နှမ်းစေ့လေးတွေရဲ့အကျိုးကျေးဇူးများ

ခန္ဓာကိုယ်ထဲက အပူချိန်နဲ့စွမ်းအင်ကို ထိန်းညှိပေးနိုင်ပြီး ဆံသားကိုလည်းကောင်းမွန်စေတဲ့အစွမ်းရှိပါတယ်။ နှမ်းစေ့လေးတွေကနေ ရတဲ့အဆီဟာဆိုရင်လည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။


၁) ဆံသားကျန်းမာစေခြင်း
ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေရတယ်ဆိုရင် နှမ်းစေ့လေးတွေက ကူညီပေးနိုင်ပါတယ်။ omega fatty acids ကြွယ်ဝခြင်းကြောင့် ဆံသားတွေကို အမြစ်ကစပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ဆံသားပျက်စီးခြင်းကို သက်သာစေပါတယ်။ ဆံသားခြောက်သွေ့အက်ကွဲပြီး နှစ်ခွဖြစ်ပြီးကိုလည်း သက်သာစေပါတယ်။

၂) အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေခြင်း
နှမ်းစေ့လေးတွေမှာ ပါဝင်တဲ့ antioxidants ကြောင့် အရွယ်တင်နုပျိုစေပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်ပါတယ်။

၃) အရေပြားကျန်းမာစေခြင်း
နှမ်းဆီက သင့်အရေပြားအတွက် အံ့အားသင့်ဖွယ်အစွမ်းရှိပါတယ်။ သင့်အရေပြားကို နူးညံ့ပျော့ပြောင်းစေနိုင်ပါတယ်။ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ နှမ်းဆီလက်ဖက်စားဇွန်းနှစ်ဇွန်းထည့်ပြီး သင့်မျက်နှာပေါ် လိမ်းပေးခြင်းဖြင့် အနီစက်တွေ၊ အခြားအရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်ခန့်လိမ်းပေးနိုင်ပါတယ်။

၄) သွားကျန်းမာစေခြင်း
နှမ်းစေ့မှာ သွားကျန်းမာစေပြီး အာခံတွင်းကို သန့်ရှင်းစေတဲ့အစွမ်းရှိပါတယ်။

၅) အစာခြေလွယ်စေခြင်း
နှမ်းနက်စေ့တွေက unsaturated fatty acid နဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အူလေးတွေကို ချောမွေ့စေတဲ့ချောဆီသဘောမျိုး ဖြစ်စေတာကြောင့် အူမကြီးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။

၆) စွမ်းအင်ရရှိစေတဲ့အရင်းမြစ်ဖြစ်ခြင်း
polyunsaturated fatty acids နဲ့ Omega-6 ပါဝင်ခြင်းကြောင့် နှမ်းစေ့လေးတွေက စွမ်းအင်ရစေတဲ့အရင်းမြစ်လည်းဖြစ်ပါတယ်။ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လဆီယမ်နဲ့ မဂ္ဂနီဆီယမ် ၊ ဖော့စဖောရတ်ပါဝင်ခြင်းကြောင့် စွမ်းအင်တိုးစေပါတယ်။

၇) သွေးဖိအားထိန်းပေးနိုင်ခြင်း
Magnesium ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးတိုးခြင်းကို ကာကွယ်နိုင်ပါတယ်။ Polyunsaturated fats ကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

၈) အရိုးကျန်းမာစေခြင်း
calcium နဲ့ zinc ပါဝင်ခြင်းကြောင့် အရိုးပွရောဂါ နှမ်းနက်စေ့က ကာကွယ်ပေးနိုင်ပါတယ်။

၉) စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေခြင်း
Tyrosine လို့ခေါ်တဲ့ amino acid ပါဝင်ခြင်းကြောင့် serotonin လုပ်ဆောင်ချက်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ serotonin ကြောင့် အာရုံကြောတွေလှုံ့ဆော်ပေးနိုင်ပြီး စိတ်ခံစားချက်ကောင်းမွန်စေပါတယ်။ စိတ်ထိခိုက်ဖိစီးခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်မှုကို သက်သာစေပါတယ်။

၁၀) Unsaturated Fats ကြွယ်ဝခြင်း
အန္ဆရာယ်ရှိတဲ့ saturated fat တွေမပါဝင်ဘဲ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ unsaturated fats တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။
https://www.ndtv.com/…/sesame-seed-til-benefits-10-reasons-… လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။