အရာအားလုံးကို အကောင်းမြင်တတ်လာတဲ့အခါ ပိုကံကောင်းလာတယ်လို့ထင်လာတတ်ပါတယ်။

လူတစ်ယောက်မှာ စိတ်ကျန်းမာရေးကောင်းဖို့လည်း အရေးကြီးပါတယ်။ အဲဒါကြောင့်သာ စိတ်သာရှင်စော၊ ဘုရားဟော ဆိုတဲ့အတိုင်း စိတ်ကျန်းမာရေးကအင်မတန်အရေးကြီးပါတယ်။ စိတ်ကျန်းမာတယ်ဆိုတာက စိတ်ပျော်ရွှင်နေတာ၊ စိတ်အေးချမ်းနေတာ၊ စိတ်အားတက်ကြွနေတာ၊ စိတ်တည်ငြိမ်နေတာ စိတ်နဲ့ပတ်သက်တဲ့အဆိုးခံစားချက်တွေမှန်သမျှ ဘာကိုမှ မခံစားနေတာမျိုးပါ။


အဲဒီလိုစိတ်ကျန်းမာနေတဲ့အခါ စိတ်ချမ်းသာနေပါတယ်။ စိတ်ချမ်းသာနေတဲ့အခါ စိတ်က အကောင်းဘက်ကိုချည်းတွေးနေပြီး အကောင်းမြင်စိတ်သာများနေပါတယ်။ အကောင်းမြင်စိတ်များနေတဲ့အခါ စိတ်အခန့်မသင့်တဲ့ကိစ္စအချို့မှာတောင်မှ အကောင်းကိုများများတွေးပြီး အဆိုးကိုနည်းနည်းပဲတွေးတော့တာမျိုးဖြစ်လာပါတယ်။ အဲဒီ့အတွက် စိတ်ကလည်း ပိုပြီးချမ်းသာရပြန်ပါတယ်။ အဆိုးကြုံလာရင်လည်း အများကြီး မခံစားရတော့ဘူးပေါ့။ စိတ်ကောင်းနေတဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်း တဖက်တလမ်းကနေ အကျိုးရှိစေပြန်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်မယ်၊ စိတ်ပျော်တဲ့အတွက် နေမကောင်းတာမျိုးဖြစ်လာခဲ့ရင်တောင် နလန်ထူဖို့အာရုံစိုက်နိုင်မယ် စတဲ့အကျိုးကျေးဇူးတွေကြောင့် ကိုယ့်ကို အများကြီးအကျိုးရှိစေပါတယ်။ တနည်းအားဖြင့် အကောင်းမြင်စိတ်ဖြစ်လာတာပေါ့။

အကောင်းမြင်စိတ်များနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတိထားကြည့်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က စိတ်ပျော်စရာတွေနဲ့ ကောင်းတဲ့အရာတွေကိုသာ ပိုပြီးအာရုံစိုက်နိုင်လာပါတယ်။ အဲဒါကြောင့် အကောင်းမြင်စိတ်ဖြစ်လာခြင်းက သင့်အတွက် ပိုကောင်းတဲ့အခြေအနေတစ်ခုကို ဖြစ်လာစေတယ်လို့ပြောနိုင်ပါတယ်။

ကိုယ့်မှာ စိတ်ကောင်းဝင်နေတဲ့အခါ ကိုယ့်မှာ ရှိနေတာတွေကို ပိုပြီးကျေးဇူးတင်တတ်လာပါမယ်။ ကိုယ့်မှာရှိတာတွေအာရုံစိုက်မိတဲ့အခါ ကိုယ်ရဲ့အခြားသူတွေထက်ကံကောင်းတဲ့အချက်ကို ပိုသိလာတာပေါ့။ ကံကောင်းခြင်းကိုအာရုံစိုက်နိုင်လာလေလေ ကိုယ့်ဘဝရဲ့ကံကောင်းခြင်းတွေကို ပိုမြင်လာလေလေပါပဲ။ အဲဒါကြောင့် “Be thankful for what you have; you’ll end up having more. If you concentrate on what you don’t have, you will never, ever have enough.”– Oprah Winfrey ပြောထားသလို ကိုယ့်မှာရှိထားတာကို ကျေးဇူးတင်တတ်လာလေလေ ကိုယ့်မှာပိုရှိလာလေလေ၊ ကိုယ့်မှာမရှိတာတွေကို အာရုံစိုက်လာလေလေ ဘယ်တော့မှပြီးပြည်စုံတယ်ဆိုတာလည်း ရှိလာမှာမဟုတ်တော့ပါဘူး။

အဲဒါကြောင့် ကိုယ့်မှာ အကောင်းမြင်စိတ်ထားတတ်ဖို့လိုတယ်လို့ပြောကြတာပါ။ ကိုယ့်ရဲ့အကောင်းမြင်စိတ်ကြောင့် ကိုယ့်စိတ်ချမ်းသာခြင်းကို ပြန်ပြီးသက်ရောက်သလို၊ ကိုယ့်ကျန်းမာရေးလည်းပိုကောင်းလာပါတယ်။ ကိုယ့်ရဲ့ကံကောင်းခြင်းတွေကိုလည်းပိုမြင်တတ်လာစေပါတယ်။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ်ပိုကံကောင်းတယ်လို့တွေးလာတတ်ပါတယ်။ စိတ်ချမ်းသာခြင်းနဲ့ အကောင်းမြင်ခြင်းဟာ အဲဒါကြောင့် ဆက်စပ်နေတာဖြစ်ပါတယ်။
အကောင်းမြင်တတ်လာရင်လည်း ပိုစိတ်ချမ်းသာလာစေတာပေါ့။ အဲဒါကြောင့် အကောင်းမြင်တတ်အောင် ကြိုးစားဖို့လိုပါတယ်လို့ဖော်ပြလိုက်ပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။