သင့်ဘဝရဲ့နေ့ရက်တွေကို အဓိပ္ပါယ်ရှိစွာ ဘယ်လို ဖြတ်သန်းကြမလဲ။

ဒီမေးခွန်းကို သင့်ကိုသင်မေးမိရဲ့လား။ ဘဝရဲ့အချိန်ပေါင်းများစွာကို ရုန်းကန်မှု၊ ကြိုးစားမှု၊ မပြေလည်မှု၊ စိတ်ဖိစီးမှု စတဲ့ပြဿနာပေါင်းများစွာကို ပြေလည်အောင်ဖြေရှင်းရင်းနဲ့တင် လုံးချာလည်လိုက်နေတာပါပဲ။ အဲဒါကြောင့် “ကိုယ့်လက်ရှိရှင်သန်နေတဲ့ဘဝကို အဓိပါ္ပယ်ကောရှိရဲ့လား” ဆိုတဲ့အတွေးမျိုးတွေးဖို့ မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် သတိပေးတဲ့အနေနဲ့ ဆောင်းပါးလေးနဲ့ဖော်ပြလိုက်ပါတယ်။ ကျွန်တော်တို့ဘဝရဲ့နေ့ရက်တိုင်းမှာ ပြဿနာပေါင်းစုံတော့ လူတိုင်းရင်ဆိုင်ဖြေရှင်းနေကြတာချည်းပါပဲ။ အဲဒီလို ရုန်းကန်နေရတဲ့ကြားထဲကမှ သင့်ဘဝကို ဘယ်လိုအဓိပါ္ပယ်ရှိစွာ ဖြတ်သန်းရှင်သန်မလဲလို့တွေးကြည့်ရအောင်ပါ။ အဓိပါ္ပယ်ရှိစွာ ရှင်သန်ခြင်းက ငွေကြေးအကုန်အကျများမှ ဘဝကအဓိပါ္ပယ်ရှိလာနိုင်တာမဟုတ်ပါဘူး ။ သင်ရဲ့အဓိပါ္ပယ်ရှိတဲ့ အပြုအမူသေးသေးလေးကနေဖြစ်လာနိင်တာမျိုးပါ။ ဘာတွေဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံး။


၁) လူသားချင်း ကိုယ်ချင်းစာနာစိတ်ထားမယ်။
၂) ကိုယ်မသိနိုင်တဲ့အခြားသူရဲ့ဘဝကို မဝေဖန်ဘူး။
၃) ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သလောက်ကူညီကြမယ်။
၄) ကိုယ့်ရည်မှန်းချက်တွေပုံဖော်ဖို့ ကြိုးစားမယ်။
၅) ဘဝရဲ့အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ကြိုးစားမယ်။
၆) ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာသွားအောင် မလုပ်ဘူး။
၇) မကောင်းမြင်စိတ်ကို စွန့်လွှတ်မယ်။
၈) ကိုယ်ပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားမယ်။
၉) ကိုယ့်ဘဝအတွက် ကောင်းကျိုးဖြစ်စေမယ့်အရာတွေ ပိုလုပ်မယ်။
၁၀) စေတနာကိုတန်ဖိုးမထားတဲ့သူတွေကို လျစ်လျူရှုမယ်။
၁၁) အဆိပ်အတောက်လိုလူတွေကို အချိန်မပေးဘူး။
၁၂) ကိုယ့်အပေါ်ဖေးမခဲ့တဲ့လက်တစ်စုံကို ပိုတန်ဖိုးထားမယ်။
၁၃) ကိုယ့်ကိုမလိုချင်လို့ လွှတ်ချခဲ့သူတွေကို မေ့နိုင်အောင်ကြိုးစားမယ်။
၁၄) အတိတ်ကိုကြောင့်မပူဆွေး၊ အနာဂတ်ကို မကြောင့်ကြဘဲ ပစ္စုပ္ပာန်မှာအကောင်းဆုံးဖြစ်အောင်နေထိုင်မယ်။
၁၅) မိသားစုကို အချိန်ပိုပေးမယ်။
၁၆) ခရီးတွေပိုထွက်မယ်။
၁၇) ရှိတာလေးနဲ့ စိတ်ချမ်းသာအောင် နေထိုင်ဖို့ ပိုကြိုးစားမယ်။
၁၈) ယုံကြည်ရာ ဘာသာရေးကိုပိုလုပ်မယ်။
ကဲ…..စာဖတ်သူတွေရော ဘယ်လိုတွေ အကောင်းဆုံးဖြစ်အောင် ဘဝမှာ အဓိပ္ပါယ်ရှိစွာရှင်သန်ဖို့ စဉ်းစားမိလဲ။ မျှဝေခဲ့ကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။