ကင်ပွန်းသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကင်ပွန်းသီးမှာ သဘာဝဆေးဘက်ဝင်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ကင်ပွန်းပင်ရဲ့အရွက်ဟာ ဟင်းချက်စားလို့ရသလို၊ အသီးဟာလည်း ဆံပင်နဲ့ ခေါင်းလျှော်ရည်အတွက်အသုံးဝင်စေပါတယ်။ ကင်ပွန်းသီးကိုအသုံးပြုခြင်းအားဖြင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အရေပြားနဲ့ဆက်စပ်တဲ့ပြဿနာတွေကို ကာကွယ်နိုင်ခြင်း
ကင်ပွန်းသီးမှာ အရေပြားပြဿနာတွေကိုဖြေရှင်းနိုင်တဲ့အစွမ်းရှိပါတယ်။ သွေးစီးဆင်းမှုကနေ အရေပြားတစ်လျှောက်က အညစ်အကြေး ၊ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါအပြင် အရေပြားခြောက်သွေ့အက်ကွဲခြင်းကိုလည်း သက်သာစေပါတယ်။

၂) ကျန်းမာရေးအတွက်မကောင်းတဲ့အကျင့်ဆိုးတွေကို ဖျက်ဆီးပစ်နိုင်ခြင်း
ပုံမှန်ဆေးလိပ်သောက်တတ်သူကို ဆေးလိပ်၊ ဆေးရွက်ကြီး ပြတ်သွားစေတဲ့အထိ ကူညီနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်းသက်သာစေပါတယ်။

၃) အရေပြားလေးဖက်နာနဲ့နှင်းခူတွေကိုသက်သာစေခြင်း
အရေပြားလေးဖက်နာရောဂါနဲ့ နှင်းခူကဲ့သို့ အရေပြားရောဂါတွေကိုလည်း သက်သာစေလို့ ကုသရာမှာသုံးတယ်လို့ဆိုပါတယ်။ တင်းတိပ်တွေကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။

၄) ရင်ကြပ်သက်သာစေခြင်း
ရင်ကြပ်ပျောက်ကင်းအောင်ကုသရာတွင်လည်း အသုံးပြုကြတယ်လု့ိဆိုပါတယ်။

၅) ဆံပင်နဲ့ပတ်သက်သောပြဿနာများကို သက်သာစေခြင်း
ဆံပင်နဲ့ပတ်သက်သော ပြဿနာတွေကတော့ မြန်မာ့တရော်ကင်ပွန်းခေါင်းလျှော်ရည်က နမူနာပါပဲနော်။ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကြမ်းတမ်းခြင်း၊ အကျွတ်များခြင်း ၊ ဗောက်ထခြင်း၊ စတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တာကြောင့် ခေါင်းလျှော်ရာတွင်ထည့်သုံးကြတာဖြစ်ပါတယ်။

၆) သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း
ကင်ပွန်းသီးမှာပါဝင်တဲ့ antioxidants တွေကြောင့် ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို လျှော့ချနိုင်ပြီး အချို့သောကင်ဆာတွေကို သက်သာစေတယ်လို့လည်းဆိုကြပါတယ်။ ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းမွနစေပြီးခေါင်းလျှော်ရည်မှာထည့်သုံးခြင်းအားဖြင့် ဦးရေပြားသွေးလည်ပတ်မှုအားကောင်းစေတယ်လို့ဆိုကြပါတယ်။
https://www.healthbenefitstimes.com/soap-nut/လင့်မှ ကောက်နုတ်ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။