"အတွေးလွန်ခြင်းကို အမြန်ဆုံးထိန်းနိုင်မယ့်နည်းလမ်း ၅ချက်"

အခုချက်ချင်းပြုပြင်သင့်သောအချက်များထဲမှာ အတွေးလွန်ခြင်းလည်းပါဝင်ပါတယ်နော််။ အတွေးလွန်တယ်ဆိုတာက လက်ရှိဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းရမှာထက် မဖြစ်လာသေးတဲ့ဆိုးကျိုးတွေကိုပါတွေးပြီး ပူပန်သောကဖြစ်နေတာမျိုးပါ။ အဲဒီ့အခါ လက်ရှိပြဿနာကိုဖြေရှင်းဖို့ရာ အဖြေမထွက်နိုင်သလို၊ လက်ရှိအချိန်လည်း ပူပန်နေရတာနဲ့တင်အချိန်အလကားကုန်ဆုံးသွားစေပါတယ်။ လူလည်း စိတ်ဖိစီးပြီး သောက‌‌ရောက်ရတဲ့အတွက် စိတ်ကျန်းမာရေးကိို ထိခိုက်စေနိုင်ပါတယ်။ အဲဒါအပြင် အဲဒီ့လို အတွေးလွန်တတ်ခြင်းက အကျင့်တခုဖြစ်သွားမယ်၊ အချိန်မီမပြုပြင်ဘူးဆိုရင် စိတ်ထိခိုက်မှုများလာပြီး သင့်ရဲ့ကိုယ်ကျန်းမာရေးကိုပါ ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်။


အဲဒါကြောင့် အခုချက်ချင်းပြုပြင်သင့်တဲ့အကျင့်ဖြစ်ပါတယ်။

၁) အတွေးလွန်ခြင်းက သင့်ကိုကောင်းကျိုးမဖြစ်စေဘူးဆိုတာ မှတ်ထားပါ။
သင့်ရဲ့စွမ်းအင်နဲ့လက်ရှိအချိန်ကိုသာ ကုန်ဆုံးစေပါတယ်။
၂) အတွေးလွန်တဲ့အခါ ကိုယ့်အတွေးတွေကိုပြန် ထိန်းချုပ်ဖို့ သတိပေးတဲ့အကျင့်လုပ်ပါ။
၃) တစ်နေ့ကို မိနစ်၂၀ခန့် တရားထိုင်တာ၊ ဝင်လေထွက်လေမှတ်တာမျိုးလုပ်ပေးပါ။
၄) လက်တွေ့ပြဿနာနဲ့ အတွေးလွန်တဲ့မဖြစ်သေးတဲ့ပြဿနာကို သေချာခွဲခြားသုံးသပ်ပါ။
၅) ကိုယ့်ကိုယ်ကိုယ်စိတ်ရှည်ပါ၊ အတွေးလွန်ခြင်းကို အချိန်တိုင်းသတိကပ်ပြီး ပြုပြင်ဖို့ အလေ့အကျင့်လုပ်ကြည့်ပါ။

အထက်ပါ အဓိက အချက် ၅ချက်ကိုသာ သတိထားပြီးလုပ်ကြည့်သင့်ပါတယ်။ တကယ်တမ်းလုပ်ကြည့်ပြီး အလေ့အကျင့်တစ်ခုလို ကျင့်ယူသွားရင် သင့်စိတ်ထဲမှာဖြစ်ပေါ်််လာတဲ့အတွေးလွန်ခြင်းအကျင့်ဆိုးကို တဖြည်းဖြည်းချင်းပြုပြင်နိုင်လာမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။