လာဗင်ဒါပန်းနှင့် လာဗင်ဒါအဆီတို့၏ကျန်းမာရေးအကျိုးကျေးဇူးများ

လာဗင်ဒါပန်း သည် အပြာ ခရမ်း နှင့် မရမ်းစေ့ရောင်(အပြာနှင့်အနီရောင်စပ်ထားသော)ရှိ ရိုးတန်တစ်လျောက်ပန်းပွင့်ငယ်များ ပွင့်သော ဆေးဖက်ဝင်ပြီး အမျိုးမျိုးသောလူသုံးကုန်နဲ့ အလှကုန်များထုတ်လုပ်ရာတွင် ထင်ရှားကျော်ကြားသော ပန်းတစ်မျိုးဖြစ်ပါတယ်။ လာဗင်ဒါပန်းသည် June (ဇွန်လ) မှ August(အောဂတ်စ်ထ်)လအတွင်းပွင့်ဖူးလေ့ရှိပါတယ်။ ထူးခြားချက်ကတော့ ပန်းခင်းတစ်ခုနဲ့ တစ်ခု မိုင်၂၀အကွာနဲ့အထက်ဝေးကွာသွားပါက ပန်းပွင့်ချိန်ကွာခြားသွားကြောင်းကို အနောက်ကော်လိုရာဒိုပြည်နယ် လာဗင်ဒါပန်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ Kristin Nielsen က ပြောဖူးပါတယ်။ လာဗင်ဒါပန်း ကို အမွှေးဆီထုတ်ရန်အဓိကထားစိုက်ပျိုးကြသော်လည်း ပိုးသတ်ဆေး(အရက်ပျံကဲ့သို့), ဒါဏ်ကြေလိမ်းဆေးဆီ, သဘာဝခြင်ပြေးဆေး နဲ့ ရေချိုးဆပ်ပြာအမျိုး နဲ့ လူသုံးအလှကုန်များတွင် အမွှေနှံ့ထည့်ရန် အတွက်လည်း အသုံးများကြသည်။ လာဗင်ဒါရဲ့အကျိုးကျေးဇူးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အင်းဆက်ပိုးမွှားတွေကို သေစေပါတယ်။
လာဗင်ဒါရဲ့အနံ့က ပြင်းတဲ့အတွက် ခြင်၊ ယင်၊ ပိုးမွှားအင်းဆက်တွေကို သေစေနိုင်ပါတယ်။ လာဗင်ဒါအဆီက အယောင်ကျစေပြီး ပိုးမွှားအကိုက်ခံရတဲ့အခါ လိမ်းပေးနိုင်ပါတယ်။

၂) အိပ်မပျော်ခြင်းအတွက် ကူညီပေးနိုင်ပါတယ်။
အိပ်မပျော်တဲ့သူတွေအတွက် လာဗင်ဒါအနံ့က အိပ်ပျော်စေပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ လာဗင်ဒါအဆီကို ခေါင်းအုံးမှာ ဆွတ်ဖြန်းထားခြင်းဖြင့် အိပ်ပျော်ဖို့အကူအညီဖြစ်စေပါတယ်။

၃) အာရုံကြောကစနစ်အတွက် ကောင်းမွန်စေပါတယ်။
အာရုံကြောတွေကို ပြေလျော့စေပြီး စိုးရိမ်ပူပန်ခြင်းကိုလျော့ကျစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ မိုင်ဂရိန်းခေါင်းကိုက်ရောဂါနဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။

၄) အရေပြားကျန်းမာရေးအတွက်ကူညီပေးပါတယ်။
ဝက်ခြံထွက်ခြင်း၊ ဘက်တီးရီးယားတွေကြောင့် ကူးစက်ခြင်းတွေကို လာဗင်ဒါအဆီက လျော့ကျစေပါတယ်။ လာဗင်ဒါအဆီလိမ်းပေးခြင်းက အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။

၅) ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
လာဗင်ဒါက ဘက်တီးရီးယားတွေကိုသေစေတဲ့အစွမ်းရှိတာကြောင့် ခန္ဓာကိုယ်မှာ ဘက်တီးရီးယားရဲ့ကူးစက်မှုတွေကြောင့်ဖြစ်တတ်တဲ့ တီဘီရောဂါ၊ အူရောင်ငန်းဖျား၊ ဆုံ့ဆို့နာရောဂါတွေဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၆) သွေးလှည့်ပတ်မှုစနစ်အတွက် အထောက်အကူဖြစ်စေပါတယ်။
လေ့လာချက်အရ လာဗင်ဒါက သွေးလှည့်ပတ်မှုကို မြင့်တင်ပေးနိုင်တဲ့အတွက် သွေးတိုးခြင်းကို လျော့ကျစေပါတယ်။ သွေးစီးဆင်းမှုကောင်းမွန်စေခြင်းက ကြွက်သားတွေနဲ့ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပမာဏများလာစေပါတယ် ။ သွေးလှည့်ပတ်မှုကောင်းတဲ့အတွက် သင့်
အရေပြားလည်း ကြည့်ကောင်းစေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

၇) အစာခြေစနစ်ကောင်းမွန်စေပါတယ်။
လာဗင်ဒါအဆီကြောင့် အစာခြေနစ်ကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းမှာ အစာတွေရွေ့လျားမှုအဆင်ပြေစေပါတယ်။ လာဗင်ဒါအဆီက သင့်ရဲ့အူတွေကို လှုံ့ဆော်ပြီး အစာခြေရည်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အဲဒါကြောင့် အစာခြေနာခြင်း၊ ဂတ်တွေထုတ်လွှတ်ခြင်း၊ ပျို့အန်ခြင်း၊ အော်ဂလီဆန်ခြင်းတွေကို သက်သာစေပါတယ်။

၈) နာကျင်မှုတွေကို သက်သာစေပါတယ။်
ကြွက်သားတွေတင်းမာခြင်း၊ အဆစ်တွေနာခြင်း၊ ကျောနာခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါမှာ ဝမ်းဗိုက်အောက်ပိုင်းကို လာဗင်ဒါဆီအနည်းငယ်လိမ်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

၉) ဆီးချိုသမားတွေကို ကူညီနိုင်ပါတယ်။
၂၀၁၄ခုနစ်မှာ သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ လာဗင်ဒါအဆီမှာ သွေးထဲကသကြားဓာတ်ပမာဏကိုလျော့ကျစေပြီး ဆီးချိုသမားတွေကိုကူညီနိုင်တယ်လို့ဖော်ပြကြပါတယ်။
သွေးထဲက ကလူးကိုစ့်ပမာဏတိုးခြင်း၊ ဝိတ်တက်ခြင်း၊ အသည်းရောဂါဖြစ်ခြင်းနဲ့ ကျောက်ကပ်ပြဿနာများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လေ့လာတွေ့ရှိချက်အရသိရပါတယ်။ လေ့လာသူတွေက လာဗင်ဒါမှာ ပါဝင်တဲ့ antioxidants အစွမ်းက ဗီတာမင်စီထက်အကျိုးရှိတယ်လို့ အံ့အားသင့်ခဲ့ကြပါတယ်။

၁၀) ဆံသားကျန်းမာစေပါတယ်။
လာဗင်ဒါဆီက သန်း၊ သန်းဥတွေသေစေပါတယ်။ လေ့လာချက်အရ ဆံပင်ကျွတ်လွယ်ခြင်းကို သက်သာစေပြီး ဆံသားသန်စွမ်းစေပါတယ်။
https://thegrownetwork.com/growing-lavender/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။