ကလေးငယ်လေးများကို ပြောပြပေးသင့်သော ပညာပေးဇာတ်လမ်းတိုလေးများ။

၁) ခြင်္သေ့နဲ့ ကြွက်ကလေး ခြင်္သေ့နဲ့ကြွက်ကလေးပုံပြင်လေးက ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ သင်ယူခဲ့ရတဲ့ပုံပြင်လေးပါ။ အိပ်ပျော်နေတဲ့ ခြင်္သေ့ကြီး အပေါ်ကို ပြေးလွှားမိတဲ့ကြွက်ကလေးကို ခြင်္သေ့ကြီးက အိပ်ရာကလန့်နိုးပြီး ဖမ်းချုပ်လိုက်ပါတယ်။ အိပ်ရေးပျက်သွားတဲ့အတွက် ဒေါသတကြီးနဲ့ ဖမ်းချုပ်လိုက်တဲ့ခြင်္သေ့ကြီးကို ကြွက်ကလေးက “သူမှားသွားပါတယ်။ သူ့ကိုမစားပါနဲ့” ဆိုပြီးတောင်းပန်ပါတယ်။ အဲဒီ့အခါမှာ ခြင်္သေ့ကြီးက “မင်းကိုလွှတ်ပေးလိုက်ရင် ငါ့ကိုဘာပြန်ပေးနိုင်မှာလဲ” ဆိုပြီး မေးပါတယ်။ ကြွက်ကလေးက သူ့ကိုလွှတ်လိုက်ရတဲ့အကျိုးကို တစ်နေ့ခြင်္သေ့ကြီးပြန်ခံစားရမှာပါလို့ ပြောခဲ့ပါတယ်။ ကြွက်ကလေးရဲ့အပြောကို ခြင်္သေ့ကြီးက လှောင်တဲ့အနေနဲ့ အော်ရယ်လိုက်ပါတယ်။ “ မင်းလို့ ပိစိညှောင့်တောက် ကြွက်ကလေးတစ်ကောင်ကများ ငါ့ကို ဘာပြန်ုလုပ်ပေးနိုင်မှာလဲ” လို့ပြောခဲ့ပြီး “ကဲ…..ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခေါက်ဆို နာမယ်မှတ်” ဆိုပြီး လွှတ်ပေးခဲ့လိုက်ပါတယ်။ ကြွက်ကလေးကလည်း ခြင်္သေ့ကြီးက အသက်ကို ချမ်းသာပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပြီး ပြေးထွက်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ အစာရှာနေတဲ့ခြင်္သေ့ကြီးဟာ မုဆိုးရဲ့ပိုက်ကွန်မှာ အဖမ်းခံရပါတော့တယ်။ ပိုက်ကွန်က ခြင်္သေ့ကြီးရဲ့တစ်ကိုယ်လုံးကို ချုပ်ထားသလိုဖြစ်နေတဲ့အတွက် ခြင်္သေ့ကြီးက ရုန်းနေတာက အချည်းနှီးပါပဲ။ ဒေါသအရမ်းထွက်တဲ့ခြင်္သေ့ဟာ အော်ဟစ် ဟိန်းဟောက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ အဲဒီ့အချိန်မှာ ခြင်္သေ့ကြီး လွှတ်ပေးခဲ့တဲ့ကြွက်ကလေးက ခြင်္သေ့ကြီးရဲ့ ဟိန်းဟောက်သံကြောင့် အနီးနားကိုပြေးလာခဲ့ပါတယ်။ ခြင်္သေ့ကြီးကိုမြင်တဲ့အခါ သူ့အသက်ကို လွှတ်ပေးခဲ့တဲ့ခြင်္သေ့ကြီးကို ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်။ ကြွက်ကလေးက သူ့ရဲ့သွားတွေနဲ့ ခြင်္သေ့ကြီးရဲ့အပေါ်က ပိုက်ကွန်တွေကို ကြိုးစားပမ်းစား ကိုက်ဖြတ်ပါတော့တယ်။ နောက်ဆုံးမှာတော့ မုဆိုးမလာခင်မှာဘဲ ကြွက်ကလေးကိုက်ဖြတ်ပေးခဲ့လို့ ခြင်္သေ့ကြီးက လွတ်မြောက်သွားခဲ့ပါတယ်။ ခြင်္သေ့ကြီးက အကောင်သေးတယ်ဆိုပြီး အထင်သေးခဲ့မိတဲ့မင်းကို ငါတောင်းပန်ပါတယ်။ တခါတလေကျတော့ လောကမှာ အကောင်သေးပေမယ့် သူ့နေရာနဲ့သူ အသုံးတည့်တယ်ဆိုတာ ငါသိပါပြီဆိုပြီး တောင်းပန်သွားပါတော့တယ်။ ဒီပုံပြင်လေးကြောင့် လောကမှာ လူတိုင်းက အဆင့်နှိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်ဆိုတဲ့ မက်ဆေ့လေးကို ရသလို၊ တခါလောက် အကြင်တရားထားလိုက်ခြင်းက တစ်ချိန်မှာတောင် ပြန်လည်အကျိုးရှိနိုင်တယ်ဆိုရင် လူတိုင်းအပေါ်အကြင်နာထားဆက်ဆံခြင်းက ဘယ်လောက်များအကျိုးများလိုက်မလဲဆိုတဲ့မက်ဆေ့လေး ရပါတယ်။ #Bawa101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။