ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုလျော့ကျစေနိုင်ပါတယ်။ ဖုန်းကိုစွဲလွမ်းနေခြင်းကြောင့် ဖုန်းမသုံးရတဲ့အခါ စိတ်မရှည်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ အခြားသူများကို ရန်လိုခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။

၆) အိပ်စက်ချိန်လွဲမှားလာနိုင်ပါတယ်။ နေ့တိုင်းလိုဖုန်းကိုအသုံးပြုပြီး မိနှစ်၂၀ကျော်တာနဲ့ အိပ်စက်နိုင်စွမ်းကို နည်းပါးလာစေနိုင်ပါတယ်။ အိပ်ချိန်လည်းနည်းပါးလာပါတယ်။ ဖုန်းကို အိပ်ခန်းထဲထည့်ထားပြီး အိပ်စက်တာမျိုးမလုပ်သင့်ပါဘူး။ သင့်ဖုန်းကထွက်တဲ့အလင်းရောင်က သင့်ရဲ့အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ဟော်မုန်းတွေ၊ melatonin ထုတ်လုပ်ခြင်းကို လျော့ကျစေပါတယ်။ အချိန်အတော်ကြာအောင် နိုးကြားနေုနိင်ပါတယ်။
ဒီအချက်တွေက သင့်ကို စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်လာစေပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ ုဖုန်းအသုံးပြုမှုကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အရမ်းစွဲလမ်းလွန်တဲ့အဆင့်ထိရောက်လာပြီဆိုရင်တော့ သင့်ကိုသင် မထိခိုက်ခင် ပြုပြင်သင့်တာပြုပြင်သင့်ပြီး ဖုန်းအသုံးပြုချိန်ကို လျော့ချသင့်ပါပြီနော်။ အဲဒါကြောင့် ဖုန်းကို ခပ်ဝေးဝေးမှာထားသင့်နေပါပြီလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။