အောင်မြင်တဲ့သူတွေ ဆုပ်ကိုင်ထားတတ်တဲ့အရာ ၅ ခု

အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူရဲ့ ခြားနားချက်က ဘာဖြစ်မလဲ။ အဓိကက စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပါတယ်။ ဒီလောက်သေးငယ်တဲ့အရာလေးကပဲ ဒီလိုခြားနားမှုအကြီးကြီးကို ဖြစ်စေတာလား။ သင့်ကိုသင် ပြီးပြည့်စုံတယ်လို့ခံစားမှု၊ သင့်ကိုယ်သင်ယုံကြည်မှု၊ သင့်ကိုယ်သင်တန်ဖိုးရှိတဲ့သူတစ်ယောက်အဖြစ် ခံစားရမှုတွေက ခြားနားမှုအကြီးကြီးကိုဖြစ်ပေါ်လာစေပါတယ်။ အောင်မြင်သူတွေအများစုမှာက အမှန်အမှားခွဲခြားနိုင်စွမ်းများပါတယ်။ အဲဒါကြောင့် အမှားတွေလုပ်မိနိုင်ချေနည်းပါတယ်။ အဲဒီလိုမျိုး သင့်စိတ်ကို သင်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့စိတ်ဓာတ်မျိုးပိုင်ဆိုင်ပြီဆိုရင်တော့ အောင်မြင်မှု့ကို ပိုင်ဆိုင်ဖို့ လွယ်ကူနိုင်ပါတယ်။ အောက်ပါ အချက် ၅ချက်ကို စဉ်းစားကြည့်လိုက်ပါ။


၁) ကိုယ့်ကိုကိုယ် စကားပြောခြင်း
တစ်စုံတစ်ခုသော အကြောင်းအရာရှိတယ်ဆိုရင် သင့်ကိုသင် ဆိတ်ဆိတ်မနေဘဲ သင့်ကိုသင်စကားပြောသင့်ပါတယ။် ပြောချင်တာက သင်တကယ်ဖြစ်စေချင်တာကဘာလဲ….၊ ခုဖြစ်နေတာက ဘာလဲ။ ခုဖြစ်နေတာကို သင်လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးဆိုရင် လက်ခံနိုင်အောင်ဘာလုပ်သင့်လဲ။ သင့်စိတ်ထဲက သင်တကယ်ဖြစ်ချင်တဲ့စကားကို သင်နားထောင်သင့်ပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်စကားပြောနေလေ့ရှိပါတယ်။ နေတိုင်းလိုလိုပါပဲ။ ကိုယ့်အတွင်းစိတ်ထဲက ကိုယ်ဖြစ်ချင်တာကို တိကျသေချာစွာနားလည်နိုင်ခြင်းက သင့်ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကိုဖန်တီးနိုင်ခြင်းနဲ့ဆက်စပ်နေပါတယ်။

၁) “ငါဘာတွေလျှောက်လုပ်နေတာလဲ။ ငါလုပ်နေတာတွေက ငါမကြိုက်တာတွေပါလား”
၂) “ငါအရမ်းလုပ်ချင်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်ဆောင်နိင်ခဲ့ပြီ၊ ကြည့်စမ်း….ငါအရမ်းတော်ပါလား” အထက်က စကားနှစ်မျိုးမှာ နှစ်မျိုးလုံးက သင့်ကိုသင်ပြောနေတဲ့စကားတွေချည်းပါပဲ။ ဒါပေမယ့် နံပါတ်တစ်မှာ ပြောတဲ့စကားက သင်ဘယ်လိုခံစားမှုမျိုးဖြစ်ပေါ်စေနိုင်သလဲ။ နံပါတ်နှစ်မှာပြောတဲ့စကားကကော သင့်ကိုဘယ်လိုခံစားရစေသလဲ။ အဲဒါကြောင့် သင့်ကိုသင်ပြန်ပြောတဲ့စကားကို နားထောင်တတ်ဖို့ အရေးကြီးတယ်လို့ပြောတာဖြစ်ပါတယ်။ သင့်ကိုသင် မလုပ်နိုင်ဘူး၊ လုပ်နိုင်ပါ့မလား၊ ဖြစ်ပါ့မလားဆိုတဲ့ သံသယဝင်တဲ့စကားမျိုး၊ သင့်ကိုယ်သင်တိုက်ခိုက်နေတဲ့စကားမျိုးထက် သင့်ကိုသင်အားတက်စေတဲ့စကားမျိုး၊ အကောင်းဘက်ကမြင်တဲ့စကားမျိုးကို ပြောသင့်ပါတယ်။

၂) ရည်ရွယ်ချက်
သင့်ရဲ့ရည်ရွယ်ချက်က သင့်ရဲ့စွမ်းရည်တွေထက်မြက်လာစေဖို့နဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအောင်မြင်ဖို့အတွက်အဓိကကျပါတယ်။ သင့်ကိုယ်သင် အမြင့်တစ်နေရာကိုရောက်ဖို့ စိန်ခေါ်မလား။ မခေါ်ဘူးလား။ သင့်ရဲ့ comfort zone ထဲက သင့်ကိုသင်တွန်းအားပေးပြီး ထွက်မလား။ ကြီးကြီးကျယ်ကျယ်တွေတွေးမလား၊ မတွေးဘူးလား။ သက်တောင့်သက်သာရှိနေခြင်းက သက်တောင့်သက်သာမရှိတဲ့အခြေအနေတစ်ခုကို ရောက်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးမှုတွေမဖြစ်ပေါ်စေတဲ့အတွက်ကြောင့်ပါပဲ။ သင့်အတွက် သက်တောင့်သက်သာမရှိနိုင်ပေမယ့် သင့်ရဲ့စွမ်းရည်တွေကို တတ်နိုင်သလောက် ထက်မြက်လာစေပါတယ်။ အဲဒါက သင့်ကို ဒီထက်မြင့်တဲ့အဆင့်တစ်ခုကို ရောက်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ ရည်ရွယ်ချက်ကို မြင့်မြင့်ထားပါ။ လူတိုင်းက အမြင့်တစ်နေရာကိုသွားဖို့ အစွမ်းကိုယ်စီရှိကြပါတယ်။ ထုတ်သုံးတဲ့သူနဲ့ ထုတ်မသုံးတဲ့သူနဲ့သာ ကွာခြားသွားတာပါ။

၃) သတ္တိရှိခြင်း
စိတ်ပညာရှင် Angela Duckworth ကပြောခဲ့ပါတယ်။ “ပါရမီရှိတဲ့သူက လက်ချိုးရေလို့ ရပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်တဲ့သူကတော့ နှစ်ဆရေတွက်နိုင်ပါတယ်” တဲ့။ သတ္တိရှိရဲ့လား။ စိတ်ဆန္ဒပြင်းပြခြင်းနဲ့ ဇွဲရှိခြင်းကသာ သင့်ရဲ့ဘဝကိုရေရှည်မှာအောင်မြင်နိုင်တာဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် ကြိုးစားရမယ့်လမ်းက ခက်ခဲနိုင်ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးလိုအပ်ပါတယ်၊ ရောက်ရှိဖို့လည်း အချိန်ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် ရောက်အောင်သွားမယ်လို့ သတ္တိိရှိခြင်းကသာ စတင်နိုင်စေတာပါ။ စိတ်ဆန္ဒပြင်းပြခြင်းနဲ့ ဇွဲရှိခြင်းကသာ အောင်မြင်မှုပန်းတိုင်ဆီရောက်အောင် ခေါ်သွားနိုင်တာပါ။ ခက်ခဲကြမ်းတမ်းတဲ့ဘယ်အရာမဆို လက်မလျှော့ဖို့ ဆုံးဖြတ်နိုင်စေတာပါ။ အဲဒါကြောင့် သတ္တိရှိဖို့က အောင်မြင်တဲ့စိတ်ဓာတ်ပိုင်ရှင်ဖြစ်ဖို့ လိုအပ်ပါတယ်နော်။

၄) နည်းလမ်းဗျူဟာ
သင့်ပန်းတိုင်ကို ရှင်းလင်စွာသိမြင်ခြင်းရှိမရှိက သင့်ရဲ့အောင်မြင်မှုကို သေချာမှုရှိခြင်းမရှိခြင်းနဲ့ဆက်စပ်နေပါတယ်။ ကိုယ့်ဘာဖြစ်တာလဲလို့ သေချာရှင်းလင်းစွာသိရှိနေခြင်းက သင့်ရဲ့အောင်မြင်မှုဆီသွားမယ့်လမ်းကို တဆင့်ချင်း သင်ရွေးချယ်လျှောက်လှမ်းနိုင်စေပါတယ်။ သင်သွားမယ့်ပန်းတိုင်ကို သေချာမရှင်းလင်းရင်တော့ သင်သွားမယ်လမ်းကိုလည်း သင်ရွေးချယ်နိုင်မှာမဟုတ်ပါဘူး။
သင့်ပန်းတိုင်ကို သင်သေချာသိတဲ့အခါ ပန်းတိုင်အသေးအဖွဲလေးတွေ ကနေ စုစည်းပြီး ပန်းတိုင်အကြီးကြီးတစ်ခုဖြစ်လာအောင် ဒါမှမဟုတ် ရည်မှန်းထားတာတွေဖြစ်လာအောင် ရှေ့ဆက်စေနိုင်ပါတယ်။ အဲဒါမှ ဘယ်လိုသွားမလဲဆိုတဲ့ နည်းဗျူဟာကို သင်ချမှတ်နိုင်မှာပါ။

၅) အကောင်အထည်ဖော်ခြင်း
နည်းဗျူဟာသတ်မှတ်ခြင်းက တစ်ခု ဒါပေမယ့် အကောင်အထည်ဖော်ခြင်းကလည်း အရေးကြီးပါတယ်။ သင့်ရဲ့အောင်မြင်မှုဆီရောက်ဖို့ သွားမယ့်လမ်းကြောင်းလဲသေချာပြီ၊ ဗျူဟာလည်း ရှာပြီးပြီ ဒါပေမယ့် သင်တကယ်အကောင်အထည်မဖော်ရင် ဖြစ်လာမှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် သင့်ရဲ့အောင်မြင်မှုဆီရောက်အောင်သွားဖို့ သင်တကယ်လုပ်မှဖြစ်မှာပါ။ လက်တွေ့စအကောင်အထည်ဖော်ဖြစ်ပြီဆိုရင် ဘယ်လောက်ပဲသေးငယ်တဲ့ပန်းတိုင်ဖြစ်ပါစေ သင့်ကိုသင်ယုံကြည်မှုရှိလာအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်လုပ်ဆောင်နိုင်ခဲ့တာတွေက ကိုယ့်ကိုတန်ပြန်ပြီး ယုံကြည်မှုရှိလာစေပါတယ်။ သင်ဆုံးဖြတ်ထားတဲ့ရည်မှန်းချက်ကို နီးစပ်လာစေပါတယ်။
အောင်မြင်တဲ့လူတွေရဲ့အတွေးအခေါ်မျိုးရဖို့ လိုအပ်တဲ့အရာတွေ သင့်မှ တကယ်ရှိနေပြီလား။ တကယ်လုပ်ဆောင်နေပြီလားဆိုတာ သင့်ကိုသင်ဆန်းစစ်ကြည့်လိုက်ပါအုံး။
https://www.success.com/5-things-you-need-for-a-successful-mindset/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။