CHAMOMILE TEA ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Chamomile ဆိုတာက ဒေစီအနွယ်ဝင်ပန်းအဖြူနဲ့အဝါပွင့်လေးတွေဖြစ်ပါတယ်။ Chamomile tea ကို ညအိပ်ရာမဝင်မှီသောက်သုံးကြပါတယ်။ Chamomile tea က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။


၁) သင့်ခန္ဓာကိုယ်ခုခံစွမ်းအားကို တိုးမြင့်ပေးနိုင်ပါတယ်။
Chamomile tea မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ ကွန်ပေါင်းတွေပါဝင်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်ရဲ့ခုခံအားကို တိုးမြင့်ပေးနိုင်ပါတယ်။ . Hippurate ဆိုတဲ့ကွန်ပေါင်းပါဝင်တဲ့အတွက် ဘက်တီးရီးယားတွေကို ထိရောက်စွာတိုက်ဖျက်နိုင်ပါတယ်။ အအေးပတ်ခြင်း၊ တုတ်ကွေးဖြစ်ခြင်းနဲ့ ကူးစက်ရောဂါတွေအတွက် ကာကွယ်နိုင်စွမ်းရှိဖို့ chamomile tea ကို သောက်သုံးနိုင်ပါတယ်။

၂) ကြွက်သားတွေကို တောင့်တင်းသန်မာစေပါတယ်။

Glycine ဆိုတာ အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုးပါပဲ။ သင့်ရဲ့အာရုံကြောတွေ၊ ကြွက်သားတွေကို တည်ငြိမ်ဖို့ ကူညီပေးနိုင်ပါတယ်။ chamomile tea ကိုသောက်ခြင်းက သင့်ခန္ဓာကိုယ်ထဲက glycine ဓာတ်ပမာဏကို မြင့်တင်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ chamomile tea ကို ပုံမှန်သောက်သုံးခြင်းက ထိုဓာတ်ကို မြင့်တင်ပေးနိုင်ပြီး သင့်အာရုံကြောတွေနဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။

၃) ရာသီလာစဉ် ကိုက်ခဲခြင်းကိုသက်သာစေပါတယ်။
တစ်ရက်ကို chamomile tea ၂ခွက် ကနေ ၃ခွက်သောက်သုံးခြင်းက သင့်ရဲ့ရာသီလာချိန်မှာ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ glycine ဓာတ်က ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပြေလျော့စေတဲ့အတွက် ရာသီလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

၄) အိပ်ချင်စိတ်ကို မြင့်တင်ပေးနိုင်ပါတယ်။
Chamomile tea တစ်ခွက်ကို မအိပ်ခင် မိနစ် ၃၀အလိုခန့်မှာ သောက်သုံးလိုက်ခြင်းက သင့်ရဲ့အိပ်မပျော်တဲ့ရောဂါကို သက်သာစေပါတယ်။ သင့်အာရုံကြောတွေနဲ့ သင့်ဦးနှောက်ကို အိပ်ချင်စိတ်ကိုမြင့်တင်ပေးတဲ့ဓာတ်ပေါင်းတွေ ပို့ပေးလိုက်နိုင်ပါတယ်။ သင့်ဦးနှောက်ကနေ serotonin ဆိုတဲ့ဓာတ်တွေထုတ်လုပ်ပေးပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။

၅) ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။
Chamomile tea မှာ သဘာဝအားဖြင့် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ bisabolol, apigenin နဲ့ charmazulene ဓာတ်ပေါင်း၃မျိုးက သင့်ခန္ဓာကိုယ်အတွက် အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုရှိပါတယ်။
၆) သွေးလှည့်ပတ်မှုကို ထိန်းညှိုပေးပါတယ်။
Chamomile tea က ဆီးချိုသမားတွေအတွက် သွေးထဲက သကြားဓာတ်ကိုထိန်းညှိုပေးနိုင်ပြီး ဂလူးကို့စ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ သွေးတိုးခြင်းကိုလည်း လျှော့ကျဖို့ ကူညီနိုင်ပါတယ်။ သွေးလည်ပတ်မှုနဲ့ စွမ်းအင်တွေကို ပုံမှန်ဖြစ်စေဖို့ ထိန်းညှိုပေးနိုင်ပါတယ်။

၇) ခေါင်းကိုက်ခြင်းနဲ့ MIGRAINES ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။ ထိုလက္ခဏာတွေကို သက်သာစေဖို့ chamomile tea က ကူညီနိုင်ပါတယ်။ ၄ခွက် ၅ခွက်ခန့်သောက်ခြင်းအားဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြီး သင့်ခန္ဓာကိုယ်ထဲက endorphins ဓာတ်တွေထုတ်လုပ်ပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။

၈) စိတ်ဖိစီးမှုလျော့ကျစေပါတယ်။
လေ့လာချက်တွေအရ ပုံမှန်သောက်သုံးခြင်းက အသက်ရှည်စေပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အတွက်ကြောင့်ပါ။ ပိုပြီး ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။ အဲဒါတွေကြောင့်ပဲ သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတာကြောင့် အသက်ပိုရှည်နိုင်ပါတယ်။

၉) အရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။
အရေပြားမှာ ယားယံခြင်း၊ အနီစက်ထွက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။ ယားယံတဲ့ နေရာတဝှိုက်ကို လိမ်းပေးခြင်းဖြင့်လည်း ယားယံခြင်း၊ အနီကွက်တွေထခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ သင့်အရေပြားကျန်းမာရေးအတွက် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။
https://www.healthyhubb.com/10-health-benefits-of-chamomile-tea/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။