ကိုးကားစာများ

ကိုးကားစာများ

စွမ်းရည်, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အမေရိကန် လူမည်း စာရေးဆရာမ Toni Mဝrrison (1931 Feb 18 to 2019 August 5)

Toni Mဝrrison က အမေရိကန်လူမျိုး လူမည်းစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ နာမည်ရင်း Chloe Ardelia Wofford ဖြစ်ပြီး ၁၉၃၁ခုနစ် ဖေဖော်ဝါရီ ၁၈ရက်မှာ Lorain ၊ Ohio၊ U.S. မှာမွေးဖွားခဲ့ပါတယ်။ ဝတ္ထုရေးစာရေးဆရာ၊ အယ်ဒီတာ၊ ပါမေက္ခတစ်ယောက်ဖြစ်ပြီး သူမရဲ့ပထမဆုံးဝတ္ထု The Bluest Eye ကို ၁၉၇၀ခုနစ်မှာ ပုံနှိပ်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ဝတ္ထုတွေက ဆိုလိုရင်းထိမိသလို စကားပြောတွေရှင်းလင်းပါတယ်။ အာဖရိကန် အမေရိကန်လူမျိုးတွေရဲ့ စရိုက်သဘာဝကို ပီပြင်စွာရေးဖွဲ့နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့နာမည်ကြီး ဝတ္ထုတွေကတော့ The Bluest Eye , Song of Solomon , နဲ့ Beloved တို့ဖြစ်ပါတယ်။ ၁၉၉၃ ခုနစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့ပြီး ၁၉၈၇ ခုနစ်မှာလည်း ပူလစ်ဇာဆုကို Beloved ဝတ္ထုကြောင့် ထပ်မံရရှိခဲ့ပါတယ်။ ၂၀၀၁ခုနစ်မှာ အမေရိကန်ရဲ့အကျော်ကြားဆုံးအမျိုးသမီးအယောက် ၃၀ထဲမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ခုနစ်မှာ အမေရိကန်သမ္မတ Barack Obama ချီးမြင့်ခဲ့တဲ့ Presidential Medal of Freedom ဆိုတဲ့ဆုကိုလည်း ရရှိခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနစ်မှာလည်း PEN/Saul Bellow Award for Achievement in American Fiction ဆိုတဲ့ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။ Mဝrrison ရေးသားခဲ့တဲ့ ဝတ္ထုအကြောင်းအရာတွေက ကြီးကျယ်ပြီးအဓိပ္ပါယ်လေးနက်မှု၊ အရေးအသား လက်ရာမြောက်အောင် ရေးဖွဲတတ်မှု၊ အမေရိကန်လူမျိုး လူမည်းတွေအကြောင်းကို အသေးစိတ်ကျကျ၊ ကြွယ်ဝစွာရေးသားတတ်မှုတို့ကြောင့် ထင်ရှားကျော်ကြားခဲ့ခြင်းဖြစ်ပါတယ်။ သူမဝတ္ထုတွေရဲ့အဓိက အကြောင်းအရာတွေကတော့ လူမည်းအမေရိကန်လူမျိုးအတွေ့အကြုံတွေပဲဖြစ်ပါတယ်။ မမျှတတဲ့လူမှုဝန်းကျင်မှာ သူမရဲ့ဇာတ်ကောင်တွေက သူတို့ကိုယ်သူတို့ခက်ခဲစွာ ပုံဖော်နေရတဲ့အကြောင်းကို အပျော်လေးတွေရောပြီးကဗျာဆန်ဆန် ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ သူမရေးသားခဲ့တဲ့အထဲက လူသိများထင်ရှားတဲ့ကောက်နုတ်ချက်တစ်ချို့ကတော့- “ You wanna fly, you got to give up the shit that you weighs to down” သင်ပျံသန်းချင်တယ်ဆိုရင် သင့်ကိုအောက်ကျအောင်ဆွဲချမယ့် လေးပင်တဲ့အရာတွေကို လွှတ်ချနိုင်ရမယ်။ “If you surrendered the air. you could ride it” လေဟုန်စီးချင်တယ်ဆိုရင် လေထဲမှာ အလိုက်သင့်မျောပါနိုင်ဖို့လိုတာပေါ့။ “You are Your best thing” သင့်ကိုယ်သင်အတွက် အကောင်းဆုံးသောအရာက သင်ကိုယ်တိုင်ပါပဲ။ “something that is love is never lost” ကိုယ်ချစ်ခင်နှစ်သက်တဲ့တစ်စုံတစ်ခုက ဘယ်တော့မှဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ Barack Obama ကတော့ “ Mဝrrison ရဲ့ဝတ္ထုတွေရဲ့ ဇာတ်လမ်းတွေက မလှပဘူး ထင်ရပေမယ့် အဓိပ္ပါယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာတရားတွေနဲ့ အသိတရားတွေကို အများကြီးဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လူဖြူ ၊လူမည်းဆိုတာထက် နိုင်ငံသားအခွင့်အရေးအပေါ် ဦးတည်ပြီး ရေးသားဖော်ပြခဲ့တာမို့ တန်ဖိုးရှိပြီး တော်တဲ့စာရေးဆရာတစ်ယောက်ဖြစ်တယ်လို့လည်း ချီးကျူးဖော်ပြခဲ့ပါတယ်။ ပြောရရင်တော့ Toni Morrison က သူမကျင်လည်ရာပတ်ဝန်းကျင်က လူမည်းအမျိုးသမီးတွေရဲ့ဘ၀ အတွေ့အကြုံတွေကို နို်င်ငံသားအခွင့်အရေးအပေါ်ဦးတည်ရေးသားခဲ့တာမို့ လူမည်းတွေရဲ့ဘဝကို အခြားသူတွေပိုပြီး သိရှိနားလည်သွားသလို၊ လူမည်းတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်လာစေခဲ့ပါတယ်။ လူဖြူလူမည်းကြားဆက်ဆံရေးကို အဆင်ပြေတိုးတက်လာစေအောင် သူတတ်ကျွမ်းရာစာပေရေးသားခြင်းအားဖြင့် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားကဏ္ဍကို တိုးတက်စေတဲ့ စာရေးဆရာအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Toni Morrison က အသက် ၈၈နှစ် ၂၀၁၉ သြဂုတ်လ ၁၅ရက်နေ့မှာ New York မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ Toni Morrison ကွယ်လွန်သွားခဲ့ပေမယ့် သူမရဲ့ရည်ရွယ်ချက်ကောင်းနဲ့ရေးသားခဲ့တဲ့တန်ဖိုးရှိတဲ့စာပေတွေကတော့ အမေရိကန်လူမျိုးတွေကြားထဲမှာသာမက တစ်ကမ္ဘာလုံးကလူသားတွေရင်ထဲမှာ ဆက်လက်ရှင်သန်နေအုံးမှာပဲဖြစ်ပါတယ်။ Toni Morrison – Wikipedia မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

စွမ်းရည် စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

လေလည်ကောင်းစေသော အစားအစာ ၈မျိုး

ကျွန်တော်တို့လေပွသလိုခံစားရတဲ့အခါ နေရထိုင်ရမသက်မသာဖြစ်ကြရပါတယ်။ မတော်တဆလေလည်ချင်တဲ့အခါမှာတောင် သင့်ဘေးပတ်ဝန်းကျင်မှာ အခြားလူတွေကြောင့် အားနာရတာမျိုးဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် လေလည်ကောင်းစေတဲ့အစားအစာတွေကို သိထားတဲ့အခါ သင်ကိုယ်တိုင်လည်း မစားမိအောင် ရှောင်ရှားနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ကိုးကားစာများ

သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့်အစားအစာ ၇ မျိုး

ဆံပင်ကျွတ်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်သလို၊ ဆံပင်ကို တင်းကြပ်စွာစည်းနှောင်ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တမျိုးကတော့ မျိုးရိုးကြောင့် ဆံပင်ကျွြတ်ခင်းပါပဲ။ သင့်ရဲ့မျိုးရိုးကိုသင်မပြောင်းလဲနိုင်တဲ့အတွက်တော့ သင့်ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် နည်းလမ်းကိုသာ သင်သုံးနိုင်မှာပါ။

ကျန်းမာရေး ကိုးကားစာများ

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သားသမီးတွေအတွက် မိခင်တွေနေ့တိုင်းပြုလုပ်သင့်တဲ့အပြုအမူ ၇ခု

မိဘတွေနဲ့သားသမီးတွေကြားက ဆက်ဆံရေးက သားသမီးတွေရဲ့ဘဝနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တ၊ ရုပ်ပိုင်းဆိုင်ကျန်းမာရေး စသဖြင့် အပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ မိဘနဲ့ သားသမီးနွေးထွေးမှုမရှိတဲ့ဆက်ဆံရေးတွေကြောင့်လည်း သားသမီးရဲ့ဘဝက ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ နွေးထွေးမှုရှိတဲ့ မိဘသားသမီးဆက်ဆံရေးကြောင့် သားသမီးရဲ့အနာဂတ်အတွက် မိဘကပြုပြင်ပြောင်းလဲစရာ၊ သွန်သင်စရာရှိတာတွေကို အလွယ်တကူဆုံးမသွန်သင်လာနိုင်ပါတယ်။ အဲဒါကြောင့် မိဘနဲ့သားသမီးကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့က အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ အဲဒီလိုနွေးထွေးတဲ့ဆက်ဆံရေးဖြစ်စေဖို့ မိဘတွေ လုပ်သင့်တဲ့အပြုအမူတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ရဲယိုသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ရဲယိုသီးကို အရည်ပုံစံနဲ့ ရောင်းချတာအတွေ့များပါတယ်။ အချိုလျှော့၊ အချို၊ အခြားသော ဘယ်ရီသီးနဲ့ စပျစ်သီးကဲ့သို့ အသီးမျိုးနဲ့ရောစပ်ပြီး အချိုရည်အဖြစ် ထုတ်လုပ်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ရဲယိုအမှုန့်ကိုရေနဲ့ရောပြီး ဖျော်သောက်ကြပါတယ်။ အချို့မပါတဲ့ဖျော်ရည်ကတော့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ရဲယိုဖျော်ရည်က သင့်ခန္ဓာကိုယ်ခုခံအားကို မြင့်တင်ပေးနိုင်ပြီး နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဂျင်းရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ဂျင်းက ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ဂျင်းမှာ အာဟာရဓာတ်တွေအများကြီးပါဝင်နေပြီး သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အကျိုးများစေတဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

စိတ်ဖိစီးမှုများတဲ့မေမေတွေ စိတ်ဖီစီးမှုကိုဘယ်လိုကုစားမလဲ။

“အရမ်းတွေအိပ်ချင်နေပြီ၊ ဒီအရာတွေအားလုံးကို လွှတ်ချခဲ့ပြီး အဝေးကို ထွက်ပြေးပစ်လိုက်ချင်တယ်” ဆိုတဲ့စကားမျိုးတွေကို ဘယ်မိခင်မဆိုပြောဖူးကြမှာပါ။ မိခင်တွေက ဖခင်တွေထက်ကို စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ မိသားစုကိုအရမ်းချစ်ပြီး အရမ်းကို အာရုံထဲထည့်လွန်းတဲ့အတွက်ကိုပဲ စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ အဲဒီလို စိတ်ဖိစီးမှုအမြဲခံစားတတ်ကြရတဲ့မေမေတွေအတွက် စိတ်ဖိစီးမှုကိုပြန်လည်ကုစားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဘဝအတွက် သင်ခန်းစာပေးနိုင်တဲ့ ဇာတ်လမ်းတိုလေးများ

ကျွန်တော်တို့တွေရဲ့ ငယ်ဘဝမှာ ပုံပြင်လေးတွေကို စွဲလမ်းခဲ့ဖူးကြမှာပါ။ အဲဒီလိုပါပဲ။ ခုလက်ရှိ ဘဝကို ရင်ဆိုင်ဖြတ်သန်းနေရချိန်မှာလည်း စာတွေဖတ်ဖြစ်ကြမယ်ထင်ပါတယ်။ ငယ်စဉ်က ပုံပြင်လေးတွေက သင်ခန်းစာပေးသလိုပါပဲ။ အရွယ်ရောက်လာတဲ့အခါမှာ ဖတ်ဖြစ်တဲ့ ဇာတ်လမ်းတို၊ ဝတ္ထုတိုလေးတွေကနေလည်း နေ့စဉ်ဘဝကျင်လည်မှုအတွက် ပညာယူလို့ရပါတယ်။ အဲဒါကြောင့် ဘဝအတွက် သင်ခန်းစာပေးနိုင်တဲ့ ဇာတ်လမ်းတိုလေးတွေကို ဖော်ပြပေးလိုက်ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

CHAMOMILE TEA ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Chamomile ဆိုတာက ဒေစီအနွယ်ဝင်ပန်းအဖြူနဲ့အဝါပွင့်လေးတွေဖြစ်ပါတယ်။ Chamomile tea ကို ညအိပ်ရာမဝင်မှီသောက်သုံးကြပါတယ်။ Chamomile tea က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

ကလေးနဲ့ screen time

ဒီနေ့ခေတ်မှာ လူတိုင်းလို ဖုန်းကိုင်နိုင်ကြပါတယ်။ လူတိုင်းဖုန်းကိုင်နိုင်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ အဲဒီ့ထဲကမှ ကလေးငယ်တွေကို ဖုန်းပေးသုံးခြင်းက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ အတွေးအခေါ်ပိုင်းမှာ ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ အမြဲတက်ကြွပြီး ဆော့ကစားနေတတ်တဲ့ကလေးတွေကို ထိန်းရခက်တဲ့အခါ မိဘတွေက ငြိမ်ဆေးသဘောမျိုးနဲ့ ဖုန်းပြထားတာမျိုးလုပ်တတ်ပါတယ်။ အဲဒီ့အခါ ကလေးက ဖုန်းမရတဲ့အခါ ဂျီကျတာမျိုး၊ အော်ဟစ်ငိုယိုတာမျိုးလုပ်တတ်ပါတယ်။ ဖုန်းကိုများများကြည့်တဲ့ကလေးက အာရုံစူးစိုက်မှုအားနည်းပါတယ်။ အကြောင်းကျိုးပြဆိုဆုံးမမှုကို နားထောင်မှုအားနည်းလာပါတယ်။ မျက်လုံးနဲ့အခြားအာရုံကြောတွေပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် screen time ပြသင့်တဲ့အချိန်လောက်ကိုပဲ အချိန်လေးသတ်မှတ်ပြီးပြသင့်ပါတယ်။

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။