အသည်းကျန်းမာရေးအတွက် အထောက်အကူပြုသောအစားအစာများ

သင့်ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်ပေါင်း ၅၀၀ကျော်ကို ဆောင်ရွက်ပေးနေတဲ့ သင့်အသည်းက သင့်အတွက် အကြီးမားဆုံးကိုယ်တွင်းအဂါၤတစ်ခုပါပဲ။ အဲဒါကြောင့် သင့်အသည်းကျန်းမာဖို့ မှန်ကန်တဲ့အစားစာတွေကို စားသုံးခြင်းဖြင့် ထိန်းသိမ်းဖို့ အရမ်းကိုအရေးကြီးပါတယ်။ အခုဖော်ပြပေးထားတဲ့အစားအစာတွေကတော့ သင့်အသည်းရဲ့လုပ်ဆောင်ချက်တွေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်မယ့်အစားအစာတွေပဲဖြစ်ပါတယ်။


၁) ရှောက်ခါးသီး (Grapefruit)
ခါးသောရှောက်သီးအမျိုးအစားအသီးမှာ ဗီတာမင်စီများပြားစွာပါဝင်ပြီးတော့ အင်ဒီအောက်ဆီဒင့်တွေလည်း ပါဝင်တဲ့အတွက် သင့်အသည့်ကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။
ထိုအသီးထဲမှာ ပါဝင်တဲ့ အင်ဒီအောက်ဆီဒင့်တွေက ဆဲလ်တွေပျက်ဆီးခြင်းနဲ့ ယောင်ရမ်းခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
ရှောက်ခါးသီးကရတဲ့အရည်နဲ့ ကြွက်တွေကို စမ်းသပ်ရာမှာ အသည်းကိုပျက်ဆီးစေတဲ့ DNA တွေကို ရှောက်ခါးသီးကရတဲ့အရည်က တိုက်ဖျက်နိုင်တယ်ဆိုတာကို ဂျပန်မှာ ၂၀၀၄ခုနစ်က လေ့လာတွေ့ရှိခဲ့ပါတယ်။
၂) စပျစ်သီး
စပျစ်သီးရဲ့အစေ့မှာ ပါဝင်တဲ့ဓာတ်တွေက အသည်းအဆီဖုံးရောဂါခံစားနေရတဲ့ဝေဒနာရှင်တွေရဲ့အသည်းလုပ်ဆောင်ချက်တွေကို ပြန်လည်တိုးတက်စေနိုင်တယ်လို့ အီရန်နိုင်ငံ Tabriz University က Department of Drug Applied Research Center မှ လေ့လာသူတွေက ပြောပြခဲ့ပါတယ်။
စပျစ်သီးနဲ့ စပျစ်သီးအစေ့တွေက အသည်းပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပြီး
အင်ဒီအောက်ဆီဒင့်တွေကို တိုးပွားစေတဲ့အတွက် အသည်းယောင်ခြင်းတွေကိုလည်း တိုက်ဖျက်ဖို့ကူညီပေးနိုင်ပါတယ်လို့ ဘရာဇီးနိုင်ငံ Federal University မှ လေ့လာသူတွေကလည်း ဖော်ပြခဲ့ကြပါတယ်။
၃) ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာစေတဲ့အဆီဓာတ်တွေနဲ့ အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုထိန်းထားပေးနိုင်ပါတယ်။ Glutathione လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုက ထောပတ်သီးထဲမှာပါဝင်ပါတယ်။ ထိုဒြပ်ပေါင်းက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
လေ့လာသူတွေက ထောပတ်သီးမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေက အသည်းပျက်ဆီးခြင်းကို လျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
၄) အခွံမာအသီးများ
အခွံမာအသီးတွေကို စားသုံးခြင်းက အသည်းရဲ့ အင်ဇိုင်းတွေကို တိုးတက်စေခြင်းနဲ့ ဆက်စပ်နေပါတယ်။ NFLD (nonalcoholic Fatty live diseases) အသည်းရောဂါဖြစ်နေတဲ့လူနာတွေအတွက် အသည်းရဲ့အင်ဇိုင်းတွေကို တိုးတက်လာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
World Journal of Gastroenterology မှာတော့ အသည်းရောဂါဆိုးရွားလာခြင်းအန္တရာယ်ကို အခွံမာသီးတွေက ဘယ်လိုသက်သာစေနိုင်သလဲဆိုတာကို ရှင်းပြတဲ့စာတစ်စောင် ဖော်ပြပါရှိခဲ့ပါတယ်။
၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဆိုတာ ဘာလဲ၊ အဲဒါက အသီးအရွက်လား၊ ဆေးဖက်ဝင်အပင်လား။ ဆိုတဲ့ စကားရည်လုပွဲအဆုံးမှာ ကြက်သွန်ဖြူဟာ အသည်းအတွက် အလုပ်လုပ်ပေးတဲ့အင်ဇိုင်းတွေကို ပိုပြီး တက်ကြွစေနိုင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားစေနိုင်တယ်ဆိုတာ သိလာခဲ့ကြပါတယ်။
allicin နဲ့ selenium ဆိုတဲ့ဒြပ်ပေါင်းတွေက အသည်းကို သန့်စင်စေပါတယ်။
၆) သံလွင်ဆီ
သံလွင်ဆီမှာ စွမ်းအားမြင့်အက်ဒီအောက်ဆီဒင့်တွေပါဝင်ပါတယ်။
အသည်းထဲက အင်ဇိုင်းတွေတိုးပွားစဉ်တွင် သွေးစီးဆင်းမှုကောင်းစေပြီး အသည်းအတွက်မကောင်းတဲ့အဆီတွေကို လျော့ကျစေနိုင်တယ်လို့ ယူဆရတဲ့အကြောင်း World Journal of Gastroenterology မှာဖော်ပြပါရှိပါတယ်။
၇) အဆီများတဲ့ငါး
World Journal of Gastroenterology မှာဖော်ပြထားတဲ့ဆောင်းပါးအရ အဆီများတဲ့ငါးတွေက အဆီတွေစုပြုံခဲခြင်းကိုကာကွယ်ပေးနိုင်ပြီး ယောင်ရမ်းခြင်းကိုတိုက်ဖျက်နိုင်ပါတယ်၊ အသည်းထဲကအင်ဇိုင်းတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ .
၈) လီမွန်နဲ့ သံပုရာသီးများ
These citrus fruits are high in vitamin C. The journal entry published on Plants Consumption and Liver Health suggests that these fruits may reduce liver damage.
ရှောက်သီးအနွယ်ဝင်အမျိုးအစားအသီးတွေမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ Plants Consumption and Liver Health ဂျာနယ်က ထိုအသီးတွေက အသည်းပျက်ဆီးခြင်းကိုလျော့ချပေးနိုင်တယ်လို့ အကြံပေးထားပါတယ်။
၉) ဘယ်ရီသီးများ
ဘယ်ရီးသီးကဲ့သို့ သေးငယ်သော အသီးလေးများက နူးညံ့ပြီး အရည်ရွမ်းတဲ့အပြင် အက်ဆီအောက်ဆီဒင့်များ မြင့်မားစွာပါဝင်ပါတယ်။ Antioxidants များက အသည်းပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
သင့်ရဲ့အစားအစာတွေထဲမှာ ဘလူးဘယ်ရီသီးကို ထည့်သွင်းစားသောက်ခြင်းက ခန္ဓာကိုယ်မှာ
ခုခံစွမ်းအားတိုးစေတဲ့ဆဲလ်တွေနဲ့ Antioxidants တွေကို တိုးပွားစေအောင် ကူညီနိုင်တယ်လို့
World Journal of Gastroenterology က ဖော်ပြထားပါတယ်။
https://www.health24.com/Medical/Liver-Health/Diet-and-your-liver/10-foods-that-are-good-for-your-liver-20180821 မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။