ဒီလိုစကားလေးတေွပြောဖို့ မေ့မနေကျပါနဲ့

ကိုယ့်ရဲ့စကားလေးတစ်ခွန်းကြောင့် တစ်ဖက်လူရဲ့ တစ်နေ့တာ Mood ‌‌လေး ကြည်လင်သွားတယ်ဆို ကိုယ်လည်း စိတ်ချမ်းသာရတာပေါ့ဗျာ။


ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ။

ဘတ်စ်ကားပေါ်မှာ ကိုယ့်ကို အကြွေပြန်အမ်းလည်း ကျေးဇူးတင်ပါတယ် ပြောတယ်။ 😄 Convenience store မှာ မုန့်ဝယ်ပြီး ဘောက်ချာရရင်လည်း ကျေးဇူးတင်ပါတယ် ပြောတယ်။

တခါတလေ ကြောင်တောင်တောင်နိုင်ပေမဲ့ ရှက်စရာလို့တော့ မထင်ပါဘူး။ စကားလုံးတွေမှာ ပါဝါရှိတယ်လေ။ ကောင်းတဲ့စကားတွေပြောရင် ကောင်းတဲ့အရာတွေဖြစ်လာမယ်လို့ ကျွန်တော်ကတော့ 💯 ယုံကြည်ပါတယ်။

ကိုယ့်ရဲ့စကားလေးတစ်ခွန်းကြောင့် တစ်ဖက်လူရဲ့ တစ်နေ့တာ Mood ‌‌လေး ကြည်လင်သွားတယ်ဆို ကိုယ်လည်း စိတ်ချမ်းသာရတာပေါ့ဗျာ။ 😇 ဒါကြောင့် ကောင်းတဲ့စကားတွေဆိုရင် ပြောဖို့ နှမြောမနေပါနဲ့လို့ အကြံပြုလိုက်ပါတယ်။

စာဖတ်ပရိတ်သတ်တွေထဲမှာရော ဘာပဲလုပ်လုပ် ကျေးဇူးတင်ပါတယ် ပြောတတ်သူတွေ ရှိကြလား။ ရှိရင် Comment မှာ လက်ဝါးချင်းရိုက်သွားကြရအောင်။ 🖐️

#BAWA101 #Gratitude #PositiveVibes

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။