လိမ်ညာနေကျလူတွေသုံးတတ်တဲ့စကားများ

အမြဲလိမ်ညာတတ်တဲ့သူတွေမှာ အခြားလူတွေယုံကြည်အောင် အမြဲလို သုံးနေကျလက်သုံးစကားတွေရှိပါတယ်။ အမြဲလို အကျင့်တခုလို လိမ်ညာနေတတ်တဲ့သူတွေကို သေချာလေ့လာကြည့်ရင် အခြားသူတွေယုံကြည်အောင် သုံးနေကျစကားမျိုးတွေကို သတိထားမိလာနိုင်ပါတယ်။ အဲဒီ့အခါမှာတော့ ထိုလိမ်ညာတတ်သူမျိုးကို သတိထားပြီး ဆက်ဆံလာနိုင်လို့ လွယ်လွယ်အလိမ်မမိနိုင်တော့ဘူးပေါ့။ လိမ်ညာခြင်းက ဆက်ဆံရေးတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ယုံကြည်မှုပျက်စီးနိုင်ပါတယ်။ မယုံကြည်သင့်တဲ့လူမျိုးကို ယုံကြည်မိတဲ့အခါမျိုးမှာလည်း ငွေကြေးအရ နစ်နာဆုံးရှုံးမှုတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် လိမ်ညာတတ်သူတွေအသုံးများတဲ့စကားများကိုဖော်ပြပေးလိုက်ပါတယ်။


၁) ရိုးသားတဲ့ဟန်လုပ်တတ်ပြီး အမှန်ပြောနေတာလို့ပြောတတ်ပါတယ်။
လိမ်ညာတဲ့သူတွေကို ကျွန်တော်တို့က အမှန်ပြောလိမ့်မယ်လို့ မျှော်လင့်နေနိုင်ပါတယ်။ ဒါပေမယ့်လိမ်ညာတတ်တဲ့သူကတော့ သူဘယ်လိုလိမ်လိုက်ရင် သင်ယုံကြည်နိုင်မလဲဆိုတာလောက်ပဲတွေးတာပါ။ အဲဒါကြောင့် “လုံးဝမလိမ်ဘူး…အမှန်အတိုင်းပြောနေတာပါ။ မင်းကိုယ်တိုင်ကိုက မယုံလို့ လိမ်တယ်လို့ထင်နေတာ” ဆိုတဲ့အဓိပါ္ပယ်သက်ရောက်တဲ့စကားမျိုးနဲ့ သင်ကသာ သူ့ကိုအမြဲတစေ မယုံသင်္ကာဖြစ်နေတာဆိုတဲ့စကားမျိုးပြောတတ်ပါတယ်။

၂) အသေးစိတ်ပြန်ပြောတတ်ပါတယ်။
လိမ်ညာတတ်သူတွေက သူတို့ရဲ့လိမ်ညာထားတဲ့အကြောင်းအရာကို ယုံကြည်အောင် အသေးစိတ်ကအစ ပြောပြတတ်ပါတယ်။ သူတို့ပြောပြတဲ့အကြောင်းအရာကို တကယ်ဖြစ်ပျက်တယ်လို့ထင်လာအောင် အသေးစိတ်ကအစ တခုချင်းသင့်ကိုပြန်ရှင်းပြပြီး သူတို့ရဲ့လိမ်ညာမှုကို ဖုံးကွယ်ဖို့ကြိုးစားတာမျိုးပါ။

၃) “ဘယ်တော့မှ မလိမ်ဘူး” လို့ပြောတတ်ပါတယ်။
လိမ်ညာသူတွေအမြဲလိုသုံးတဲ့စကားက “ဘယ်တော့မှမလိမ်ဘူး….ဘယ်တုန်းကလိမ်ဖူးလို့လဲ” ဆိုတဲ့စကားမျိုးပေါ့။ ထိုစကားမျိုးက သင်ယုံကြည်အောင်ပြောတယ်ဆိုတာ သိသာပါတယ်။ များသောအားဖြင့် ထိုကဲ့သို့ အပြုအမူမျိုးလုပ်ဖူးတဲ့သူကသာ ထပ်လုပ်တတ်တာဖြစ်ပြီး ထိုစကားမျိုးကိုပဲ အခြားသူတွေ ယုံကြည်အောင်သုံးတတ်ကြပါတယ်။

၄) သူတို့တွေ ဒါမှမဟုတ် သူ ဒါမှမဟုတ် ငါတို့ ဆိုတဲ့စကားမျိုးကို သုံးတတ်ပါတယ်။
ကိုယ်တိုင်လုပ်တယ်ဆိုတာထက် အခြားသူတွေကို ပြောချင်တဲ့စကားကြောင့် နာမ်စားကို အခြားသူများကိုထည့်သုံးတတ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့အပြစ်ကိုရှောင်လွှဲချင်တာကြောင့်ဖြစ်ပါတယ်။
စိတ်မချမ်းသာစရာစကားမျိုး၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့စိတ်ခံစားချက်ကိုဖော်ပြတဲ့ စကားလုံးများများသုံးပြီး အကြောင်းပြတတ်ပါတယ်။ “ဒါပေမယ့်” “မှတပါး” ဆိုတဲ့စကားလုံးတွေနဲ့ ဆင်ခြင်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်သုံးနှုန်းတဲ့ နာမ်စားနည်းပါတယ်။

၅) အဖြေကို တိုတိုရှင်းရှင်းပြန်ဖြေတတ်ပါတယ်။
US က အရွယ်ရောက်ပြီးသူတွေကို လေ့လာချက်အရ လူတစ်ထောင်မှာ ၄၀ရာခိုင်နှုန်းလောက်က လိမ်ညာတတ်သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လိမ်ညာသူတော်တော်များများက အခြားသူတွေကို ပြောတဲ့အခါမှာ ပြည့်စုံတဲ့အဖြေကိုပြန်ပေးတာထက် တိုတိုရှင်းရှင်းနဲ့အဖြေမျိုးကို ပြန်ဖြေတတ်တာများပါတယ်။ မေးခွန်းတွေကို ရှည်ရှည်ဝေးဝေပြန်ဖြေနေခြင်းက သူတို့ရဲ့အပြုအမူကိုအလွဲလွဲအချော်ချော်တွေဖြစ်စေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် လိမ်ညာသူတွေကို မေးခွန်းတွေမေးတဲ့အခါ သူတို့မှန်ကန်ကြောင်းပြဖို့အတွက် လိုရင်းတိုရှင်းအဖြေမျိုးကိုသာ မြန်မြန်ပေးတတ်ပါတယ်။
ဒီစကားတွေကတော့ လိမ်ညာသူတွေအသုံးများတတ်တဲ့စကားစုတွေဖြစ်ပြီး လိမ်ညာတတ်သူတွေမှာ စကားနဲ့မဟုတ်ဘဲ သိသာစေတဲ့ဟန်အမူအယာတွေလည်း ရှိတတ်ပါသေးတယ်။ သေချာလေ့လာကြည့်တဲ့အခါ သိသာနိုင်ပါတယ်။ .
https://www.powerofpositivity.com/phrases-chronic-li…/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။