ကျရှုံးရတဲ့အကြောင်းရင်း ၇ခု

သင်ကအောင်မြင်ချင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သင့်ကိုသင် ရိုးသားစွာဆန်းစစ်ဖို့လိုပါတယ်။ ကျရှုံးမှုတွေဖြစ်ပေါ်လာတဲ့အခါ အဲဒီ့ကျရှုံးမှုကို ပြန်ဆန်းစစ်ပြီးသင်ခန်းစာကိုရယူနိုင်ဖို့လိုပါတယ်။ ကျရှုံးမှုတွေဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုတာနဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းပါပဲ။


၁) ဇွဲမရှိခြင်း
လူတော်တော်များများကအသိဉာဏ်ပညာနဲ့မပြည့်ဝတဲ့အတွက်ကြောင့် ကျရှုံးကျတာများပါတယ်။ သတိရသင့်တဲ့စကားလုံးနှစ်လုံးရှိပါတယ်။ ဇွဲကောင်းခြင်းနဲ့ခုခံနိုင်စွမ်းဆိုတဲ့စကားလုံး၂လုံးပါ။ ဇွဲကောင်းခြင်းဆိုတာက ပြီးမြောက်အောင် လုပ်ကိုလုပ်ဆောင်ချင်တဲ့စိတ်၊ မပြီးမြောက်မချင်းခံနိုင်ရည်စွမ်းအားကိုပြောတာဖြစ်ပါတယ်။
ဇွဲရှိခြင်းကလည်းအရေးကြီးပါတယ်။ တူညီတဲ့လုပ်ဆောင်ချက်တွေကိုပဲထပ်ခါထပ်ခါပြုလုပ်ခြင်းကအောင်မြင်မှုဆီကိုနီးကပ်စေမှာမဟုတ်ပါဘူး။ မအောင်မြင်မှုအပေါ်မှာ ပြန်ပြီးသုံးသပ်ဆင်ခြင်ပြီးမှ ပထမလုပ်ဆောင်ချက်နဲ့မတူဘဲနောက်ထပ်လုပ်ဆောင်ချက်အသစ်တွေမှာ ပြန်ပြီးအားထုတ်ဖို့လိုပါတယ်။ ပထမကျရှုံးမှုအပေါ်မှာအားနည်းနေတဲ့အချက်တွေ၊ မှားယွင်းနေတဲ့အချက်တွေကို ပြန်လည်သုံးသပ်ပြီးညှိုနှိုင်းမှု၊ အမှန်ပြင်မှုတွေပြုလုပ်မှသာနောက်တစ်ခါ ပြုလုပ်ခြင်းမှာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့အတွေ့အကြုံတွေကသင့်ရဲ့လမ်းညွှန်သူတွေပါပဲ။ အဲဒါကြောင့် ကျရှုံးမှုဖြစ်လာတိုင်းလက်လျှော့ပြီးနောက်မဆုတ်ပါနဲ့။ အမှန်ပြင်လို့ ဇွဲရှိစွာထပ်ကြိုးစားပါ။

၂) ကိုယ့်ကိုကိုယ်အပြစ်မပေးခြင်း
လူတော်တော်များများကကိုယ့်ကိုကိုယ်အပြစ်ပေးတာနည်းပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ သတ္တိနည်းပါးတဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်အပြစ်ပေးခြင်းလည်းနည်းပါးကြပါတယ်။ သူတို့မှားယွင်းတာတွေလုပ်မိတာသိပေမယ့်လည်းကိုယ့်အမှားကိုကိုယ်တိုင်လက်မခံနိုင်ကြပါဘူး။ အဲဒီ့အတွက် ကိုယ်မှားနေပေမယ့် ကိုယ့်ကိုကိုယ်မှန်တယ်လို့သာသတ်မှတ်ထားပြီးအမှားကိုအမှန်ပြင်ဖို့မကြိုးစားကြပါဘူး။ အဲဒါကြောင့်အမှားတွေလုပ်မိခြင်းအတွက် ကိုယ့်ကိုကိုယ်အပြစ်ပေးခြင်းဆိုတာမျိုုးမရှိပါဘူး။
သင့်အတွက်ဘယ်အရာကအရေးကြီးတာလဲဆိုတာသင်ဆုံးဖြတ်သင့်ပါတယ်။ တစုံတခုကိုမှားယွင်းစွာလုပ်မိနေပြီဆိုရင် အမှန်ပြင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကိုကိုယ် အရိုးသားဆုံးဆန်းစစ်ပြီးအမှားကိုလက်ခံပါ။ အမှန်ပြင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကိုကိုယ်အမှားတွေကိုလက်ခံနိုင်ခြင်းက သင့်ရဲ့တန်ဖိုးကိုမြင့်တင်လာနိုင်ခြင်းပါပဲ။

၃) စားဝတ်နေရေးကိုအကြောင်းပြခြင်း
အောင်မြင်သူတွေကို ဆန်းစစ်ကြည့်တဲ့အခါ သူတို့တွေက ဘယ်တော့မှစားဝတ်နေရေးမှာအဆင်ပြေချောင်လည်နေသူတွေမဟုတ်ကြပါဘူး။ ကျရှုံးသူတွေကသာ စားဝတ်နေရေးအဆင်ပြေပြီး ကျရှုံးရခြင်းကို ဆင်ခြေအမျိုးမျိုးပေးနေတတ်သူတွေဖြစ်တာတွေ့များပါတယ်။
.သင့်ရဲ့သုံးသပ်ပုံသုံးသပ်နည်းကို ပြောင်းလဲပစ်လိုက်ပါ။ ကျရှုံးစေမယ့် မအောင်မြင်စေတဲ့အကြောင်းရင်းတွေကို မတွေးပါနဲ့။ လူအနည်းငယ်ကသာ အရာအားလုံးမှာ အောင်မြင်နိုင်တာပါ။ ကျွန်တော်တို့တော်တော်များများက ကျွန်တော်တို့မှန်းထားတဲ့ရည်မှန်းချက်ကိုသာ ထပ်ခါထပ်ခါ အားစိုက်ထုတ်မယ်ဆိုရင် ၊ လေ့လာသင်ယူမှုမှန်သမျှကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။

၄) အတိတ်ကအမှားတွေကို မသင်ယူခြင်း
လူအချို့က ရှင်သန်နေရင်း သင်ယူကြပါတယ်။ အချို့ကတော့ ရှင်သန်ရုံပဲရှင်သန်တာပါ။ သင့်မှာသာ မှန်ကန်တဲ့စိတ်ထားရှိရင် ကျရှုံးမှု့က သင့်ကိုသင်ပေးမယ့်ဆရာသမားပါပဲ။ ဉာဏ်ရှိတဲ့လူတွေက သူတို့ရဲ့အမှားတွေကနေ သင်ယူကြပါတယ်။ အတွေ့အကြုံဆိုတဲ့စကားက အဲဒီ့ကနေဖြစ်ပေါ်လာတာပါ။
ပြဿနာတွေကို အကောင်းဆုံး အဓိပ္ပါယ်သတ်မှတ်ပါ။ အခြေအနေကို ပြန်သုံးသပ်ပါ။ သင်ရောက်ချင်တဲ့ပန်းတိုင်ကဘာလဲ၊ သင်သွားချင်တဲ့လမ်းကြောင်းကဘာလဲ။ ဘာကြောင့် ခုထိအလုပ်မဖြစ်တာလဲ။ ပြဿနာကို မှန်ကန်စွာ ရှုမြင်သုံးသပ်တာမှန်ရဲ့လား။

၅) စည်းကမ်းမသတ်မှတ်ခြင်း
အောင်မြင်နေတဲ့သူမှန်သမျှက စည်းကမ်းမသတ်မှတ်ထားဘဲ အောင်မြင်လာတာမရှိပါဘူး။ စည်းကမ်းဆိုတာက သင့်ကိုသင်ထိန်းချုပ်နိုင်စေပါတယ်။ အခက်အခဲတွေ၊ အနှောင့်အယှက်တွေကို ရှောင်ရှားနိုင်လာစေပါတယ်။ အာရုံပိုစိုက်နိုင်လာစေပါတယ်။
အားလုံးပြည့်စုံတဲ့သူတော့ မဖြစ်ချင်ပါနဲ့။ အောင်မြင်မှုဟာ ဘာလဲ၊ သင်ဘယ်လိုသတ်မှတ်သလဲဆိုတဲ့အပေးမူတည်ပါတယ်။ သင့်ရဲ့တကယ့်သွားချင်တဲ့လမ်းကြောင်းနဲ့ သင်ရဲ့ရည်မှန်းထားတာတွေကို ရှင်းလင်းပါစေ။ စည်းကမ်းသတ်မှတ်ပြီး စည်းကမ်းကိုလိုက်နာနိုင်အောင် ကြိုစားပါ။ အများကြီးမပြည့်စုံရင်နေပါစေ။

၆) ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုမရှိခြင်း
ကိုယ့်ကိုကိုယ်တန်ဖိုးမထားခြင်းက ကိုယ့်ကိုကိုယ်လေးစားမှုမရှိခြင်းပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းတဲ့လူတွေက သူတို့ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားဖို့ထက် သူတို့ကိုယ်သူတို့ရှာဖွေဖို့သာ ကြိုးစားနေတတ်ကြပါတယ်။
ကိုယ့်ကိုကိုယ်နာမည်မတပ်ပါနဲ့။ သင်ကျရှုံးနိုင်ပါတယ်။ ဒါပေမယ့် သင့်ကြိုးစားမှုကိုမရပ်မချင်း သင်မကျရှုံးသေးပါဘူး။ ပန်းတိုင်ဆီလျှောက်နေတဲ့လူတစ်ယောက်အဖြစ် သင့်ကိုယ်သင်ပြန်တွေးပါ။ သင့်ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် အကောင်းဆုံးကြိုးစားဖို့လိုသလို စိတ်ရှည်နိုင်ဖို့လည်းလိုပါတယ်။

၇) အကျင့်စရိုက်သဘာဝ
လူတစ်ယောက်ရဲ့အကျင့်စရိုက်သဘာဝက သူတို့ရောက်ရှိနေတဲ့နေရာရဲ့တာဝန်ကို ယူနိုင်စွမ်းရှိမရှိဆိုတာကိုဖော်ပြပေးနိုင်ပါတယ်။ သူတို့ရဲ့အနာဂတ်ကိုသူတို့ကိုယ်တိုင် ဖန်တီးနိုင်ခြင်း၊ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းမရှိခြင်း၊ ရေလိုက်ငါးလိုက်ဘဝကိုဖြတ်သန်းခြင်းတွေကိုသာ လုပ်လေ့ရှိတဲ့အကျင့်စရိုက်သဘာဝရှိတဲ့သူတွေက ဘဝမှာ ဘဝမှာကျရှုံးမှုနဲ့သာကြုံရမယ့်သူတွေပဲဖြစ်ပါတယ်။
နေ့ရက်တိုင်းမှာ မှန်ကြည့်ပြီး ကိုယ့်ကိုကိုယ်တန်ဖိုးရှိကြောင်း ကိုယ့်ကိုကိုယ်ပြောကြည့်ပါ။ သင့်ရဲ့ဘဝမှာဖြစ်ပျက်လာသမျှကို သင်ကမထိန်းချုပ်နိုင်ဘူးဆိုတာမှန်ပေမယ့် ထိုဖြစ်လာသမျှ အခြေအနေတွေတိုင်းမှာ ဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ သင်ထိန်းချုပ်နိုင်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ သင့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုရအောင်တော့ သင်တာဝန်ယူနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့တာဝန်ယူနိုင်တဲ့ဆိုတဲ့စိတ်ထားကနေ သင့်ရဲ့နေရာကို သတ်မှတ်ပေးသွားတာပါ။ အဲဒါကြောင့် ကျရှုံးမလား၊ အောင်နိုင်မလား၊ အမြင့်ကိုတက်လှမ်းမလား၊ ရောက်တဲ့နေရာမှာပဲ အိပ်နေမလားဆိုတာက သင့်ရဲ့သဘောထား အကျင့်စရိုက်သဘာဝကိုပြုပြင်ခြင်းမပြုပြင်ခြင်း၊ ပြုပြင်ချင်စိတ်ရှိမရှိပေါ်မူတည်ပါတယ်။

တကယ်လို့များ သင့်မှာ အထက်က ဖော်ပြထားတဲ့အချက် ၇ချက်ထဲက ငြိနေတဲ့အချက်ရှိတယ်ဆိုရင် သင့်ကိုသင်မေးပါ။ ကျရှုံးမှုတွေထဲမှာပဲ သံသရာလည်နေချင်သလား၊ ကျရှုံးမှုကနေ ရုန်းထပြီး အောင်မြင်ချင်သလား။ အောင်မြင်ချင်တယ်ဆိုရင်တော့ အမှားတွေကိုမြင်လာတဲ့နောက်မှာ ကိုယ်တိုင်ပြုပြင်လိုက်ရုံပါပဲနော်။
https://www.success.com/the-7-reasons-we-fail/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။