အဆစ်နာခြင်းများအတွက် စားသင့်သော အစားအစာများ

သင့်ဒူးနာခြင်းက အရမ်းကိုဆိုးဝါးနေသလား၊ ထိုင်ထခြင်းတွေမှာ အဆင်မပြေတာကြာပြီလား။ အဆစ်နာခြင်းတွေဖြစ်ပေါ်နေတယ်ဆိုရင် သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းတွေက အဆစ်အမြစ်နာကျင်ခြင်းကြောင့်ဖြစ်နိုင်ချေများပါတယ်။ မတော်တဆထိခိုက်မှု၊ အဆစ်အမြစ်ရောင်ရောဂါ၊ ပခုံးနာခြင်း စတဲ့ရောဂါတွေဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုရောင်ရမ်းတဲ့ရောဂါတွေက နာတာရှည်သဘောမျိုးဖြစ်နေတယ်ဆိုရင် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အစားအစာမျိုးတွေရွေးချယ်စားသောက်ပေးသင့်ပါတယ်။ သင့်နာကျင်မှုတွေကို သဘာဝနည်းလမ်းနဲ့သက်သာစေပါလိမ့်မယ်။ အောက်ပါ အစားအစာ ၇မျိုးက ရောင်ရမ်းခြင်းဖြစ်ပေါ်စေတဲ့အခြေအနေတွေကို သက်သာစေပါတယ်။


၁) ချယ်ရီသီးများ
“eat the rainbow” ဆိုတဲ့စကားလိုပဲ ဆိုလိုချင်တာက အရောင်စုံတဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားပေးပါလို့ ပြောချင်တာဖြစ်ပါတယ်။ အရောင်စုံတဲ့အသီးတွေမှာ antioxidants တွေပါဝင်တာကြောင့် စားခိုင်းတာဖြစ်ပါတ်။ ချယ်ရီသီမှာ anthocyanins လို့ခေါ်တဲ့ antioxidants ပါဝင်ပါတယ်။ ထိုဓာတ်က ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ချယ်ရီသီးစားခြင်းက နာကျင်ခြင်းတွေနဲ့ ရောင်ရမ်းခြင်းတွေကိုသက်သာစေတာကိုတွေ့ရပါတယ်။ ဂေါက်ရောဂါကဲ့သို့ရောဂါမျိုးတွေကို သက်သာစေပါတယ်။ အဆစ်အမြစ်ရောင်ရောဂါပုံစံမျိုးဖြစ်ပေါ်ခြင်းကို သက်သာစေပါတယ်။

၂) ဂျင်း
ဂျင်းကို ဟင်းချက်ပြုတ်စားသောက်ရာတွင်လည်း ထည့်တတ်ကြပါတယ်။ ဂျင်းမှာ antioxidants တွေအများကြီးပါဝင်ပါတယ်။ gingerol ဓာတ်ကလည်း အစွမ်းရှိတဲ့ဆေးဘက်ဝင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဂျင်းကိုပုံမှန်စားသုံးပေးခြင်းက ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေကိုသက်သာစေါပတယ်။ ဂျင်းမှာ antioxidants တွေအပြင် ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ အကျိုးသက်ရောက်မှုပါရှိပါတယ်။ အဆစ်အမြစ်ရောင် ရောဂါသည်တွေကို ဂျင်းပုံမှန်စားသုံးခိုင်းတဲ့အခါမှာ ရောဂါ ၄၀ရာခိုင်နှုန်းထိလျော့ကျစေတာတွေ့ရပါတယ်။

၃) ငါး
ငါးက ရတဲ့အဆီအချို့ကို အဆစ်အမြစ်ရောင်သမားတွေအတွက် ညွှန်းပေးနိုင်ပါတယ်။ omega-3 fatty acids ပေါများတဲ့အတွက်ကြောင့်ပါ။ omega-3 fatty acids ကရောင်ရမ်းခြင်းကိုသာ လျော့ကျစေတာမကပါဘူး၊ ခန္ဓာကိုယ်ထဲသွေးစီးဆင်းလည်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။ ငါးရဲ့အဆီတွေထဲမှာပါဝင်တဲ့ EPA နဲ့ DHA တွေက အဆစ်အမြစ်ရောင်ခြင်း၊ နာကျင်ခြင်းတွေနဲ့ဆက်စပ်နေတဲ့ မကောင်းတဲ့ပရိုတင်းဓာတ်တွေထုတ်လုပ်ခြင်းကို ကန့်သတ်ပေးနိုင်ပါတယ်။ ငါးမှာ vitamin D နဲ့ calcium လည်းပါဝင်တဲ့အတွက် အရိုးသန်မာစေပါတယ်။ အရိုးသန်မာခြင်းကလည်း သင့်ရဲ့အဆစ်အမြစ်တွေကို အထောက်အကူဖြစ်စေပါတယ်။

၄) Flaxseed
လေ့လာချက်တွေအရ flaxseed တွေမှာလည်း ခန္ဓာကိုယ်ကရောင်ရမ်းမှုကိုလျှော့ကျစေတဲ့ကွန်ပေါင်းတွေပါဝင်ပါတယ်။ DHA နဲ့ EPA ဓာတ်တို့လိုပဲ prostaglandins ဆိုတဲ့ဓာတ်ပါဝင်ပြီး ထိုဓာတ်က ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ flaxseed နှစ်ဇွန်းခန့်စားသုံးခြင်းက တစ်နေ့တာမှာ လိုအပ်တဲ့ omega- 3 fatty acids ၁၄၀ရာခိုင်နှုန်းခန့်ရရှိစေပါတယ်။

၅) သစ်ကြားစေ့
ငါးနဲ့ အခွံမာသီးတွေလိုပါပဲ သစ်ကြားစေ့ကိုစားသုံးခြင်းကလည်း omega-3s နဲ့ antioxidants တွေပါဝင်ပါတယ်။ ထိုဓာတ်၂မျိုးလုံးက ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ အမျိုးအစားနှစ်ဆီးချိုနဲ့ ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်း သက်သာစေပါတယ်။ အချို့သောလေ့လာချက်တွေအရ အခွံမာသီးတွေက ဝိတ်ကျစေပြီး အနည်းငယ်စားသုံးရင်တောင် ဗိုက်ပြည့်နေစေပါတယ်။

၆) ကိုက်လန်
ကိုက်လန်ကို superfood လို့တောင်တင်စားကြပါတယ်။ အစိမ်းရင့်ရောင်အရွက်ဖြစ်တဲ့အတွက် အဆစ်အမြစ်ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ flavonoids ဆိုတဲ့ antioxidant ပါဝင်ပါတယ်။ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ကော်လိပ်ဂျင်တွေဖြစ်ပေါ်စေပါတယ်။ ကြွက်သားနဲ့အဆစ်အမြစ်တေါကို အထောက်အကူဖြစ်စေပါတယ်။ ကယ်လဆီယမ်ပါဝင်မှုကြောင့်လည်း အရိုးတွေသန်မာစေပါတယ်။ ကိုက်လန်ကိုပုံမုန်စားသုံးခြင်းက ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။
သတိထားရမှာက ကိုက်လန်ကို အစိမ်းစားခြင်းကတော့ သိုင်းဂွိုက်လုပ်ဆောင်ချက်ကို မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ တကယ်လို့များသင့်မှာ သိုင်းဂွိုက်နဲ့ပတ်သက်တဲ့ပြဿနာရှိနေခဲ့ရင်တော့ ကိုက်လန်စားသုံးဖို့ မသင့်ပါဘူး။

၇) ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာစေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ oleic acid ဆိုတဲ့ဓာတ်က fatty acid အမျိုးအစားပဲဖြစ်တာမို့ ခန္ဓာကိုယ်က ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။
အထက်က ဖော်ပြထားတဲ့အချက်ထဲက စားစရာတွေက ရောင်ရမ်းခြင်းကိုလျော့ကျစေပြီး အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ သူတို့ရဲ့အာဟာရဓာတ်တွေကြောင့် အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။
http://www.organicwelcome.com/7-foods-to-eat-with-joint-…/8/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။