သင့်အမြင်အာရုံကိုပျက်စီးစေပြီး နေ့စဉ်ပြုလုပ်မိနေသော အကျင့်ဆိုးများ
ဒီနေ့ခေတ်မှာ ဖုန်းကွန်ပျူတာ screen time တွေများလာပါတယ်။ screen time ကြောင့် သင့်ရဲ့အမြင်အာရုံကိုပျက်စီးစေပါတယ်။
ဝိတ်တက်စေတဲ့အကြောင်းရင်းအချို့
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပိန်ခြင်း၊ ဝခြင်းသည် မျိုးရိုးအရ၊ ဇီဝဗေဒအရ အားဖြင့် ကွဲပြားမှုရှိနိုင်ပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့လည်း ဝိတ်တက်တာမျိုးဖြစ်နိုင်ပါသေးတယ်။ အဓိကက အသက်ရှင်နေထိုင်မှုပုံစံက ဘယ်လိုမျိုးလဲဆိုတာပေါ်မူတည်ပြီး ကျန်းမာစေတဲ့နည်းလမ်းနဲ့ ဝိတ်တက်တာမျိုးလား၊ မကျန်းမာစေဘဲ ဝိတ်တက်တာမျိုးလားဆိုတာလည်း ကွဲပြားပါသေးတယ်။ ဝိတ်မတက်ဘဲ ကျန်းမာရေးအရ ချူခြာနေတာလည်း မကောင်းသလို၊ ဝိတ်တက်ပြီး ကျန်းမာရေးနဲ့မညီညွတ်ရင်လည်း မကောင်းပါဘူး။ ဝိတ်တက်ရတဲ့အကြောင်းအရာတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
တည်သီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
တည်သီးက လိမ္မော်ရောင်ရှိတဲ့အသီးဖြစ်ပါတယ်။ ချိုပြီး အရသာရှိတဲ့အသီးဖြစ်တဲ့အပြင် ဗီတာမင်အေ၊ စီ၊ ဘီနဲ့ အခြား pyridoxine ၊ thiamin ၊ zeaxanthin ၊ lycopene ၊ beta-carotene နဲ့ Cryptoxanthin ဓာတ်တွေကြောင့် antioxidant တွေပါဝင်မှုကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး သတ္တုဓာတ်တွေလည်း များပြားစွာပါဝင်ပါတယ်။
ဒေါသထွက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ။
ဒေါသကို ကောင်းစွာထိန်းချုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာအရ အသုံးဝင်သလို သင့်ကိုလည်း အကောင်းဘက်ကပြောင်းလဲမှုကိုဖြစ်စေပါတယ်။ နောက်တစ်မျိုးအနေနဲ့ ဒေါသက ပြင်းထန်တဲ့စိတ်ခံစားမှုဖြစ်ပြီး သင့်တော်အောင် ကိုင်တွယ်ဖို့ခက်ခဲပါတယ်။ သင့်ကိုဆောက်တည်မရဖြစ်စေပြီး သင်နဲ့အနီးဆုံးရှိနေတဲ့အရာပါပဲ။ ဒေါသကိုမထိန်းချုပ်နိုင်ခြင်းက ရုပ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ဖြစ်စေခြင်း၊ အနိုင်ကျင့်ခံရနိုင်ခြင်း၊ ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်မိနိုင်ခြင်းနဲ့ ငြင်းခုံရန်ဖြစ်ရခြင်းတို့ဖြစ်နိင်ပါတယ်။
အစိမ်းရောင် ငရုတ်သီးတောင့်(green chillies)ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
စပ်ပေမယ့် အရသာရှိတဲ့ ငရုတ်သီးစိမ်းတောင့်မှာ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေရှိပါတယ်။ သင်က အစပ်ကြိုက်တတ်တဲ့သူဆိုရင်တော့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ငရုတ်သီးစိမ်းတောင့်ကို စားပေးနိုင်ပါတယ်။ ငရုတ်သီးတောင့်မှာ ဗီတာမင် အေ၊ စီ၊ ကေတို့လည်း ပါဝင်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် Jim Carrey ရဲ့ ဘဝနဲ့ပတ်သက်တဲ့သင်ခန်းစာ ၄ခု
ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Jim Carrey က သူ့ဘဝမှာ သူလက်ကိုင်ထားပြီး ကျင့်သုံးခဲ့တဲ့ သင်ခန်းစာ လေးခုကို ဝေမျှထားပါတယ်။
ပဲသီးစိမ်းစားခြင်းရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ပဲသီးစိမ်းမှာ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင် ၊ ရေဓာတ်၊ antioxidants နဲ့ flavonoids တွေပါဝင်ပါတယ်။ ပဲသီးစီမ်းရဲ့ ကောင်းကျိုးတွေက အောက်ပါအတိုင်းပါပဲ။
သြဇာသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
သြဇာသီးကို sugar apple, sugar pineapple လို့လည်းခေါ်ပြီး ရုက္ခဗေဒနာမည် Annona Squamosa လို့လည်းခေါ်ပါတယ်။ သြဇာသီးမှာ လိမ္မော်သီးထက် ဗီတာမင်စီများစွာပါဝင်ပါတယ်။ Vitamin C ၊Manganese ၊ Carbohydrate ၊ Vitamin B6 ၊ Fiber စတဲ့ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ သြဇာသီးမှာလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိသလို သြဇာရွက်ကလည်း ဆေးဘက်ဝင်ပါတယ်။
သကြားစားသုံးခြင်းကို လျော့ချလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ။
အမေရိကန်လူမျိုး ၂၀ရာခိုင်နှုန်းက တစ်နေ့လျှင် သကြားကြောင့် ကယ်လိုရီပေါင်း၇၀၀ထက်မက စားသုံးနေကြပါတယ်။ ထိုပမာဏက သကြားတစ်ခွက်စာထက်မကပါဘူး။ ထိုပမာဏက ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေပါတယ်။ သဘာဝသကြားဓာတ်ဖြစ်တဲ့ အသီးတွေစားသုံးခြင်းကတော့ ကျန်းမာရေးကို ဆိုးဝါးစွာမထိခိုက်နိုင်ပေမယ့် သကြားထပ်ပေါင်းထည့်ထားတဲ့ ပြုပြင်ထားတဲ့အစားအစာတွေစားသုံးခြင်းကတော့ သင့်စိတ်နဲ့သင့်ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ လေ့လာချက်အချို့အရ သကြားအလွန်အကျွံ့စားသုံးခြင်းက စိတ်ပူပန်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စတဲ့ပြဿနာတွေဖြစ်လာစေသလို၊ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ဆိုးရွားစွာထိခိုက်စေပါတယ်။ တစ်နေ့လျှင် သကြားကို ၉.၅ဇွန်းခန့် ပိုမစားသင့်ဘူးလို့ လေ့လာချက်တွေအရဖော်ပြကြပါတယ်။ အမေရိကန်လူမျိုး အရွယ်ရောက်သူတွေကတစ်နေ့လျှင် သကြား၂၂ဇွန်းခန့်စားသုံးနေပြီး ကလေးငယ်တွေမှာတော့ သကြား ၃၂ဇွန်းခန့်စားသုံးနေကြပါတယ်။ သကြားစားသုံးခြင်းကို လျော့ချလိုက်တဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။
မာလကာသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
မာလကာသီးက အာဟာရဓာတ်များစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်အေ ၊ ဗီတာမင် စီ ၊ ဖော့စဖောရတ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် ဓာတ်တွေလည်း ပါဝင်ပါတယ်။ အဲဒါအပြင် သံဓာတ်၊ ဆိုဒီယမ်၊ ဇင့် ၊ ဗီတာမင်အီး၊ ဖောလိတ်၊ ဗီတာမင် ဘီဆစ်၊ Thiamine နဲ့ riboflavin ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။
အူမကြီးကို သန့်စင်ပေးနိုင်သောအစားအစာ ၆မျိုး
အသီးတွေကို စားသုံးခြင်းက အူမကြီးကိုသန့်စင်ပေးဖို့ အထိရောက်ဆုံးသဘာဝနည်းလမ်းတစ်မျိုးပါပဲ။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အူမကြီးကိုသန့်ရှင်းပေးဖို့လိုပါတယ်။ အူမကြီးသန့်စင်ခြင်းက အာရုံကြောတွေရဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ခံစားချက်တွေအပေါ်လည်း သက်ရောက်မှုရှိစေပါတယ်။ အူမကြီးထဲမှာ အဆိပ်အတောက်တွေ ကင်းစင်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အဆိပ်အတောက်ဖြစ်စေတာတွေလည်း ပါနေနိုင်ပါတယ်။ အူထဲမှာ ကူးစက်နိုင်တဲ့ရောဂါပိုးတွေကြောင့် အူမကြီးရောင်ရမ်းတာမျိုးတွေထိ ဖြစ်စေနိုင်ပါတယ်။ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်နာခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ အသီးအနှံတွေစားပေးခြင်းက အူမကြီးကို သန့်ရှင်းပြီးသားဖြစ်စေပါတယ်။ အူနဲ့အစာအိမ်ပြဿနာတွေဖြစ်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ အဲဒါက ကျန်းမာခြင်းရဲ့အခြေခံလည်းဖြစ်ပါတယ်။ အောက်ကဖော်ပြထားတဲ့အသီးအနှံတွေက သင့်ရဲ့အူကို သန့်ရှင်းစေပါတယ်။
ကီဝီသီးရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ကီဝီသီးကို Chinese gooseberries သီးလို့လည်း ခေါ်ကြပါတယ်။ တရုတ်ပြည်မြောက်ပိုင်းမှာ အတွေ့များပါတယ်။ ကီဝီသီးက သေးပေမယ့် အာဟာရဓာတွေပေါများကြွယ်ဝစွာပါဝင်ပါတယ်။ ကီဝီသီးမှာ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အရေးကြီးအာဟာရဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်စီ၊ အီးနဲ့ကေ၊ ပိုတက်ဆီယမ်နဲ့ ဖောလိတ်ဓာတ်တွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကိုလည်း တိုက်ဖျက်နိုင်ပါတယ်လို့ဖော်ပြကြပါတယ်။ antioxidants တွေများပြားစွာပါဝင်မှုကြောင့် ခုခံအားတိုးစေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ကလည်း အစာခြေစနစ်ကို ကူညီပေးပါတယ်။ lutein နဲ့ zeaxanthin ဓာတ်တွေကြောင့် သင့်ရဲ့အမြင်အာရုံအတွက်ကောင်းစေပါတယ်။