သင့်ရဲ့ Personal Growth အတွက် ကျင့်သုံးသင့်တဲ့အချက်(၁၀)

အခုလိုအချိန်မှာ သင့်ဘဝအတွက် တိုးတက်မှုတစ်စုံတစ်ရာဖြစ်လာဖို့ အိမ်ထဲမှာနေပြီး ကြိုးစားနိုင်တဲ့အခွင့်ကောင်းပါပဲ။ မဟုတ်ရင်တောင် သင် သင်္ကြန်တွင်းကို လျှောက်သွားလည်ပတ်ပျော်ပါးနေလို့ သင်္ကြန်ရုံးပိတ်ရက်တွေဘယ်လိုကုန်သွားမယ်မှန်းတောင် သိလိုက်ရမှာမဟုတ်ပါဘူးနော်။ အခုလိုအခြေအနေမျိုးမှာ အဆိုးထဲကအကောင်းလို့ ယူဆပြီး သင့်ရဲ့ တိုးတက်မှုအတွက် တစ်ခုခုလုပ်နေတာက သင့်ဘဝပိုပြီး တိုးတက်လာနိုင်သလို၊ သင့်အရည်အချင်းတွေလည်း ပိုတက်လာနိုင်ပါတယ်။


သင်တတ်ချင်တဲ့အတတ်ပညာလေးတွေကိုလည်း သင်ယူနိုင်ပါသေးတယ်။ အခုလို Stay Home
နေချိန်မှာ ကိုယ့်အတွက် အကျိုးရှိစေမယ့် မှတ်သားစရာတွေကို ဖတ်ပြီးမှတ်သားကြပါလို့တိုက်တွန်းလိုက်ပါတယ်။
အဲဒါကြောင့် ရုံးပိတ်ရက်လည်းဖြစ် Stay home လည်းဖြစ်တဲ့အချိန်မှာ သင့်ရဲ့ Personal Growth တိုးတက်ဖို့အတွက် သင်လိုက်နာကျင့်သုံးသင့်တဲ့အကျင့်ကောင်း ၁၀ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁) သင့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ပါစေ။
သင်ရဲ့ဒေါသ၊ အားငယ်မှု၊ သိမ်ငယ်မှုစတဲ့ခံစားချက်တွေကို ထိန်းချုပ်တတ်မှုအရေးကြီးပါတယ်။ သင်လျှောက်နေတဲ့လမ်းမှာ လူပေါင်းစုံကို ကြုံရမှာမို့ သင့်ကို နှိမ်ချတဲ့လူ၊ သင့်ကိုအနိုင်ကျင့်တဲ့လူ၊ သင့်ကိုဒေါသထွက်စေတဲ့လူစသဖြင့် ကြုံရတဲ့အခါ သင့်ခံစားချက်အတိုင်းတုံ့ပြန်လို့မရနိုင်ပါဘူး။ ရေရှည်အကျိုးကိုမျှော်ကြည့်ပြီး သင့်စိတ်ခံစားချက်ကိုမြိုသိပ်ထားရတဲ့အခိုက်လည်းရှိမှာပါ။

၂) သင့်ရဲ့creative ideas တွေကိုစာအုပ်နဲ့ရေးမှတ်ထားပါ။
သင့်စိတ်လန်းဆန်းနေတဲ့အချိန်မျိုးမှာ ရုတ်တရက် အိုင်ဒီယာအသစ်တွေရလာတာမျိုး၊ ရုတ်တရက်စဉ်းစားမိတာမျိုးတွေက သင့်အတွက် အရမ်းကောင်းတဲ့အတွေးသစ်တွေဖြစ်နေနိုင်တာမို့ ပြန်ပြီး အသုံးချနိုင်ဖို့ စာအုပ်နဲ့ရေးမှတ်ထားသင့်ပါတယ်။

၃) 100 % အပြည့်အဝကြိုးစားအားထုတ်ပါ။
ဘယ်နေရာမှာမဆို သင့်ရဲ့အစွမ်းကုန်ကြိုးစားအားထုတ်နိုင်စွမ်းကို အသုံးချဖို့လိုပါတယ်။ အခြားလူတွေထက်ပိုကောင်းအောင်ကြိုးစားရုံနဲ့တော့မရပါဘူး။ သင့်ရဲ့စွမ်းအင်အကုန်လုံး၊ အကောင်းဆုံးဆိုတာမျိုးထက်ပိုအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ပြန်ရမယ့်ရလဒ်ထက် သင်အကောင်းဆုံးကြိုးစားဖို့ကိုသာ အာရုံစိုက်ခိုင်းတာပါ။

၄) အောင်မြင်သူတွေဆီကပဲ သင်ခန်းစာမယူပါနဲ့၊ ကျရှုံးသူတွေဆီကနေလည်း သင်ခန်းစာယူတတ်ပါစေ။
အောင်မြင်သူတွေဆီမှာပဲ သင်ခန်းစာရှိတာမဟုတ်ပါဘူး။ ကျရှုံးဖူးတဲ့သူတွေဆီမှာ ပိုပြီးသင်ခန်းစာရနိုင်ပါတယ်။ ဘယ်လိုကြောင့်၊ ဘယ်လိုအားနည်းချက်ကြောင့်၊ ဘယ်လိုလျှော့တွက်ခဲ့တာကြောင့် စသဖြင့် သူတို့ဆီကနေ သင်ခန်းစာတွေ အများကြီးရနိုင်ပါတယ်။

၅) ကိုယ်နဲ့သက်ဆိုင်ရာကိုလေ့လာစူးစမ်းမှုပြုပါ။
လေ့လာစူးစမ်းမှုကိုအမြဲမပြတ်ပါစေနဲ့။ ကိုယ်လျှောက်မယ့်လမ်းမှာ အမြဲ ကိုယ်မသိတာတွေကို သင်ယူပါ။ လေ့လာပါ။ စူးစမ်းမှုပြုပါ။

၆) အခြားသူတွေရဲ့စကားကို များများနားထောင်ခြင်းကနေ သင်ယူပါ။
ကိုယ့်ရည်မှန်းချက်နဲ့သက်ဆိုင်ပြီး သက်ဆိုင်သူတွေ၊ အခြားသူတွေရဲ့စကားကို နားထောင်ပြီး သုံးသပ်ကြည့်ပါ။

၇) ရုပ်ဝါဒီကိုသာ အာရုံမထားပါနဲ့။
ရုပ်ဝတ္ထုပစ္စည်းကိုသာ အာရုံမထားဘဲ ကိုယ့်ရဲ့စွမ်းရည်တိုးတက်မှုကိုသာ အာရုံထားပါ။

၈) အများလုပ်တိုင်းလိုက်လုပ်တာထက် သင့်ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ လမ်းသစ်ထွင်ပါ။
ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ ကိုယ့်လမ်းကိုယ်ဖောက်ဖို့ပြောတာပါ။ အခြားသူတွေလုပ်သလိုလိုက်လုပ်တာက အတုသာဖြစ်မှာပါ။ ကိုယ်ဟာကိုယ် အသစ်ထွင်တာက ကိုယ်ပိုင်ဟန်နဲ့ဖြစ်မှာပါ။

၉) ပုံမှန် အချိန်ဇယားသတ်မှတ်ထားပါ။
ကိုယ့်ရဲ့တိုးတက်မှုအတွက် ပုံမှန်အချိန်ဇယားသတ်မှတ်ပြီး သေချာလိုက်နာနိုင်အောင်ကြိုးစားတဲ့သူတွေသာ ပိုတိုးတက်လာမှာဖြစ်ပါတယ။်

၁၀) ကိုယ့်ထက်ပိုသိ၊ ပိုတတ်သူတွေဆီက မေးမြန်းသင်ယူပါ။
ဒါကတော့ တိုးတက်အောင်မြင်သူတိုင်းသိပါတယ်။ ကိုယ့်ထက်အတွေ့အကြုံရှိသူ၊ သိတတ်သူတွေဆီက ကြားရသမျှ မှတ်သားပါ။ မသိရင်မေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။