Real confidence ဆိုတာ.......

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းဆိုတာက လူတစ်ယောက်အတွက် အင်မတန်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ရဲမယ်။ အောင်မြင်မယ်လို့ ယုံကြည်ပြီးကြိုးစားချင်စိတ်ရှိမယ်။ ဘယ်သူတွေယ်လိုဝေဖန်ပါစေ ကိုယ့်စိတ်က မပြိုလဲဘူး စတဲ့ အချက်တွေအပြင် ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးချစ်ခင်တဲ့စိတ်ဖြစ်စေပါတယ်။ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူဆိုတာက ......


၁) ကိုယ့်ရဲ့အားနည်းချက်တွေချပြရမှာ မကြောက်တော့ဘူး
ကိုယ့်ကိုယ်ကိုယ်ယုံကည်မှုရှိနှင့်ပြီးသားမို့ ကိုယ့်ရဲ့အားနည်းချက်ကို အခြားသူတွေဘယ်လိုမြင်မြင် ဂရုမစိုက်တတ်တော့ပါဘူး။ အဲဒါကြောင့် ဘယ်သူတွေဘယ်လိုထင်ထင်ကိုယ့်မှာ ကိုယ့်အားနည်းချက်ထက်သာတဲ့ အားသာချက်ရှိနေတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် ကိုယ့်အားနည်းချက်ကိုလည်း လူတကာကိုချပြဖို့ ဝန်မလေးတော့ပါဘူး။

၂) တစ်‌ယောက်တည်းဖြစ်မှာ မကြောက်တော့ဘူး
ကိုယ့်ကိုယ်ကိုယ်ပိုချစ်တဲ့စိတ်များလာတဲ့အတွက် ကိုယ့်လောက်ဘယ်သူကမှ မကောင်းနိုင်ဘူးဆိုတာ နားလည်သွားပါပြီ အဲဒါကြောင့် ကိုယ့်အနားဘယ်သူမှမရှိလည်း စိတ်မပူပါဘူး။ ကိုယ်တစ်ယော်ကတည်း ကိုယ်ကြိုက်တာကိုယ်ဖန်တီးနိုင်တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတဲ့စိတ်ကြောင်း တစ်ယောက်တည်းလည်း ပျော်နေတတ်ပါတယ်။

၃) ကိုယ်မှန်နေရင် အပြုံးအပျက်တော့ဘူး
ကိုယ်မှန်နေတာကို ကိုယ်စိတ်ထဲကသိနေပြီး ကိုယ့်ရင်ထဲက ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံနေခြင်းကြောင့်ပဲ အချိန်တန် သိလာလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပြုံးနေမိမှာပါ။

၄) ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာတယ်။
အထက်ကပြောသလို ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာပါတယ်။ ဘာလို့လဲဆို‌တော့ ကိုယ်က ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်စွမ်းရှိတယ်၊ ကိုယ်က အစွမ်းအစရှိတယ်ဆိုတာကို သိနေတဲ့အတွက် ကိုယ့်ရဲ့အားနည်းချက်အချို့ကိုလည်း လက်ခံတတ်လာပါတယ်။ ဒီအားနည်းချက်လောက်ကတော့ ဘာမှမဖြစ်ဘူး။ ငါက အဲဒါထက်တော်နေသားပဲ ဆိုတဲ့စိတ်နဲ့ ကိုယ့်ဖြစ်တည်မှုကို လက်ခံတတ်လာပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်ပိုသိလာသလို၊ ကိုယ်ရှင်သန်ချင်တဲ့ဘဝကိုလည်းပိုသိလာပါတယ်
ကိုယ်ဖြစ်ချင်တာကဘာလဲ၊ ကိုယ်သွားချင်တဲ့လမ်းကြောင်းကဘာလဲ၊ ဘာတွေထပ်လုပ်ဖို့လိုမလဲ၊ ဘာတွေကြိုးစားသင့်သလဲဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ပိုသိလာပါတယ်။အဲဒါကြောင့်လည်း ကိုယ်ရှင်သန်ချင်တဲ့ဘဝကို ပိုသိပြီးကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်လာပါတယ်။

၆) အခြားလူတွေကိုလည်း မ‌ဝေဖန်ချင်တော့ဘူး
နောက်တခုက အခြားလူတွေကို အပြစ်တင်၊ ဝေဖန်နေခြင်းဟာ အချိန်ကုန်ပြီး အကျိုးမရှိဘူးဆိုတာ ပိုနားလည်လာပါတယ်။ အဲဒါကြောင့်လည်း အခြားသူကို ဝေဖန်မှာထက် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လာပါတယ်၊ “ငါက တကယ်ပဲ သူလိုဖြစ်နေသလား၊ သူအမှားတွေလုပ်နေတယ်ဆိုရင် ငါရော....သူလိုအမှားမျိုးလုပ်မိနေပြီလား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တတ်လာပါတယ်။ အဲဒါကြောင့်လည်း အမှားပိုပြင်တတ်လာပါတယ်။

၇) ကျရှုးမှာလည်း မကြောက်တတ်တော့ပါဘူး
ကျရှုံးတယ်ဆိုတာ ဘယ်နေ၇ာမှာမဆို ရှိနေနိုင်တာပဲလို နားလည်လက်ခံတတ်လာပါတယ်။ ကျရှုံးလည်းဘာဖြစ်လဲ....ထပ်ကြိုးစားလို့ရတယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါတယ်။ အရှိအတိုင်းနားလည်လက်ခံတတ်လာပြီး ရှိတာနဲ့ ကြိုးစားတတ်လာတာပေါ့။

အဲဒီလို real confidence ရှိလာဖို့က ရုပ်ရည်လှပဖို့၊ ငွေကြေးချမ်းသာဖို့ မလိုပါဘူးနော်။ ကိုယ့်ရဲ့အရည်အချင်းထက်မြက်လာအောင်ကြိုးစားဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားမှန်ကန်နေဖို့သာ လိုအပ်ပါတယ်။ ရုပ်ရည်ဆိုတာ မမြဲတာမို့ အချိန်တန်ပျက်စီးမှာပါ၊ ငွေကြေးဆိုတာလည်း ကုဋေရှစ်ဆယ်သူဌေးသားတောင် ဆင်းရဲမွဲပြာကျနိုင်သေးတာမို့ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးဆိုတာလည်း မကုန်ဆုံးအောင်ထိန်းသိမ်းရင်း ပူပန်နေရမှာပါ။ ကိုယ့်ရဲ့အရည်အချင်းဆိုတာကျတော့ ကိုယ်သွား၇ာပါသွားမှာဖြစ်ပြီး အရည်အချင်းရှိသူဟာ ဘယ်သူတွေဘယ်လိုဖျက်ဆီးပါစေ ကိုယ့်စွမ်းရည်နဲ့ပြန်လည်ပြီး ရုပ်ရည်ကအစ၊ ငွေကြေးကအစ ပြန်လည်ဖန်တီးယူနိုင်မှပါ။ ဒါပေမယ့် ကိုယ့်ကျင်တရားမကောင်းတဲ့လူကတော့ ဘယ်လောက်ပဲအရည်အချင်းရှိပါစေ တချိန်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကြောင့် လူတွေက ဖယ်ကျဥ်ထားတဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် Real confidence ရှိဖို့ဆိုရင် ကိုယ့်ရဲ့အရည်အချင်းပြည့်ဝအောင်ကြိုးစားပါ၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို စောင့်ထိန်းပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။