ဆိုရှယ်မီဒီယာသုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မထိခိုက်စေဖို့ ဘယ်လိုဂရုစိုက်မလဲ။

ဒိနေ့ခေတ်မှာ ဆိုရှယ်မီဒီယာအသုံးများလာခြင်းကလည်း ဆိုးကျိုးရောကောင်းကျိုးရောရှိပါတယ်။ သုံးတတ်ရင်အကျိုးရှိပေမယ့် မသုံးတတ်ရင်ဘေးဖြစ်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်သမျှတွေကို ကြည့်ပြီး ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာတာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာသုံးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အနေနဲ့ ဘယ်လိုသုံးမလဲဆိုတာမျိုး ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကို စိတ်ခွန်အားဖြစ်စေတဲ့ အရာတွေကိုသာ Follow လုပ်ပါ။
ကိုယ့်ကို စိတ်ခွန်အားဖြစ်စေတဲ့အရာတွေကိုသာ ဖတ်ပါ၊ follow လုပ်ထားလိုက်ပါ။
၂) အဆိုးမြင်သမားတွေနဲ့ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေသူတွေကို Unfollow လုပ်ထားပါ။
၃) အကောင်းမြင်တဲ့စိတ်နဲ့သာ မျှဝေခြင်း၊ စကားပြောခြင်းဖြစ်ဖို့သတိထားပါ။
၄) Noti Off ထားပါ။
၅) ဖုန်းမသုံးဘဲ နာရီအနည်းငယ်ခန့်နေနိုင်အောင် ကြိုးစားပါ။
၆) ဆိုရှယ်မီဒီယာပေါ်မှာ မြင်သမျှအားလုံးဟာ အစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။