အသက် ၃၀ မတိုင်မီ မဖြစ်မနေ လုပ်သင့်တဲ့အရာ ၃ခု

ကျွန်တော်တို့ရဲ့ဘဝမှာ ကျွန်တော်တို့မကြိုက်တဲ့၊ မနှစ်သက်တဲ့အရာတွေတော်တော်များများကို လုပ်ဆောင်ရင်းအချိန်ဖြုန်းနေကြရပါတယ်။ အဲဒါကြောင့် ဘဝရဲ့အသက် ၃၀မပြည့်မီမှာ သင့်အတွက်တကယ်အကျိုးရှိပြီး သင့်ကိုစစ်မှန်တဲ့ပျော်ရွှင်မှု တကယ့်အနှစ်သာရပေးနိုင်တဲ့အရာမျိုးအတွက် အချိန်ပေးသင့်ပါတယ်။ ခရီးထွက်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုတွေကနေ ခဏတဖြုတ်လွတ်မြောက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ခြင်းက သင့်အတွက်ခွန်အားအသစ်၊ လန်းဆန်းမှုအသစ်တွေနဲ့ သင့်ဘဝရဲ့နောက်ထပ်နေ့ရက်တွေကို ဆက်လျှောက်လှမ်းဖို့ စိတ်ဓာတ်တက်ကြွစေနိုင်ပါတယ်။ အဲဒီ့လိုပါပဲ သင့်ဘဝမှာ ငွေကြေးအတွက်ချည်း ကြိုးစားနေရပြီး ငွေနောက်သာလိုက်နေရလို့ သင်ဖြစ်ချင်နေတဲ့ရည်မှန်းချက်တွေမလုပ်လိုက်ရတာမျိုးမဖြစ်ရအောင် သင်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေနောက်ကိုလည်း အချိန်တစ်ခုပေးရင်း လိုက်သင့်ပါတယ်။


၁) ခရီးသွားခြင်း
အသက်၃၀မပြည့်မီ ခရီးတွေထွက်သင့်ပါတယ်။ ခရီးသွားခြင်းက သင့်ရဲ့ခုခံစွမ်းအားစနစ်ကိုတိုးစေပါတယ်။ မတူညီတဲ့နေရာဒေသတွေက ရာသီဥတုတွေနဲ့ ဘက်တီးရီးယားတွေနဲ့ထိတွေ့မှုပိုများလာစေတဲ့အတွက် သင့်ရဲ့ခုခံအားစနစ်ကအလုပ်ပိုလုပ်လာရပါတယ်။ လူတွေနဲ့ပိုပြီးလိုက်လျောညီထွေဖြစ်လာစေပါတယ်။ ယဉ်ကျေးမှုအသစ်တွေကို လေ့လာနိုင်လာပါတယ်။ စိတ်ခံစားချက်တွေပိုပြီး ပြေလျော့စေသလို၊ ပိုပြီး စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ ကမ္ဘတစ်ဝှမ်းလုံးကိုခရီးထွက်ဖို့မတတ်နိုင်ရင်တောင် ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်း မြို့တွင်းခရီးပဲဖြစ်ဖြစ်၊ ခရီးတိုပဲဖြစ်ဖြစ် ကိုယ်နိုင်သလောက်တော့သွားသင့်ပါတယ်။ သင့်စိတ်တွေပြန်ပြီးလန်းဆန်းလာစေမယ်၊ သင်ခေါင်းရှင်းသွားမယ်၊ ကျန်းမာရေးကောင်းမွန်လာစေမယ် စတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါသေးတယ်။ အဲဒါကြောင့် နေ့စဉ်လုပ်နေကျ ဝတ္တရားတွေကနေ ခဏလောက် တစ်ပတ်လောက်ရုန်းထွက်ပြီး အတွေးသစ်အမြင်သစ်တွေကိုရဖို့ ခရီးထွက်ကြည့်ပါ။ အသက်၄၀နောက်ပိုင်းမှာတော့ သင့်ရဲ့ကျန်းမာရေး၊ ကိုယ်တွင်းအဂါင်္တွေရဲ့ကျန်းမာမှု့ က သင်စိတ်ရှိသလောက် သွားလာဖို့မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင့်အသက် ၃၀မတိုင်မီမှာ ခရီးတွေစုံသလောက်ရှိအောင် သွားသင့်ပါတယ်။

၂) သင့်ရဲ့စိတ်ဆန္ဒပြင်းထန်စွာဖြစ်ချင်တဲ့ ရည်ရွယ်ချက်နောက်ကိုလိုက်ပါ။
ဘဝမှာ ဖိအားတွေက အမျိုးမျိုးပါပဲ။ အလုပ်၊ မိသားစု၊ ငွေကြေး၊ လူမှုရေး စတဲ့ဖိအားတွေက လူ့ဘဝတစ်လျှောက်မှာ မကုန်ဆုံးနိုင်ပါဘူး။ ဖိအားခြင်းအတူတူ သင်စိတ်အားထက်သန်စွာ ဖြစ်ချင်တဲ့ရည်မှန်းချက်နောက်ကိုလိုက်ရင်း အောင်မြင်ဖို့ကြိုးစားရင်းဖြစ်လာတဲ့ဖိအားတွေကတော့ ပိုပြီးတန်ဖိုးရှိပါတယ်။ သင့်ရဲ့အသက် ၃၀မတိုင်မီ ကျန်းမာနေတုန်းမှာ သင်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဖြစ်အောင်ကြိုးစားဖို့အချိန်ကောင်းပါပဲ။ ကျွန်တော်တို့ဘဝတွေရဲ့နေ့ရက်အတော်များများမှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေနောက်ပဲလိုက်နေရပါတယ်။ ငွေကိုလိုအပ်နေလို့ ငွေနောက်လိုက်ရင်း ငွေရဲ့ခိုင်းစေမှုကိုသာ ခံနေရပါတယ်။ အဲဒါကြောင့် သင့်ရဲ့စိတ်နှလုံးထဲက တကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုဖြစ်အောင် သွားဖို့ အချိန်လေးတစ်ခု သတ်မှတ်ပြီး စလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

၃) အသစ်အသစ်သော လုပ်ဆောင်ချက်တွေကို လုပ်ဖို့ကြိုးစားပါ။
အသက်၃၀မတိုင်မီမှာ သင်လုပ်ချင်တဲ့အခြားသော လုပ်ဆောင်မှုတွေကို လုပ်ဖို့စတင်သင့်ပါတယ်။ ဥပမာ၊ volunteerလုပ်တာမျိုးက သင့်ကိုစိတ်ချမ်းသာစေတယ်၊ ပျော်ရွှင်စေတယ်လို့ခံစားရရင် ထိုလုပ်ဆောင်မှုကို တစ်လမှာ တစ်ခါဖြစ်ဖြစ်အချိန်သတ်မှတ်ပြီးလုပ်သင့်ပါတယ်။ ဒါမှမဟုတ် ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ ပန်းချီဆွဲချင်တာမျိုး၊ ကိုယ့်အတွေးလေးတွေရေးချင်တာမျိုး စသဖြင့် သင့်ကို အမှန်တကယ်ပျော်ရွှင်စေတဲ့အရာမျိုးကို လုပ်သင့်ပါတယ်။

အဲဒါကြောင့် အသက်၃၀မတိုင်မီမှာ အထက်က အချက်တွေထဲကိုတော့ မဖြစ်ဖြစ်အောင်လုပ်ခြင်းက သင့်ဘဝရဲ့ အိုအေစစ်တစ်ခုကို ရှာတွေ့သလိုဖြစ်စေပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။