အောင်မြင်မှုက သိပ်မ‌ဝေးတော့ပါဘူး။ အဲဒါကြောင့်စိတ်ရှည်စွာနဲ့ကြိုးစားပါ။

ဒီစကားလေးကြားရတဲ့အခါ ပြန်ပြီးအားတက်လာသလိုခံစားရမှာပါ။ တခါတလေကျရင် ဘဝမှာ အသည်းအသန် ကျားကုတ်ကျားခဲကြိုးစားနေရင်း ထင်သလိုဖြစ်မလာတဲ့အခိုက်တွေလည်း ကြုံရမှာပါနော်။ အဲဒီအခါမှာ ဒီလောက်ကြိုးစားနေရဲ့သားနဲ့ ဖြစ်မလာရကောင်းလားဆိုပြီး အားလျော့တတ်ပါတယ်။ ဘယ်လောက်ကြိုးစားပါစေ ဖြစ်မလာနိုင်တော့ပါဘူးဆိုတဲ့ အတွေးတွေနဲ့ စိတ်ဓာတ်ကျလာသလို၊ ဆက်ပြီးကြိုးစားချင်စိတ်ပျောက်ဆုံးလာတတ်ပါတယ်။


အဲဒီ့လိုအချိန်မျိုးမှာ “ငါတကယ်လက်လျော့အရှုံးပေးလိုက်တော့မှာလား” ဆိုတဲ့အတွေးမျိုး ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် သေချာပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။

တကယ်လက်လျှော့လိုက်တော့မယ်ဆိုရင် ခုလက်ရှိအချိန်ထိ ဘယ်လောက်ခရီးရောက်ထားပြီလဲဆိုတဲ့အတွေးမျိုးပြန်တွေးကြည့်လိုက်ပါ။ ကိုယ်တကယ်အားသွန်ခွန်စိုက်ကြိုးစားထားတယ်ဆိုတဲ့အခါ နေရာတစ်ခုကိုတော့ရောက်နေမှာပါပဲ။ အဲဒီ့နေရာကို အပြီးသတ်စွန့်လွှတ်ပြီး ထားခဲ့ရမယ်၊ နောက်ပြန်လှည့်သွားမယ်ဆိုရင် အရာအားလုံးဟာ နံပါတ်တစ်က ပြန်စသလို အစကနေပြန်ဖြစ်သွားတော့မှာပါ။ အဲဒီ့အခါ ဘယ်လောက်တောင် နှမြောတသဖြစ်စရာကောင်းလိုက်မလဲ။
ကိုယ့်ရည်မှန်းချက်အားလုံးကို လွှတ်ချလိုက်ခါနီးအချိန်ဟာ ကိုယ့်ပန်းတိုင်နဲ့ သိပ်မလှမ်းမကမ်းမှာရောက်နေတယ်ဆိုရင်ရော……။ ထိုအတွေးလေးပြန်တွေးကြည့်လိုက်ပါနော်။

“When it looks impossible and you are ready to quit, victory is near!”
Tony Robbins ပြောတဲ့စကားလိုပါပဲ။ မဖြစ်နိုင်ဘူးလို့ ထင်ရပြီး သင်အဆုံးသတ်ဖို့အဆင်သင့်ဖြစ်နေချိန်မှာ အောင်မြင်မှုက သင်နဲ့အနီးလေးမှာဖြစ်နေတတ်ပါတယ်နော်။
တခါတလေမှာ ကိုယ့်ပန်းတိုင်နဲ့လက်တစ်ကမ်းကိုရောက်နေတာကို မသိဘဲ ဇွဲလျော့မိခြင်းက ကိုယ့်ရဲ့ပန်းတိုင်နဲ့လွဲချော်သွားနိုင်ပါတယ်။
ဘယ်လိုဖြစ်ဖြစ် ကိုယ့်ကြိုးစားမှုကြောင့် နောက်ဆုံးမှာ ဇွဲဆုအဖြစ် နေရာတစ်နေရာတော့ ရမှာပါပဲ။
Your Victory is right around the corner. Never give up.
သင့်အောင်မြင်မှုဟာ သင့်အနားရောက်နေပါပြီ၊ အဲဒါကြောင့် သင်အရှုံးမပေးလိုက်ပါနဲ့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။