သင့်စိတ်စွမ်းရည်တွေ ပိုပြီးထက်မြက်လာစေဖို့အဓိက အချက် ၄ချက်

သင့်ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ဖို့ သင်ဂရုစိုက်ပါ။အဲဒါက သင့်ကိုအမြင်ကျယ်စေပါတယ်။ သင့်စိတ်ဓာတ်လည်း ပိုပြီး ကောင်းမွန်လာစေပါတယ်။ ကျွန်တော်တို့ရဲ့ ဦနှောက်နဲ့ စိတ်ဓာတ်ပိုင်းက ဆက်စပ်နေပါတယ်။ ဦးနှောက်ကသိတဲ့အသိက သင့်ရဲ့စိတ်ကို လက်ခနဲအလင်းတစ်ခုလိုမျိုး inspiration ရစေနိုင်ပါတယ်။ ဦးနှောက်က လူသားတွေရဲ့ အကောင်းဆုံးကွန်ပျူတာတစ်ခုလိုပါပဲ။ အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အမြင့်ဆုံးစွမ်းရည်ကိုပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးနှောက်က သင်ရဲ့ဆုံးဖြတ်ချက်မှန်သမျှကို ထိန်းချုပ်ထားနိုင်တာကြောင့်ပါပဲ။ သင်အလိုရှိတဲ့သူတစ်ယောက်ဖြစ်လာဖို့ ဦးနှောက်ကထိန်းချုပ်ထားတာပါ။ အဲဒါကြောင့် သင့်မှာရှိသင့်ရှိထိုက်တဲ့ ပညာဉာဏ်၊ ဗဟုသုတ၊ အ ကြံဉာဏ်စတာတွေရှိဖို့ ကြိုးစားထားမှသာ သင့်စိတ်စွမ်းအင်ကလည်း ပိုပြီးထက်မြက်လာမှာပါ။ သင့်စိတ်စွမ်းအင်တွေပိုပြီးထက်မြက်လာဖို့ လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ရဲ့ မမှန်ကန်တဲ့ယုံကြည်ချက်တွေကို ပြောင်းလဲပစ်ပါ။
လူတော်တေ်ာများများက သူတို့ပိုပြီး အသိဉာဏ်ကြွယ်ဝလာအောင် သင်ယူနိုင်တာ ကို မယုံကြည်ကြပါဘူး။အခက်အခဲတွေကို ဖြေရှင်းနိုင်တာမျိုး၊ သင်တန်းတွေထက်တက်နိုင်တာမျိုး ပြောချင်တာက နောက်ထပ် အများကြီးသင်ယူနိုင်နေသေးတာကို မယုံကြည်ကြပါဘူး။ သင်မယုံကြည်ထားရင် သင်လည်း တကယ်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ တကယ်လုပ်ကြည့်မှာ တကယ်လုပ်နိုင်မှန်းသိလာမှာပါ။ တကယ်တော့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ယုံကြည်ထားတာထက်ကို ပိုပြီး လုပ်နိုင်စွမ်းရှိကြပါတယ်။ သင်ကအဲဒါကို ယုံကြည်မှရပါလိမ့်မယ်။ အဲဒါကြောင့် မလုပ်နိုင်ဘူးလို့ သင့်ကိုသင်ယုံကြည်ထားတာကို ပြောင်းလဲပစ်လိုက်ပါ။ အစွမ်းကုန်လုပ်ကြည့်မယ်ဆိုတဲ့စိတ်ကို မွေးပါ။ တကယ်လုပ်နိုင်တာကို သင်အံ့မခန်းတွေ့ရပါလိမ့်မယ်။ သင်မလုပ်နိုင်ဘူးလို့ ထင်ထားတာကို သင်လုပ်နိုင်လာတဲ့အခါ သင့်စိတ်စွမ်းအင်တွေ ပိုပြီးထက်မြက်လာပါလိမ့်မယ်။ ပိုပြီးလည်း သင့်ကိုသင်ယုံကြည်မှုရှိသွားပါတယ်။

၂) မှန်ကန်တဲ့ အသိပညာ၊ အတတ်ပညာတွေ ရပါစေ။
လူတစ်ချို့က သင်ယူခြင်းကနေ အသိပညာတွေ၊ ဗဟုသုတတွေကို ရရှိနိုင်တာကို မသိပါဘူး။ ဗဟုသုတဆိုတာက အတွေ့အကြုံတွေ၊ စာအုပ်တွေဖတ်ခြင်းနဲ့ လူတွေဆီက ရလာနိုင်ပါတယ်။ အဲဒါကြောင့် သင်ယူတတ်ဖို့လိုပါတယ်။ ကိုယ်ကြုံတွေ့နေရတဲ့လူတွေရဲ့ဘဝတွေ၊ အတွေ့အကြုံတွေနဲ့ ဖတ်ထားတဲ့စာအုပ်တွေကနေမှတဆင့် သင်ယူသင့်တာ သင်ယူရပါမယ်။ တစ်ချို့ကလေးတွေပြောတာကြားဖူးပါတယ် “ဒီအကြောင်းကို စာအုပ်ထဲမှာ ဖတ်ဖူးတယ်” ဆိုတာမျိုးပေါ့။ ပြောချင်တာက စာအုပ်ထဲမှာပါလာဖူးတာကို အပြင်မှာကြုံတွေ့ရတဲ့အခါ မှန်ကန်ကြောင်း သက်သေပြနိုင်သွားတာပေါ့။ ဒါဆို စာအုပ်ထဲက အမှန်တစ်ချို့ကို သင်ယူနိုင်သွားပြီလို့ဆိုနိုင်ပါတယ်။ အားလုံးကို ယုံကြည်ဖို့မဆိုလိုပေမယ့် တကယ့်လက်တွေ့ဘဝနဲ့ ကိုက်ညီပြီး တကယ်သင်ယူသင့်တဲ့အမှန်တရားတွေကိုတော့ သင်ယူဖို့လိုပါတယ်။ အဲဒါက သင့်ကို ပညာဉာဏ်နဲ့ပြည့်ဝစေပါတယ်။

၃) ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ သင်ယူပါ။
အချို့လူတွေကသင်ယူဖို့ကို ဆုံးဖြတ်ချက်မချထားပါဘူး။ ပျင်းရိနေတာဖြစ်နိုင်သလို၊ သင်ယူခြင်းကနေ ရလာနိုင်တဲ့ အကောင်းဘက်က ရလဒ်တွေကိုလည်း မမြင်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ အဲလိုလူမျိုးတွေမှာ သူတို့ကိုယ်သူတို့ တွန်းအားပေးဖို့ ပြင်းပြတဲ့စိတ်ဆန္ဒမရှိပါဘူး။ အဲဒါကြောင့် သင်ယူရကောင်းမှန်းလည်း မသိပါဘူး။ သင်ယူချင်စိတ်လည်း မရှိပါဘူး။
အဲဒါကြောင့် တစ်စုံတစ်ခုကို သင်ယူတဲ့အခါမှာ တတ်မြောက်ချင်စိတ်ပြင်းပြစိတ်နဲ့ သင်ယူပါ။။ သင်က ငွေကြေးဆိုင်ရာနည်းလမ်းတွေကိုသင်ယူတဲ့အခါမှာ သင့်ရဲ့ဝင်ငွေတွေကို စုဆောင်းဖို့သိလာမယ်၊ အကြွေးတွေကိုဘယ်လိုဆပ်သင့်သလဲသိလာမယ်၊ ။ါမှမဟုတ်ရင်လည်း သင့်ရဲ့မိသားစုပိုပြီး ကျန်းမာစေမယ့်နည်းလမ်းတွေကို လိုက်စားဖို့သင်ယူမယ်၊ ဒါမှမဟုတ် သင့်ရဲ့ချစ်သူနဲ့ဆက်ဆံရေးကို ပိုအဆင်ပြေလာအောင်ကြိုးစားဖို့ သင်ယူမယ်စသည်ဖြင့်ပေါ့။ သင့်စိတ်ထဲမှာ ပြင်းပြတဲ့ဆန္ဒရှိတဲ့အရာနဲ့ပတ်သက်တာတွေကို သင်ယူခြင်းကနေ မှန်ကန်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ သိလာပါလိမ့်မယ်။ သင့်စိတ်ရဲ့စွမ်းရည်တွေလည်း ပိုပြီးထက်မြင်လာသလိုခံစားရပါလိမ့်မယ်။

၄) ကြိုးစားလေ့လာဖို့ ကိုယ့်ကိုကိုယ် စည်းကမ်းသတ်မှတ်ပါ။
အသိဉာဏ်တွေရရှိဖို့ ြကြိုးစားခြင်းကဘဝခရီးမှာ ထက်မြက်စွာလျှောက်လှမ်းနိုင်ဖို့ပါပဲ။ ဘဝမှာ
စည်းကမ်းတွေသတ်မှတ်ခြင်းက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စည်းကမ်းသတ်မှတ်ခြင်းက ဘဝကိုပိုပြီးစနစ်ကျစေသလို၊ ပိုပြီးလည်း တိုးတက်စေနိုင်ပါတယ်။
အဲဒါကြောင့် သင့်ကိုသင်စည်းကမ်းသတ်မှတ်ပါ။ သင်သတ်မှတ်ထားတဲ့စည်းကမ်းကို သင်ကိုယ်တိုင်လိုက်နာနိုင်တဲ့အခါ သင့်စိတ်ကလည်း ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။ သင့်စိတ်ရဲ့စွမ်းအင်ပိုအစွမ်းထက်လာစေပါတယ်။
သင်ယူဖို့အတွက် အသက်ကြီးတယ်၊ ငယ်တယ်ဆိုတာ မရှိပါဘူး။ သင့်ရဲ့စိတ်တွေကို ပိုပြီ ခိုင်မာ၊ ပိုပြီးထက်မြက်၊ ပိုပြီး သင့်ကိုသင်ယုံကြည်မှုတိုးလာစေဖို့ အထက်က အချက်လေးတွေကို လိုက်နာကြည့်လိုက်ပါအုံးနော်။

https://www.success.com/rohn-4-keys-to-unlock-the-power-of-your-mind/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။