အလုပ်ခွင်မှာ အိပ်ငိုက်နေတဲ့အခါ လုပ်သင့်တဲ့အချက်များ

လူတိုင်းနီးပါး အလုပ်ခွင်မှာ တစ်ကြိမ်တစ်ခါတော့ အိပ်ငိုက်ဖူးကြတာချည်းပါပဲ။ အဲဒါက ဘာမှကြီးကျယ်တဲ့ကိစ္စမဟုတ်ပေမယ့် သင်တကယ်အိပ်ငိုက်တဲ့အချိန်မှာတော့ သင့်ရဲ့အလုပ်တွေမှာ အမှားအယွင်းတွေဖြစ်လာတာမျိုး၊ အလုပ်မှာ စိတ်မပါတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ သင့်အထက်လူကြီးက မြင်သွားတာမျိုးဖြစ်ရင်တော့ သင့်အတွက် မကောင်းနိုင်ပါဘူး။ ဒီနေ့လို အပြိုင်အဆိုင်များပြီး တိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာ အလုပ်ခွင်ထဲအိပ်ငိုက်နေလို့လည်း အလုပ်ကမပြီးမြောက်နိုင်၊ စိတ်မလန်းလူမလန်းဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် နိုးကြားတက်ကြွနေပြီး ဖြတ်လတ်စွာအလုပ်လုပ်နိုင်ဖို့လိုပါတယ်။ အဲဒါကြောင့် ဘယ်လိုနည်းလမ်းလေးတွေသုံးပြီ အလုပ်ခွင်မှာ အိပ်ငိုက်ခြင်းကို ဖြေရှင်းကြမလဲဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အနည်းငယ်လှုပ်လှုပ်ရှားရှားလုပ်ပါ။
အချိန်အတော်ကြာအောင် ထိုင်နေပြီး တခုကို အာရုံစိုက်လုပ်နေခြင်းက သင့်ကိုပိုပြီးအိပ်ငိုက်စေပါတယ်။ အဲဒါကြောင့် အနည်းငယ်ထုံထိုင်းလေးလံလာပြီလို့ထင်တဲ့အခါ ထပြီး လမ်းလျှောက်တာ၊ ဟိုသွားဒီသွားခဏတဖြုတ်လုပ်ကြည့်လိုက်ပါ။ ၁၀မိနစ် ၁၅မိနစ်ခန့် လမ်းလျှောက်တာမျိုး လှုပ်ရှားတာမျိုးလုပ်ကြည့်လိုက်ပါနော်။ သင့်ရဲ့ခန္ဓာကိုယ်ကို အချိန်အကြာကြီး ထိုင်ပြီး ငြိမ်နေတာထက် လှုပ်ရှားမှုရှိဖို့လည်း လိုအပ်ပါတယ်။ အမြဲတမ်းတော့ လှုပ်ရှားနေစရာမလိုပေမယ့်လည်း အမြဲတမ်းလည်း အထိုင်များနေတာက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒါကြောင့် သတိရတိုင်း ခန္ဓာကိုယ်၊ ခြေလက်လှုပ်ရှားပြီး active ဖြစ်အောင်နေပါ။

၂) ခဏတဖြုတ်မှေးလိုက်ပါ။
၁၅မိနစ် (သို့) မိနစ် ၃၀ခန့်ခဏတဖြုတ်မှေးလိုက်ပါ။ မအိပ်ပျော်ပေမယ့် မျက်လုံးကိုခဏအနားပေးပြီး အနားယူ၊ ပြေလျော့တဲ့ပုံစံမျိုး၊ ခဏတဖြုတ် အားလပ်ချိန်ယူတာမျိုးပေါ့။ တကယ်အိပ်ပျော်သွားမယ်လို့ထင်ရင်တော့ alarm လေးပေးထားဖို့တော့မမေ့ပါနဲ့အုံး။ တော်ကြာ တနေကုန်အိပ်ပျော်သွားရင်တော့ သင့်အပြစ်ပါပဲနော်။ အမှန်တော့ မျက်လုံးတွေရော ခန္ဓာကိုယ်ရော ၊ ဦးနှောက်ရော ခဏတဖြုတ်အနားပေးလိုက်တဲ့သဘောပါ။

၃) မျက်လုံးကိုခဏအနားပေးပါ။
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ကွန်ပျူတာနဲ့အလုပ်လုပ်ကြတာမို့ အချိန်ကြာကြာ မရွေ့မပြောင်းဘဲ အာရုံစိုက်နေခြင်းက သင့်ကို မျက်ခွံတွေလေးလံလာစေပါတယ်။ အဲဒါကြောင့် သင့်မျက်လုံးကို ကွန်ပျူတာဆီကနေ ခဏအနားပေးပါ။ screen ကြည့်ခြင်းကို အနားပေးပြီး ပတ်ဝန်းကျင် တခြားအရာတွေကို ကြည့်ပါ။ အမြင်အာရုံကစားလိုက်ပါ။ ခဏအနားပေးလိုက်၊ အလုပ်ပြန်ုလုပ်လိုက်၊ တစ်နာရီခြားတစ်ခါလို ဒါမှမဟုတ် ၂နာရီခြားတစ်ခါလို လုပ်ကြည့်ပါနော်။

၄) ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆာပြေစားပေးပါ။
(သတိပေးချက်။ အသင့်စားအစားအစာတွေ စားဖို့ တိုက်တွန်းတာမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွှတ်ပြီး သင်အိပ်ချင်ပြေစေမယ့် အစားအစာမျိုးကိုပြောချင်တာဖြစ်ပါတယ်)
သင့်ကိုစွမ်းအင်တိုးစေပြီး သင်အိပ်ငိုက်လာချိန်တိုင်း အလွယ်တကူလည်းစားနိုင်အောင် သင့်အလုပ်စားပွဲနားမှာ အဆာပြေပုံစံမျိုး ထားသင့်ပါတယ်။ ဥပမာ၊ ပန်းသီး ဒါမှမဟုတ် သစ်တော်သီးလိုမျိုး၊ ဟင်းသီးဟင်းရွက်သုပ်လိုမျိုး၊ အသီးဖျော်ရည်လိုမျိုးပေါ့ ။

၅) ရေသောက်ပါ။
တစ်နေ့ကို ရေ၂လီတာခန့်သောက်သင့်ပါတယ် ဒါမှမဟုတ် ဂါလန်ဝက်ခန့်သောက်သင့်ပါတယ်။ သင်မောပန်းနေတယ်လို့ခံစား၇တယ် ဒါမှမဟုတ် အိပ်ငိုက်နေတယ်ဆိုရင် ၁၀မိနစ် ၁၅မိနစ်ခန့်ခြားပြီး ရေသောက်သင့်ပါတယ်။

၆) နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့အကျင့်လေးလုပ်သင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းကို သင့်ကိုပိုပြီးမောပန်းစေတယ်လို့ထင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာပါ။ ဒါပေမယ့် တကယ်က လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့အတွက် သင့်ရဲ့ခံစားမှုတွေပြောင်းလဲပေးနိုင်သလို၊ သင့်ကိုပိုပြီး ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် ၄၅မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေပါတယ်။
အထက်ကအချက်လေးတွေကို မျှတအောင်လုပ်ကြည့်ရင်း အလုပ်ခွင်မှာ အိပ်ငိုက်လို့ မလန်းမဆန်းဖြစ်ခြင်းကို ကျော်လွှားနိုင်ပါတယ်။ ဒါပေမယ့် energy drinks နဲ့ ကော်ဖီတွေကိုတော့ အတတ်နိုင်ဆုံး အလွန်အကျွံ့ဖြစ်အောင် မသောက်သင့်သလို၊ နေ့စဉ်ရက်ဆက်မသောက်သုံးသင့်ပါဘူး။
https://themindsjournal.com/do-this-when-you-feel-sleepy-at-work/2/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။