ကန်စွန်းရွက်စားခြင်းရဲ့ကောင်းကျိုးများ
ကန်စွန်းရွက်က ကျန်းမာစေတဲ့အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင် လူတိုင်းနီးပါး မြင်ဖူးတွေ့ဖူးစားဖူးနေကျအရွက်ဖြစ်ပါတ်။ ကန်စွန်းရွက်မှာ အာဟာရဓာတ်တွေများစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိပုံကိုဖော်ပြပေးချင်ပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဘီ၊ စီ၊ ဖော့စထရတ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ကယ်လဆီယမ် စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
ငယ်စဉ်က နှုတ်အားဖြင့်ကြမ်းတမ်းစွာ အနိုင်ကျင့်ခံရသူတွေရဲ့ အပြုအမူများ
နှုတ်အားဖြင့် အနိုင်ကျင့်ခံရခြင်း(Verbal Abuse) ဆိုတာက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ့်တမ်းကျတော့ အခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ထိခိုက်နစ်နာအောင် နှုတ်အားဖြင့်အနိုင်ကျင့်ခြင်းပါပဲ။ ထိုအပြုအမူက အထူးသဖြင့် ကလေးငယ်တွေအရွယ်မှာ လက်ခံရလေ့ရှိပါတယ်။ သူတို့ရဲ့မိသားစုဝင်နဲ့ အခြားဆွေမျိုးအသိုင်းအဝန်းတွေကြောင့် ဖြစ်ပေါ်တတ်တာမျိုးပါ။ ထိုအနိုင်ကျင့်ခံရမှုမျိုးက သူတို့အရွယ်ရောက်လာတဲ့အထိ အပြုအမူပိုင်းဆိုင်းရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်တခုခုလိုမျိုး ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အောက်ပါအပြုအမူပိုင်းဆိုင်ရာခံစားချက်တွေဖြစ်ပေါ်နိုင်ပါတယ်နော်။
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ
အဆစ်နာခြင်းများအတွက် စားသင့်သော အစားအစာများ
သင့်ဒူးနာခြင်းက အရမ်းကိုဆိုးဝါးနေသလား၊ ထိုင်ထခြင်းတွေမှာ အဆင်မပြေတာကြာပြီလား။ အဆစ်နာခြင်းတွေဖြစ်ပေါ်နေတယ်ဆိုရင် သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းတွေက အဆစ်အမြစ်နာကျင်ခြင်းကြောင့်ဖြစ်နိုင်ချေများပါတယ်။ မတော်တဆထိခိုက်မှု၊ အဆစ်အမြစ်ရောင်ရောဂါ၊ ပခုံးနာခြင်း စတဲ့ရောဂါတွေဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုရောင်ရမ်းတဲ့ရောဂါတွေက နာတာရှည်သဘောမျိုးဖြစ်နေတယ်ဆိုရင် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အစားအစာမျိုးတွေရွေးချယ်စားသောက်ပေးသင့်ပါတယ်။ သင့်နာကျင်မှုတွေကို သဘာဝနည်းလမ်းနဲ့သက်သာစေပါလိမ့်မယ်။ အောက်ပါ အစားအစာ ၇မျိုးက ရောင်ရမ်းခြင်းဖြစ်ပေါ်စေတဲ့အခြေအနေတွေကို သက်သာစေပါတယ်။
ပန်းသစ်တော်စားခြင်းရဲ့ကောင်းကျိုးများ
ပန်းသစ်တော်ကို ကွတ်ကီးတွေထဲထည့်ပြီးလည်း စားကြပါတယ်။ ပန်းသစ်တော်မှာ အမျှင်ဓာတ်ကြွယ်ဝခြင်း၊ နှလုံးရောဂါအတွက်ကောင်းခြင်း အပြင် အရသာကော အာဟာရဓာတ်ကော ကြွယ်ဝပါတယ်။ အခြားသော antioxidants တွေလည်းပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိပါတယ်။
အမျိုးသမီးများသွေးဆုံးချိန်မတိုင်မီသိထားသင့်သောအချက်များ
အသက် ၄၀နဲ့ ၅၀ကြားအမျိုးသမီးတွေမှာ သွေးဆုံးခါနီးလက္ခဏာတွေကို သတိထားဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ခံစားချက်တွေက ထိုအသက်အရွယ်မှာ အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာတော့ ထိုလက္ခဏာတွေကို ခပ်စောစောကြုံတွေ့ရတတ်ပြီး အချို့ကတော့ နောက်ကျတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ဖြစ်နေရင်တော့ ထိုအပြောင်းအလဲကိုရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။
သွေးအားနည်းခြင်းကိုပြသနေသောလက္ခဏာများ
လူတော်တော်များများက သွေးအားနည်းခြင်းလက္ခဏာများကိုမသိကြပါဘူး။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းခြင်းဖြစ်ပေါ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကသံဓာတ်ကိုလိုအပ်ပါတယ်။ သံဓာတ်က သွေးနီဆဲလ်တွေကိုကျန်းမာအောင်ပြုလုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ သွေးနီဥတွေကမောက်ကမဖြစ်ကုန်ပါတယ်။ သွေးတွေကုန်ဆုံးနေသလို၊ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကြောင့်လည်းသွေးတွေကုန်ဆုံးတတ်ပါတယ်။ အဲဒါကြောင့်သွေးအားနည်းခြင်းလက္ခဏာကိုကြိုတင်သိထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ပိန္ဒဲသီးစားခြင်းရဲ့အကျိုးကျေးဇူးများ
ပိန္ဒဲသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရရှိုနိင်ပြီး ကယ်လိုရီ ပါဝင်မှုနည်းပါးပါတယ်။ အာဟာရဖြစ်စေတဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ပိန္ဒဲသီးအစေ့မှာလည်း အာဟာရဓာတ်များစွာပါဝင်ပါတယ်။
အရိုးရှင်းဆုံး ကျန်းမာတဲ့နေထိုင်မှုပုံစံများ
ကျန်းမာတဲ့ဘဝဆိုတာက ခန္ဓာကိုယ်ရော၊ စိတ်ပါ ကျန်းမာအောင် ကြိုးစားအားထုတ်ပြီး နေထိုင်တာဖြစ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံဖြစ်အောင် အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ နဲ့ လုံလောက်စွာအနားယူဖို့လိုအပ်ပါတယ်။ ကျန်းမာစွာနေထိုင်တတ်တဲ့အလေ့အကျင့်က လူတိုင်းအတွက်လိုအပ်ပါတယ်။ အမြဲတမ်းတော ကျန်းမာစေတဲ့အစားအစာတွေကို ဂရုတစိုက်စားဖို့၊ ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ဖို့က လွယ်တော့မလွယ်ပါဘူး။ အလုပ်ရှုပ်လွန်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ဖို့ မေ့လျော့နေတတ်ပါတယ်။ အဲဒီ့အခါမျိုးမှာ အမျိုးမျိုးသော ရောဂါပေါင်းစုံကူးစက်တာမျိုးဖြစ်လာတတ်ပါတယ်။
မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ
မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေက ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ ထိုဓာတ်ပေါင်းတွေက ခန္ဓာကိုယ်အတွက် လုံလောက်စွာရနိုင်ဖို့လိုအပ်ပါတယ်။ ထိုအာဟာရဓာတ်တွေကို အစားအစာတွေမှာတဆင့်ရနိုင်ပါတယ်။ ထိုအာဟာရဓာတ်တွေနဲ့ပြည့်ဝနေမှသာလျှင် ရောဂါကာကွယ်ပေးနိုင်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနဲ့ ကျန်းမာစေမှာဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေအများကြီးရှိပါတယ်။ အဓိကအားဖြင့် ၂မျိုးခွဲခြားနိုင်ပါ macronutrients နဲ့ micronutrients ပဲဖြစ်ပါတယ်။ macronutrients က ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်တွေဖြစ်ပြီး သင့်ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုဖြစ်ပေါ်စေပါတယ်။ micronutrients ကတော့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာများ
လူတိုင်းလိုလိုမှာ ဝမ်းနည်းခြင်းကနေ စိတ်ဓာတ်ကျခြင်းဖြစ်လာတဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။ ဝမ်းနည်းခြင်းက နက်နက်ရှိုင်းရှိုင်းခံစားလာရတဲ့အခါ၊ အချိန်ကြာမြင့်စွာ ပူဆွေးသောကရောက်နေတဲ့အခါမျိုးကနေတဆင့် စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်လာပါတယ်။ ထိုခံစားချက်က သင့်ကို အခြားလူတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာများ
လူတိုင်းလိုလိုမှာ ဝမ်းနည်းခြင်းကနေ စိတ်ဓာတ်ကျခြင်းဖြစ်လာတဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။ ဝမ်းနည်းခြင်းက နက်နက်ရှိုင်းရှိုင်းခံစားလာရတဲ့အခါ၊ အချိန်ကြာမြင့်စွာ ပူဆွေးသောကရောက်နေတဲ့အခါမျိုးကနေတဆင့် စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်လာပါတယ်။ ထိုခံစားချက်က သင့်ကို အခြားလူတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။
အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ
အိပ်ရေးပျက်ခြင်းက သင့်ကိုစိတ်ရှုပ်ထွေးလွယ်စေပြီး ထိုင်းမှိုင်းစေပါတယ်။ သင့်ရဲ့မှတ်ဉာဏ်အားနည်းခြင်း၊ သင့်ကျန်းမာရေးကိုထိခိုက်ခြင်း၊ သင့်ရဲ့ပုံပန်းသဏ္ဍန်ကို အဆင်မပြေဖြစ်စေခြင်းနဲ့ ဝိတ်တက်လာခြင်းအပြင် လိင်စိတ်ဝင်စားမှုကိုပါ အားနည်းလာစေနိုင်ပါတယ်။ အဲဒါကြောင့် အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။