ခဝဲသီးစားခြင်းရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ခဝဲသီးက စိုက်ပျိုးရလွယ်ပြီး သခွားနွယ်ဝင်အသီးတစ်မျိုးဖြစ်ပါတယ်။ ခဝဲသီးမှာ antioxidants တွေ၊ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အာဟာရဓာတ်မျိုးစုံပါဝင်ပါတယ်။ ဗီတာမင်အေများပြားစွာပါဝင်တဲ့အရင်းအမြစ်ဖြစ်ပြီး ကာဗွန်ဟိုက်ဒရိတ်လည်းပါဝင်ပါတယ်။ ဗီတာမင် ဘီဖိုက်၊ မဂ္ဂနီစ်၊ ပိုတက်ဆီယမ်၊ ကော့ပါး ၊ ဗီတာမင်ဘီဆစ်နဲ့ဗီတာမင်စီတို့ပါဝင်ပါတယ်။ ခဝဲပင်ရဲ့ အစိတ်အပိုင်းအားလုံးလိုလိုက ဆေးဘက်ဝင်တဲ့အစွမ်းရှိပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး၊ ဝိတ်ကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကျစေခြင်း၊ ခုခံအားတိုးစေခြင်း၊ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းစေခြင်းတဲ့အကျိုးကျေးဇူးရှိပါတယ်။


၁) မျက်လုံးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
ဗီတာမင်အေ မျက်လုံးကွယ်စေတဲ့ အသက်အရွယ်ကြောင့်မျက်ကြည်လွှာပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကော့ပါး၊ ဗီတာမင်အီးနဲ့ဇင့်တွေပါဝင်ခြင်းက မျက်ကြည်လွှာပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ မျက်ကြည်လွှာခြောက်သွေ့ခြင်းကိုလည်း ကုသဖို့အကျိုးရှိပါတယ်။

၂) နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကောင်းမွန်ဖို့ကူညီနိုင်ပါတယ်။
ဗီတာမင် ဘီဖိုက် 900 mg က မကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးဖို့ကူညီနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေပါတယ်။

၃) ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။
မဂ္ဂနီစ်က gluconeogenesis လို့ခေါ်တဲ့အင်ဇီုင်းတွေထုတ်လုပ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကြွက်တွေမှာစမ်းသပ်တဲ့အခါမှာ သူတို့ရဲ့ကလူးကို့စ်တွေ ၁၂ပတ်အတွင်းတိုးလာတာကိုတွေ့ရပါတယ်။ မဂ္ဂနီစ့်က အင်ဆူလင်ထုတ်လုပ်ခြင်းကို မြင့်တင်ပေးပါတယ်။

၄) ကြွက်သားများနာကျင်ခြင်းကိုကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်က ကြွက်သားတွေပြေလျော့စေဖို့ ခန္ဓာကိုယ်တွင်းကအရည်တွေကိုထိန်းညှိုပေးပါတယ်။ ပိုတက်ဆီယမ်နည်းပါးခြင်းက ကြွက်တက်ခြင်း၊ နာကျင်ခြင်းဖြစ်ပေါ်စေပါတယ်။ ပရိုတိန်းနဲ့ ကာဗွန်တွေဖြိုခွဲဖို့ ကူညီပေးပါတယ်။ အဲဒါကြောင့် စွမ်းအင်ရရှိခြင်းနဲ့ကြွက်သားနာကျင်ခြင်းကိုကုသပေးဖို့ ကူညီပေးနိုင်ပါတယ်။

၅) အဆစ်အမြစ်နာကျင်ခြင်းကိုလျော့ကျစေနိုင်ပါတယ်။
ကော့ပါးမှာ အဆစ်အမြစ်နာကျင်ခြင်းနဲ့ဆက်စပ်နေတဲ့ ယောင်ရမ်းခြင်းကိုလျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ လေးဖက်နာအဆစ်အမြစ်ယောင်ရောဂါအတွက် ကော့ပါးက ကူညီပေးနိုင်ပါတယ်။

၆) သွေးအားနည်းရောဂါကိုကုသရာတွင်အထောက်အကူဖြစ်စေပါတယ်။
Vitamin B6 က သွေးထဲက ဟေမိုကလိုဘင်တွေကိုထုတ်လုပ်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဟေမိုကလိုဘင်တွေက ဆဲလ်တွေကို အောက်ဆီဂျင်ပို့ဆောင်ပေးဖို့ကူညီပေးပါတယ်။ ခေါင်းကိုက်ခြင်း၊ မောခြင်း၊ နာကျင်ခြင်းတွေကို ခံစားရတတ်ပါတယ်။ ဗီတာမင်ဘီဆစ်ချို့တဲ့သူတွေမှာ သွေးအားနည်းရောဂါလက္ခဏာတွေခံစားရလေ့ရှိပြီး ခဝဲသီးစားသုံးခြင်းက ကူညီပေးနိုင်ပါတယ်။

၇) အရေပြားကျန်းမာစေပါတယ်။
ဗီတာမင်စီရရှိခြင်းက အရေပြားမှာ အမဲစက်ပေါ်ခြင်း၊ အရေးအကြောင်းများ၊ အိုမင်းရင့်ရော်ခြင်းကိုလျော့ကျစေခြင်းကဲ့သို့ အကျိုးရှိစေပါတယ်။ ဗီတာမင်စီက အရေပြားမှာ၊ သွေးကြောတွေမှာ ပရိုတင်းထုတ်လုပ်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။ အနာတွေသက်သာပျောက်ကင်းစေဖို့နဲ့ အမာရွတ်တွေသက်သာစေပါတယ်။

၈) Migraine ခေါင်းတခြမ်းကိုက်ရောဂါကိုသက်သာစေပါတယ်။
မဂ္ဂနီဆီယမ်မမျှတခြင်းက မိုင်ဂရိန်းခေါင်းကိုက်ရောဂါနဲ့ဆက်စပ်နေပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့အာရုံကြောတွေမျှတစေဖို့ ကူညီပေးနိုင်ပါတယ်။

၉) ဦးနှောက်လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။
ဦးနှောက်လုပ်ဆောင်ချက်ကောင်းမွန်စေဖို့ အောက်ဆီဂျင်ဓာတ်လိုအပ်ပါတယ်။ အောက်ဆီဂျင်လက်ခံရရှိတာနည်းတဲ့အခါ မှတ်ဉာဏ်အားနည်းခြင်းဖြစ်ပေါ်နိုင်ပါတယ်။
https://www.healthbenefitstimes.com/…/လင့်မှာဘာသာပြန်ဖော်ပြ…။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။