ကော့ပါးဓာတ်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကော့ပါးက မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့တစ်ရှုးတွေနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့ရပြီး အာရုံကြောဆဲလ်တွေကို ထိန်းသိမ်းဖို့နဲ့ ခုခံအားစနစ်အတွက် အသုံးဝင်ပါတယ်။ ကော့ပါးဓာတ်က ခန္ဓာကိုယ်ထဲက ကော်လိပ်ဂျင်ပုံစံဖြင့် သံဓာတ်တွေကိုစုပ်ယူဖို့ကူညီပေးပြီး စွမ်းအင်ထုတ်လုပ်ဖို့အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက ကော့ပါးဓာတ်အများစုကို အသည်း၊ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေမှာ တွေ့ရပါတယ်။ ကော့ပါးဓာတ်များခြင်း၊ နည်းလွန်းခြင်းက ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုထိခိုက်စေပါတယ်။ အင်ဇီုင်းမားရောဂါကဲ့သို့ရောဂါမျိုးတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကော့ပါးက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကော့ပါးဓာတ်ပြည့်ဝခြင်းက ခန္ဓာကိုယ်အတါက်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။


၁) နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းကိုလျော့နည်းစေပါတယ်။
ကော့ပါးဓာတ်ချို့တဲ့ခြင်းက ကိုလက်စထရောများပြားခြင်းနဲ့ သွေးဖိအားများခြင်းတို့နဲ့ပတ်သက်နေပါတယ်။ လေ့လာတွေ့ရှိချက်အရ အချို့သော နှလုံးရောဂါနဲ့ပတ်သက်တဲ့လူနာတွေမျာ ကော့ပါးဓာတ်ကို ဖြည့်စွက်ပြီးသောက်သုံးခိုင်းတတ်ပါတယ်။ တိရိစ္ဆာန်တွေမျာလေ့လာချက်အရတော့ ကော့ပါးပမာဏလျော့နည်းခြင်းဟာ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာတယ်လို့တွေ့ရပါတယ်။

၂) အာရုံကြောရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။
ကော့ပါးပမာဏရှိသင့်တာထက်ပိုများနေခြင်း၊ နည်းနေခြင်းကလည်း အာရုံကြောဆဲလ်တွေကို ထိခိုက်စေပါတယ်။
ကော့ပါးက အာရုံကြောဆဲလ်တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၃) ခုခံစွမ်းအားတိုးစေပါတယ်။
ကော့ပါးချို့တဲ့ခြင်းက neutropenia ရောဂါဖြစ်နိုင်ချေများစေပါတယ်။ သွေးဖြူဥချို့တဲ့သောရောဂါမျိုးဖြစ်ပြီးရောဂါကူးစက်မှုကို မတိုက်ဖျက်နိုင်တော့ပါဘူး။ neutropenia ရောဂါသည်တစ်ယောက်က ရောဂါကူးစက်ခံရနိုင်ချေများပါတယ်။ အဲဒါကြောင့် ကော့ပါးဓာတ်ကို ခန္ဓာကိုယ်အတွက်လိုအပ်သလောက်ရဖို့လိုပါတယ်။ ခုခံအားတိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။

၄) အရိုးပွရောဂါဖြစ်နိုင်ချေနည်းပါးစေပါတယ်။
ကော့ပါးချို့တဲ့ခြင်းက အရိုးသိပ်သည်းဆအားနည်းခြင်းနဲ့ပတ်သက်နေပါတယ်။ အရိုးပွရောဂါဖြစ်နိုင်ချေများပါတယ်။

၅) ကော်လိပ်ဂျင်ထုတ်လုပ်ခြင်းနဲ့ပတ်သက်နေပါတယ်။
ကော်လိပ်ဂျင်ထုတ်လုပ်ခြင်းနဲ့ အရေပြားကျုံခြင်းဆန့်ခြင်းနဲ့ပတ်သက်တဲ့အဓိက အခန်းကဏ္ဍမှာလည်းအရေးပါပါတယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ အခြားသော antioxidants တွေနဲ့ပေါင်းစပ်ပြီး အရေပြားကျန်းမာရေးအတွက်ကာကွယ်ဖို့ကူညီနိုင်ပါတယ်လို့ ဖော်ပြကြပါတယ်။ ကော့ပါးမလုံလောက်ခြင်းက ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့တစ်ရှုးတွေအစားထိုးဖို့ နှောင့်နှေးစေနိုင်ပါတယ်။
၆) အဆစ်အမြစ်ယောင်ခြင်းနဲ့လည်း ပတ်သက်ပါတယ်။
တိရိစ္ဆာန်တွေမှာ လေ့လာချက်အရကော့ပါးဓာတ်က အဆစ်အမြစ်ယောင်ခြင်းကို ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။ လူသားတွေနဲ့လေ့လာစမ်းသပ်ချက်ကတော့ မရှိသေးပါဘူး။

၇) Antioxidant တွေရဲ့လုပ်ဆောင်ချက်မှာလည်း ပါဝင်ပါတယ်။
Free radicals တွေထုတ်လုပ်ခြင်းကိုလည်း လျော့ကျစေဖို့ ကူညီပေးပါတယ်။ ဖရီးရယ်ဒီကယ်တွေက ဆဲလ်တွေနဲ့ DNA တွေကို ပျက်စီးစေပြီး ကင်ဆာတွေနဲ့ အခြားသော ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။

တစ်နေ့လျှင် အသက်၁၉နှစ်နဲ့အထက် လူကြီးတွေအနေနဲ့ ကော့ပါးဓာတ်ပမာဏ 10 milligrams ခန့်လိုအပ်ပါတယ်။
ကော့ပါးဓာတ် များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းဟာလည်း အထက်ပါဖော်ပြထားသောရောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။
ကော့ပါးဓာတ်ပါဝင်သောအစားအစာများကတော့ .. သီဟိုဠ်စေ့နဲ့ အခြားသောအစေ့အဆံများ၊ ပဲအမျိုးမျိုး၊ အာလူး၊ အစိမ်းရင့်ရောင်အရွက်များ၊ အသီးခြောက်များ၊ ငရုတ်ကောင်း၊ တိရိစ္ဆာန်ရဲ့ကိုယ်တွင်းအဂါင်္များ ကျောက်ကပ်နဲ့အသည်းကဲ့သို့၊ ဗံဒါစေ့ စသည်တို့မှာပါဝင်ပါတယ်။
https://www.medicalnewstoday.com/articles/288165.php လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။