ဘတ်စ်ကားစီးတဲ့အခါ မပြောဘဲ လိုက်နာသင့်သော အချက်များ

ရန်ကုန်မြို့မှာ လူဦးရေ ၆သန်းနီးပါးရှိပြီး ၂.၅သန်းခန့်က ဘတ်စ်ကားစီးပြီး သွားလိုရာသွားကြရတဲ့လူတန်းစားများပါတယ်။ ဘတ်စ်ကားတွေကို အားကိုးပြီး ကိုယ့်ရဲ့အလုပ်ခွင်၊ ကျောင်း၊ အိမ် စတာတွေကို အတူတကွ သွားနေကြတဲ့လူချင်းအတူတူ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိကြဖို့လိုပါတယ်။ အပြန်အလှန်ကိုယ်ချင်းစာတရားထားပြီး ခရီးသွားကြရတာက နေ့စဉ် သွားလိုရာသွားဖို့ ဘတ်စ်ကားစီးရတာချင်းတူပေမယ့် စိတ်ချမ်းသာပုံခြင်းကတော့ မတူပါဘူး။ လူတိုင်းက ကိုယ်သွားလိုရာကို ရောက်ဖို့ ဘတ်စ်ကားကို အားကိုးနေကြပေမယ့် ဘတ်စ်ကားစီးတဲ့အခါ ဘယ်သူကမှ စည်းကမ်းသတ်မှတ်ထားတာမျိုးမရှိဘဲ သိနားလည်သင့်တဲ့ အချက်လေးကို နားလည်ထားသင့်ပါတယ်။ အဲဒါမှ တစ်ခရီးတည်းအတူသွားကြတာချင်းအတူတူ အဆင်ပြေစေမှာဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ဘတ်စ်ကားစီးရင်း စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကိစ္စလေးတွေရှိရင် အခြားသူတွေလည်း ဆင်ခြင်လို့ရအောင် မျှဝေပေးသွားပါအုံးနော်။


၁) အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ဦးစားမပေးဘဲ ကိုယ်အရင်ရောက်ဖို့အတွက် အတင်းတိုးတက်ခြင်း
၂) ထိုင်ခုံရလျှင် သက်ကြီးရွယ်အိုများ၊ ကလေးမိခင်နဲ့ ကလေးသူငယ်များ၊ သံယာတော်များ၊ မယ်သီလရှင်များကို နေရာမပေးခြင်း
၃) ကားအတွင်းထဲထိ ရှေ့ဆက်မတိုးဘဲ အပေါက်ဝတွင် ကန့်လန့်ပိတ်ရပ်ခြင်း၊ ငုတ်တုတ်ထိုင်နေခြင်း
၄) ဆင်းမယ့်မှတ်တိုင်ကို ဘဲလ်ကြိုမတီးခြင်း၊ ကြိုမအော်ခြင်း
၅) အရင်ဆင်းမယ့်သူကို မဖယ်ပေးဘဲ တံခါးနားတွင် ပိတ်ရပ်နေခြင်း
၆) ကားကြပ်ချိန်ကို အခွင့်ကောင်းယူပြီး အမျိုးသမီးများရဲ့ မတော်တရော်နေရာများကို ထိတွေ့ခြင်း
၇) ကွမ်းတံတွေးကို ထင်သလို ထွေးခြင်း၊ ပြတင်းပေါက်မှ အပြင်သို့ ထွေးချခြင်း
၈) ဖုန်းကို ကျယ်လောင်စွာ အော်ပြောခြင်း
၉) အနံပြင်းသော အစားအစာများကို လက်လွတ်စပယ်ကားပေါ်တင်လာခြင်း
၁၀) အဆင်ပြေသလို ရှေ့သို့မတိုးစီးဘဲ ဖုန်းကိုသာ အာရုံစိုက်ပြီးသုံးနေခြင်း
၁၁) အရက်သေစာ သောက်စားပြီး လူအများကြားအတင်းတိုးဝင်ခြင်း
၁၂) အုပ်စုလိုက်၊ အဖွဲ့လိုက် ဘတ်စ်ကားတိုးစီးပြီး ကားပေါ်မှ မိန်းကလေးများကို စနောက်၊ ရယ်မောခြင်း
ကျွန်တော်တို့ ဘတ်စ်ကားစီးရင်း အမြဲလို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကိစ္စလေးတွေမှာ အချင်းချင်း ဆင်ခြင်ကြည့်လိုက်ရရင် မကောင်းဘူးလား။ အခြားသူတွေလည်း စိတ်အနှောင့်အယှက်မဖြစ်ရတော့သလို၊ ကိုယ်လည်း စိတ်အနှောင့်အယှက်ကင်းသွားတာပေါ့။ အားလုံးလည်း ဒီအချက်တွေဖတ်ကြည့်ပြီး တွေးဆဆင်ခြင်နိုင်ကြပါစေနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။