ချမ်းသာသူနဲ့ဆင်းရဲသူကြားက ကွာခြားသည့်ငွေကြေးဆိုင်ရာ အကျင့် ၃ချက်

အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေးပါပဲ။ အချိန်ပြည့်ဘာကြောင့် အလုပ်လုပ်ရတာလဲ။ ချမ်းသာဖို့အတွက် အလုပ်ကြိုးစားနေတယ်ဆိုတာ မှန်ရဲ့လား။ ကျွန်တော်က ကျွန်တော့်ရဲ့အကြွေးတွေကို ဆပ်နိုင်ရုံ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ သင့်မှာသာ ချမ်းသာဖို့အတွက် ချမှတ်ထားတဲ့အစီအစဉ်ရှိတယ်ဆိုရင် ညမအိပ်ခင်မှာ သင်ခက်ခဲခဲ့တဲ့အချိန်တွေကို သင့်အတွက်ခွန်အားအဖြစ်ပြန်တွေးဖို့လိုပါတယ်။ သင်သဘောတူတယ်ဆိုရင် ချမ်းသာဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကို ကျွန်တော်မျှဝေပေးပါရစေလို့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် Jim Rohn ကပြောထားပါတယ်။


ပထမဆုံးရသမျှငွေကို ၇၀ / ၃၀ စည်းမျဉ်း သတ်မှတ်ပါ။
လကုန်လို့ သင်ပေးစရာရှိတဲ့ အခွန်အခတွေ ပေးပြီးတဲ့အခါ ကျန်တဲ့ငွေရဲ့ ၇၀ရာခိုင်နှုန်းနဲ့ လောက်ငအောင် သုံးစွဲတတ်ဖို့ သင်ယူပါ။ ၇၀ရာခိုင်နှုန်းမှာ သင့်အတွက် မရှိမဖြစ်လိုအပ်ပြီး သုံးကိုသုံးရမယ့်နေရာမှာ သုံးပါ။ ၃၀ရာခိုင်နှုန်းကိုတော့ ဘယ်လိုခွဲတမ်းချမလဲဆိုတာက အရေးကြီးသွားပါပြီ။
၁) ရင်းနှီးမြုပ်နှံမှုလုပ်ခြင်း
နောက်ထက် ၁၀ရာခိုင်နှုန်းကိုတော့ ချမ်းသာမယ့်လမ်းကြောင်းဖန်တီးပါ။ ရင်းနှီးမြုပ်နှံပါ။ ဘာတွေရောင်းမလဲ ဒါမှမဟုတ် ဘာကိုထုတ်လုပ်နိုင်မလဲ၊ ဘာကိုဝယ်ပြီး ပြန်ရောင်းဖို့ သုံးမလဲဆိုတာမျိုးပါ။ အချိန်ပိုင်းလုပ်ရတဲ့အလုပ်ဖြစ်ပေမယ့် စီးပွားရေးရဲ့အဓိက နည်းလမ်းဖြစ်ပါတယ်။ အဲဒါဆိုရင် သင်ကချမ်းသာမှုကို ဘယ်လိုဖန်တီးမလဲ။ နည်းလမ်းတွေအများကြီးရှိပါတယ်။ အထူးသဖြင့် သင့်ရဲ့ ဝါသနာရယ်၊ ကျွမ်းကျင်မှုရယ်ကို ပေါင်းပြီး ရှာဖွေပါ။ သင်ဝါသနာပါပြီး တကယ်ကျွမ်းကျင်တဲ့လုပ်ငန်းကို သင့်အတွက် အမြတ်ရနိုင်တဲ့လုပ်ငန်းပုံစံပြောင်းပစ်လိုက်ပါ။
၂) စုဆောင်းပါ။
နောက်ဆုံး ၁၀ရာခိုင်နှုန်းကိုတော့ စုဆောင်းပါ။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပြရမယ်ဆိုရင် ဆင်းရဲတဲ့သူက သူတို့ရဲ့ငွေကို အကုန်သုံးပစ်တဲ့သူဖြစ်ပြီး ကျန်မှ စုဆောင်းတတ်တဲ့သူမျိုးပါ။ ချမ်းသာတဲ့သူတွေကတော့ စုပြီးတော့မှ ကျန်တာကို သုံးတဲ့သူတွေဖြစ်ပါတယ်။
၃) အဖွဲ့အစည်းကို လှူခြင်း
၃၀ရာခိုင်နှုန်းထဲက ၁၀ရာခိုင်နှုန်းကို လူမှုအဖွဲ့အစည်းတွေကို လှူတန်းပါ။ အခြားလူတွေကို လှူတန်းခြင်းက သင့်အတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေရလာဖို့လှူတန်းတယ်လို့ သဘောထားပါ။ တစ်သန်းရှိတဲ့လူအတွက် တစ်သိန်းပေးလိုက်ရတာက ကိစ္စမရှိပေမယ့် သင့်မှာ ငွေအနည်းငယ်ပဲရှိပြီး အဲဒါကို စွန့်ကြဲနိုင်ဖို့က ခက်ခဲပါတယ်။ အဲဒါကြောင့် သင့်ထံမှာ ငွေတွေအများကြီးရှိလာတဲ့အခါ စွန့်ကြဲနိုင်တဲ့အကျင့်ကောင်းကိုရစေဖို့ လှူဒါန်းပါ။
လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက လူနှစ်ယောက်ရှိပါတယ်။ လူနှစ်ယောက်စလုံးက တစ်လကို တစ်ထောင်စီစုဆောင်းကြပါတယ်။ နှစ်ကာလကြာတဲ့အခါ တစ်ယောက်က ငွေကိုသုံးပြီး ကျန်တာကို စုပါတယ်။ အခြားတစ်ယောက်ကတော့ အရင်ဆုံးစုပြီးမှ ကျန်တာကိုသုံးပါတယ်။ ဒီနေ့မှာတော့ သင်သိထားသလိုမျိုး တစ်ယောက်ကဆင်းရဲပြီး တစ်ယောက်ကချမ်းသာသွားတာပါပဲ။
အဲဒါကြောင့် ချမ်းသာဖို့အတွက်စည်းမျဉ်းမှာ ပေးလှူခြင်း၊ ရင်းနှီးမြုပ်နှံခြင်းနဲ့ စုဆောင်းခြင်းက အဓိကကျပါတယ်။ ရက်တွေ၊ လတွေ၊ နှစ်တွေကြာသွားတဲ့အခါမှာတော့ ရလဒ်က သိသာစွာ ကွဲပြားသွားတော့တာပါပဲ။ အဲဒါကြောင့် ရတဲ့ငွေပမာဏခြင်းက တူပေမယ့် အသုံးချတတ်တဲ့ အတွေးအခေါ်မတူညီတဲ့အခါမှာတော့ ခြားနားသွားတော့တာပါပဲ။
https://www.success.com/rohn-3-money-habits-that-separate-the-rich-from-the-poor/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။