Date ဖို့သူရှာနည်း

လူတိုင်းလိုလိုက ဒီနေ့ခေတ်မှာ အွန်လိုင်းကနေပဲ ဒိတ်လုပ်ဖို့ လူရှာလို့ရတယ်ထင်နေကြပါတယ်။ အဲဒါက လွယ်ကူတယ်လို့ သင်ထင်ချင်ထင်နေပါလိမ့်မယ်။ အမှန်မှာတော့ အွန်လိုင်းကနေ ဒိတ်လုပ်ခြင်းက သင့်အတွက် စစ်မှန်တဲ့အဖော်ကောင်းမျိုးကို ရနိုင်မှာမဟုတ်ပါဘူး။ အဲဒါအပြင် ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိ၊ သူ့ဘဝရဲ့နောက်ခံဘဝဇာတ်ကြောင်းကိုလည်း မသိနဲ့မို့ တစ်ဘဝလုံးပေါင်းဖက်မယ်ဆိုရင်တော့ အင်မတန်တောင် အန္တရာယ်များနိုင်ပါသေးတယ်။ အပြင်မှာတွေ့ဆုံ၊ သူငယ်ချင်းအဖြစ်နဲ့တစ်ယောက်ကိုတစ်ယောက်လေ့လာပြီး အကုန်လုံး နားလည်လက်ခံနိုင်သူမျိုးသာလျှင် ဘဝအတွက် ရေရှည်လက်တွဲနိုင်တဲ့သူဖြစ်လာနိုင်မှာပါ။ ခဏလေးတွေ့၊ ခဏလေးနဲ့ ချစ်သူဖြစ်၊ သူ့အကြောင်းမသိ၊ ကိုယ့်အကြောင်းမသိနဲ့ တစ်ဘဝလုံးပေါင်းဖက်ဖို့ကတော့ မလွယ်ပါဘူးနော်။


၁) singles တွေချည်းတွေ့ဆုံပွဲလုပ်တဲ့ ပွဲမျိုး
သင့်လိုပဲ တစ်ယောက်တည်းသမားတွေများတဲ့ တွေ့ဆုံပွဲမျိုးသွားခြင်းက သင့်အတွက် သင်နဲ့ကိုက်ညီမယ့်သူမျိုးကို တွေ့နိုင်လောက်ပါတယ်။ single ဖြစ်နေတဲ့သူချင်း တွေ့ဆုံရတဲ့အခါလည်း ရင်တွင်ခံစားချက်တွေပိုဖွင့်ပြောနိုင်တာပေါ့။ ပိုပြီးလည်း နားလည်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်ကစပြီး single တွေချည်းရှိတဲ့ ဂရုမျိုးဖွဲ့လိုက်ပါ။
၂) ကိုယ်ရဲ့ဝါသနာပါရာ တွေ့ဆုံပွဲတွေ သွားပါ။
ဥပမာ သင်က စာရေးတာဝါသနာပါရင် စာပေဟောပြောပွဲတွေ၊ စာအုပ်မိတ်ဆက်ပွဲတွေ၊ ပန်းချီဝါသနာပါရင် ပန်းချီပြပွဲတွေ၊ ပန်းချီသင်တန်းတွေ။ ကဗျာဝါသနာပါရင် ကဗျာရွတ်ပွဲတွေပေါ့။ ကိုယ့်ဝါသနာအလိုက် လူစုပြီလုပ်တတ်တဲ့ပွဲမျိုးမှာက ကိုယ့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေကနေ တဆင့် ကိုယ်နဲ့ ဝါသနာတူရာလူမျိုးကို တွေ့နိုင်ပါတယ်။ ဝါသနာတူတဲ့အတွက် တခဏချင်းမှာပဲ ခင်မင်လွယ်သလို၊ ဝါသနာတူသူခြင်း သူ့အကြောင်း ကိုယ့်အကြောင်း ပြောဆို အတိုင်အဖောက်တောင် ညီနိုင်ပါသေးတယ်။ ပိုပြီးလည်း နားလည်မှုရှိနိုင်ပါတယ်။ ကိုယ်နဲ့လည်း ကိုက်ညီတဲ့သူမျိုးဖြစ်ဖို့များပါတယ်။
၃) သင်တက်နေတဲ့သင်တန်းလို နေရာမျိုးမှာလည်း တွေ့နိုင်ပါတယ်။
သင်က အလုပ်ခွင်အတွက် ကျောင်းအတွက် လိုအပ်တဲ့သင်တန်းတွေတက်နေတယ်ဆိုရင်လည်း ထိုသင်တန်းမျိုးမှာ သင်နဲ့ အလုပ်နယ်ပယ်ခြင်းတူနိုင်သူမျိုးတွေ့နိုင်ပါသေးတယ်။ သင့်ရဲ့လုပ်ငန်းသဘောကို နားလည်ပြီး သင်လည်း အပြန်အလှန်နားလည်ပေးနိုင်သူမျိုးမို့ သင်တို့အချင်းချင်း လေပေးဖြောင့်မှာ သေချာပါတယ်။
၄) သင်သွားနေကျ gym လိုနေရာမျိုးမှာလည်း တွေ့နိုင်ပါတယ်။
သင်က နေ့တိုင်းလို gym သွားတတ်သူလဲဆိုလည်း မပူပါနဲ့ ။ သင့်လို gym သွားတတ်တဲ့ single တစ်ယောက်ယောက်နဲ့တော့ လေပေးဖြောင့်နိုင်ပါတယ်။
၅) ကိုယ့်ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မြို့မှာ ဘာတွေလုပ်မလဲ။ ဘယ်လိုပွဲမျိုးတွေရှိသလဲဆိုတာမျိုးတွေ လေ့လာပါ။
ကိုယ့်ပတ်ဝန်းကျင်က ပွဲတွေ၊ ကိုယ့်မြို့ကပွဲတွေကလည်း ကိုယ်သွားဖို့အခွင့်အရေးကောင်းတွေပါပဲ။ ကိုယ့်အတွက် အပြန်အလှန်နားလည်ပေးနိုင်မယ့်အဖော်ကောင်းတစ်ယောက်လောက်တော့ ရနိုင်ပါတယ်။
၆) သင့်ရဲ့ခွေး ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်ကို ပန်းခြံခေါ်သွားတာမျိုးလုပ်ပါ။
သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်ကို ခေါ်ပြီး လမ်းလျှောက်ထွက်တာမျိုးလုပ်ပေးတာက သင့်အတွက် ကျန်းမာရေးနဲ့တောင် ညီညွှတ်ပါသေးတယ်။ သင့်လိုပဲ တိရိစ္ဆာန်ချစ်တတ်တဲ့ single တစ်ယောက်ယောက်နဲ့တောင် အဖွဲ့ဖြစ်သွားနိုင်ပါသေးတယ်။
အထက်ပါ အချက်လေးတွေက သင့်လိုမျိုး အထီးကျန်နေတယ်လို့ ခံစားနေရတဲ့ single တစ်ယောက်ယောက်နဲ့ သင့်ကို အဖွဲ့ကျဖို့ အကူအညီပေးနိုင်မှာပါ။ ဒါပေမယ့် single ဘဝကနေ လွတ်ချင်စိတ်နဲ့တော့ ကိုယ့်လို single တစ်ယောက်အသည်းအသန်လိုက်ရှာနေတာမျိုးထက် တကယ်တမ်း ကိုယ်နဲ့ တကယ်ရင်ဖွင့်ဖော်၊ နားလည်ဖော်၊ တကယ့်အဖော်ကောင်းတစ်ယောက်ရှာတာက ပိုပြီးတော့ ဘဝအတွက် ပိုအဆင်ပြေစေမယ့် သူမျိုးတွေ့နိုင်မယ်ထင်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။
https://www.dumblittleman.com/25-ways-to-find-date-offline/လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။