အလုပ်ခွင်မှာ အာရုံစူးစိုက်မှုကောင်းစေမယ့်နည်းလမ်း ၅မျိုး

လူနှစ်မျိုးရှိပါတယ်။ အလုပ်မှအလုပ်ဖြစ်နေကြတဲ့လူမျိုးနဲ့ အလုပ်ခွင်မှာ အာရုံစူးစိုက်ဖို့ခက်ခဲနေတဲ့သူမျိုးရယ်လို့ ဖြစ်ပါတယ်။ ဒုတိယလူအမျိုးအစားကတော့ ပိုများတယ်လို့သိရပါတယ်။ အာရုံစူးစိုက်မှု့ကို အဓိက နှောင့်ယှက်တတ်တဲ့အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ။ စကားပြောခြင်း၊ လူမှုကွန်ရက်နဲ့ အခြားသောအကြောင်းအရာအများကြီးပါပဲ။ အဲဒီလိုပါပဲ အလုပ်ခွင်မှာ အာရုံစူးစိုက်မှုကောင်းစေမယ့်နည်းလမ်းတွေကလည်း အများကြီးပါပဲ။ အဲဒီ့အထဲကမှ သင့်ကိုတကယ်အထောက်အကူဖြစ်စေမယ့် နည်းလမ်း ၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်အလုပ်ခွင်မှာ စိတ်တက်ကြွမှုကိုရှာပါ။
လူတိုင်းက စီးပွားရေးတစ်ခုခု ဒါမှမဟုတ် အလုပ်တစ်ခုခုကိုစတင်တဲ့အခါမှာ အကြောင်းပြချက်တော့ရှိကြပါတယ်။ ဒါပေမယ့် အလုပ်ကိုကြာရှည်စွာလုပ်လာရတဲ့အခါမျိုး၊ ငြီးငွေ့လာတဲ့အခါမျိုးမှာတော့ ကိုယ့်ရဲ့ဦးတည်ချက်၊ ရည်မှန်းချက်ကို မေ့လျော့သွားတတ်ပါတယ်။ အဲဒါက အလုပ်ခွင်မှာ အာရုံစူးစိုက်မှုအားနည်းသွားရတဲ့ အဓိက အကြောင်းရင်းပါပဲ။ သင့်အလုပ်မှာ မောပန်းလာတဲ့အခါ၊ ဒါမှမဟုတ် အလုပ်တွေပြီးစီးအောင်လုပ်နိုင်သွားတဲ့အခါမျိုးမှာ နောက်ထပ်အလုပ်ကို အာရုံစိုက်ဖို့စိတ်မပါတတ်တော့ပါဘူး။
အဲဒီလိုဖြစ်နေပြီ ဒါမှမဟုတ် အဲဒီလိုခံစားနေရပြီဆိုရင် သင့်ရဲ့ ဦးတည်ချက်ကို ပြန်စဉ်းစားသင့်ပါတယ်။ ဒီနေ့ ဒီအလုပ်တွေကို ပြီးဆုံးအောင်လုပ်ရမှာ ဘာကြောင့်လဲလို့ပြန်တွေးတာမျိုး ဒါမှမဟုတ်ရင်လည်း ဒီအလုပ်လုပ်နေရတဲ့အကြောင်းရင်းက ဘာရည်မှန်းထားလို့လဲဆိုတာမျိုးတွေပေါ့။ အဲဒီလိုမျိုး အစကပြန်တွေးပြီး စိတ်တက်ကြွမှုရအောင်ပြန်လုပ်သင့်ပါတယ်။ “ငါနှောင့်နှေးနေလို့မဖြစ်ပါဘူး….ဒီနေ့ပြီးအောင်လုပ်မှဖြစ်မယ်” လို့ ကိုယ့်ကိုကိုယ်ပြန်တွေးပြီး အားပေးလိုက်တာမျိုးပါ။

၂) သင့်စားပွဲပေါ်မှာ တစုတစည်းထဲထားသင့်တဲ့အရာတွေကို စုစည်းထားပါ။
ပြောချင်တာက သင့်စားပွဲပေါ်မှာ ဟိုပစ္စည်းက တစ်ခု၊ ဒီပစ္စည်းက တစ်ခုနဲ့ ရှု့ပ်ပွပြီး လိုချင်တာရှာမယ်ဆို တစုတစည်းထဲမရှိတော့ ရှာမတွေ့ဖြစ်တတ်ပါတယ်။ စိတ်လည်း ပိုရှုပ်တတ်ပါတယ်။ အဲဒါကြောင့် သင့်စားပွဲမှာ တူရာတူရာ တစုတစည်းထဲ စုစည်းထားပါ။ အလုပ်ရှုပ်နေတဲ့အချိန်မျိုးမှာ ကိုယ်လိုချင်တာရှိ ချက်ချင်းရပြီး ရှာတွေ့နိုင်ပါတယ်။ စိတ်လည်း ပိုပြီးရှင်းနေတတ်ပါတယ်။

၃) သင့်ကွန်ပျူတာဝန်းကျင်မှာ အနှောင့်အယှက်မရှိတာသေချာပါစေ။
သင့်ကွန်ပျူတာဝန်းကျင်မှာ ပစ္စည်းပေါင်းစုံမွစာကြဲနေတာက သင့်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ဖိုင်တွေနဲ့ ထည့်ပြီး စနစ်တကျရှိနေခြင်းက သင့်အတွက် အမြင်ရှင်းသလို၊ အလုပ်လုပ်နေရင်း တခြားကိုလည်း အာရုံမရောက်စေတော့ပါဘူး။
ကွန်ပျူတာဝန်းကျင်မှာ ဖုန်မှုန့်တွေရှိနေခြင်းက သင့်ကို ကူးစက်ရောဂါတွေတောင် ရနိုင်ပါသေးတယ်။ အဲဒါကြောင့် သင့်ကွန်ပျူတာဝန်းကျင်ကို သန့်ရှင်းပြီး သပ်ရပ်အောင် ထားခြင်းက သင့်အတွက်ကျန်းမာရေးလည်း ပိုကောင်းနိုင်ပါတယ်။ အနှောင့်အယှက်လည်း ကင်းစေပါတယ်။

၄) ရေဓာတ်ပြည့်ဝပါစေ။
အလုပ်ကိုသာ စိတ်ရောက်နေပြီး ရေသောက်နည်းတဲ့အခါမှာလည်း အလုပ်ခွင်မှာ မောပန်းနေခြင်းက သင့်ကို အလုပ်ခွင်အတွင်း အာရုံစူးစိုက်မှုနည်းပါးစေပါတယ်။ သင့်အိမ်မှာနေသလို၊ အလုပ်ခွင်မှာလည်း သက်တောင့်သက်သာခံစားမှုမျိုးကို ခံစားရမှသာ သင်အလုပ်လုပ်ရတာ စိတ်ပါလက်ပါရှိပြီး အလုပ်တွေလည်း ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် အရမ်းအာရုံစူးစိုက်လို့မရနိုင်တော့ဘူးဆိုတဲ့ခံစားချက်မျိုးခံစားနေရတဲ့အခါ အားပြန်ပြည့်ဝလာအောင် ခဏတဖြုတ်အိပ်လိုက်တာမျိုး ဒါမှမဟုတ် သင့်ကိုသင် ခဏအနားပေးလိုက်တာမျိုးလုပ်ကြည့်ပါ။ အရမ်းရိုးရှင်းပြီး အကောင်းဆုံးနည်းလမ်းကတော့ ရေဓာတ်ပြည့်ဝအောင်နေခြင်း၊ ရေသောက်ခြင်းပါပဲ။ ရေဓာတ်ပြည့်ဝခြင်းက သင့်ကို လန်းဆန်းတက်ကြွစေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။ အဲဒါကြောင့် သင့်အလုပ်စားပွဲဝန်းကျင် သင်နဲ့လက်တကမ်းမှာ ရေသန့်ဘူးဆောင်ထားသင့်ပါတယ်။

၅) သင်လုပ်ရမယ့် အလုပ်စာရင်း လုပ်ထားသင့်ပါတယ်။
အရေးကြီးတာကနေစပြီး အရေးသိပ်မကြီးသေးတာတွေအထိ အစအဆုံး ကြီးစဉ်ငယ်လိုက် စာရင်းလုပ်ထားခြင်းက သင့်ကို သတိပေးသလိုဖြစ်စေပါတယ်။ “ဘယ်အလုပ်ကိုတော့ အရင်လုပ်မယ်၊ ဘယ်အလုပ်ကတော့ဖြစ် နောက်နေ့ဘယ်အချိန်လုပ်လို့ရမယ်၊ ဒီနေ့တော့ ဒီအလုပ်ပြီးအောင်လုပ်လိုက်မှဖြစ်မယ်” စသဖြင့် သင့်ကိုသင် သတိပေးပြီးသားဖြစ်နေပြီး သင်လည့် အလုပ်တွေ နှောင့်နှေးတာမျိုးမဖြစ်တော့ပါဘူး။ တခုပြီး နောက်ဆက်လုပ်ရမယ့်အလုပ်အတွက် အဆင့်သင့်ဖြစ်နေစေပါတယ်။ သင့်ရဲ့ to – do list ကိုရေးပြီး သင့်စားပွဲမှာ ကပ်ထားတာမျိုးလုပ်သင့်ပါတယ်။ နေ့တိုင်းရေးတာမျိုးလုပ်သင့်ပါတယ်။ သင်မြင်လွယ်တွေ့လွယ်မယ့်နေရာမျိုးမှာ တစ်နေ့စာ တစ်နေ့ကပ်ထားပြီး အလုပ်လုပ်တာက သင့်ကို အလုပ်တွေလည်း ပြီးမြောက်စေသလို၊ အာရုံစူးစိုက်မှု အလိုအလျောက်မြင့်တင်ပြီးသားဖြစ်စေပါတယ်။

အလုပ်ခွင်မှာ အာရုံစူးစိုက်မှုကောင်းခြင်းက တကယ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ သင့်ရဲ့အတွေးတွေနဲ့ ဖန်တီးနိုင်စွမ်းတွေကို အာရုံစူးစိုက်မှုအားနည်းခြင်းက နှောင့်ယှက်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အာရုံစူးစိုက်မှုကို ပိုကောင်းစေမယ့်နည်းလမ်းတွေကို လိုက်နာပြီး လုပ်ကြည့်နိုင်ပါတယ်။
https://themindsjournal.com/stay-focused-at-work/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။