သင့်နှလုံးသားနဲ့ရင်းပြီး ရနိုင်တဲ့အမြတ်များ
တစ်ခုရဖို့ တစ်ခုရင်းရတယ်တဲ့။ သင်နှလုံးသားတစ်ခုလုံးရင်းလိုက်ရတဲ့အခါမှာတော့ သင်ပြန်ရလိုက်တဲ့အရာတွေက သင့်ဘဝအတွက် အများကြီး အဓိပါ္ပယ်ရှိတဲ့အရာတွေဖြစ်ပါစေ။ သင့်နှလုံးသားရင်းရခြင်းဟာ အလကားမဖြစ်စေပါဘဲ သင့်ဘဝပြန်လည်ထူမတ်ဖို့ရာ ခွန်အားတွေအဖြစ်ယူနိုင်အောင်ကြိုးစားလိုက်ပါနော်။
သင့်ကိုဝမ်းနည်းစေတာက ပိုသန်မာလာဖို့ပါ။
သင့်ကိုဖိနှိပ်တဲ့သူတွေက သင့်တန်ဖိုးကိုမသိလို့ပါ။
သင့်ကိုဒုက္ခပေးသူတွေက သင်ခန်းစာပါပေးသွားတာပါ။
သင် ကျရှုံးနေတာတွေက သင့်ကိုအတွေ့အကြုံပေးတာပါ။
သင့်ဒုက္ခကိုကူညီပေးသူတွေက ချစ်ခြင်းမေတ္တာပေးသွားတာပါ။
#BAWA101