ဘတ်စ်ကားစီးတဲ့အခါ မပြောဘဲ လိုက်နာသင့်သောအချက်များ (၂)

ရန်ကုန်မြို့မှာ လူဦးရေ ၆သန်းနီးပါးရှိပြီး ၂.၅သန်းခန့်က ဘတ်စ်ကားစီးပြီး သွားလိုရာသွားကြရတဲ့လူတန်းစားများပါတယ်။ ဘတ်စ်ကားတွေကို အားကိုးပြီး ကိုယ့်ရဲ့အလုပ်ခွင်၊ ကျောင်း၊ အိမ် စတာတွေကို အတူတကွ သွားနေကြတဲ့လူချင်းအတူတူ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိကြဖို့လိုပါတယ်။ အပြန်အလှန်ကိုယ်ချင်းစာတရားထားပြီး ခရီးသွားကြရတာက နေ့စဉ် သွားလိုရာသွားဖို့ ဘတ်စ်ကားစီးရတာချင်းတူပေမယ့် စိတ်ချမ်းသာပုံခြင်းကတော့ မတူပါဘူး။


လူတိုင်းက ကိုယ်သွားလိုရာကို ရောက်ဖို့ ဘတ်စ်ကားကို အားကိုးနေကြပေမယ့် ဘတ်စ်ကားစီးတဲ့အခါ ဘယ်သူကမှ စည်းကမ်းသတ်မှတ်ထားတာမျိုးမရှိဘဲ သိနားလည်သင့်တဲ့ အချက်လေးကို နားလည်ထားသင့်ပါတယ်။ အဲဒါမှ တစ်ခရီးတည်းအတူသွားကြတာချင်းအတူတူ အဆင်ပြေစေမှာဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ဘတ်စ်ကားစီးရင်း စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကိစ္စလေးတွေရှိရင် အခြားသူတွေလည်း ဆင်ခြင်လို့ရအောင် မျှဝေပေးသွားပါအုံးနော်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။