ကြိုးစားမှုနှင့်ပါတ်သက်သော မြန်မာရှေးစကားပုံများ

ရှေးမြန်မာစကားပုံတွေကို သိသလိုလို ရှိပေမယ့် သေချာမပျောက်မပျက်သိမ်းဆည်းလို့ရအောင် ကြိုးစားမှုနဲ့ပတ်သက်သော မြန်မာရှေးစကားပုံများကို ရွေးချယ်ကောက်နုတ်တင်ပြပေးလိုက်ပါတယ်နော်။ ၁) ကံသည်အလုပ်…..အလုပ်သည်ကံ ၂) ငုတ်မိသဲတိုင်….တက်နိုင်ဖျားရောက် ၃) လှေခွက်ချည်းကျန် အလံမလဲ ၄) ချွေးထွက်များမှ သွေးထွက်နည်းမည်။ ၅) နေရပ်လို နေပူကစောင့် ၆) နေပူတုန်း စပါးလှန်း ၇) ပွဲမဝင်ခင်….အပြင်ကကျင်းပ ၈) မိုးရွာတုန်း….ရေခံ ၉) ကြိုးစားက ဘုရားဖြစ် ၁၀) ခရုမှာလည်း အဆန်….လူမှာလည်းအကြံ ၁၁) ချွေတာစုဆောင်း…….သူဌေးလောင်း ၁၂) ဆင်စွယ်မှန် ပိုးမစား ၁၃) ဆေးစက်ကျရာ အရုပ်ထင် ၁၄) ဆန္ဒရှိက နည်းလမ်းရ ၁၅) တကယ်လုပ်ရင် အဟုတ်ဖြစ် ကိုယ်ကြိုးစားရင်း စိတ်ဓာတ်ကျစရာကြုံလာတဲ့အခါ ဒီစကားပုံလေးတွေကို သတိတရနဲ့ရွတ်ဖတ်ကြည့်လိုက်တာနဲ့တင် အားပြည့်သွားလိုခံစားရပါလိမ့်မယ်နော်။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။