သင့်ဘဝကို တစ်နှစ်အတွင်း ပြောင်းလဲနိုင်ဖို့ လိုက်နာသင့်တဲ့အချက် ၈ချက်

ကျွန်တော်တို့ အယောက်စီတိုင်းမှာ ကောင်းတဲ့အကျင့်တွေရှိသလို ဆိုးတဲ့အကျင့်တွေလည်း ရှိကြမှာပါ။ ကောင်းတဲ့အကျင့်တွေက ကိစ္စမရှိပေမယ့် မကောင်းမှန်းသိပြီး ပြင်မရတဲ့အကျင့်တွေကတော့ ဘဝတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ဘဝကို တစ်နှစ်အတွင်း တိုးတက်စေရမယ်လို့ ဆုံးဖြတ်ချက်ချပြီး အောက်ပါအချက်တွေကို လိုက်နာကြည့်လိုက်ရအောင်။ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြည့်ကြတာပေါ့။


၁) နေ့တိုင်း ဆင်ခြေတွေပေးနေတာကို ရပ်ပစ်လိုက်ပါတော့။ နေ့ရက်တိုင်းမှာ သင်ကံကောင်းခဲ့တာတွေအတွက် ကျေးဇူးတင်ပါ။ အသိအမှတ်ပြုပါ။
၂) အထီးကျန်မှုကို မထိတ်လန့်ပါနဲ့။ အထီးကျန်နေတဲ့အချိန်မှာ သင်ဖန်တီးချင်တာလေးတွေဖန်တီးလို့ရပါတယ်။
၃) အကောင်းမမြင်တတ်တဲ့သူတွေကို သင့်ဘဝထဲကနေ နှုတ်ဆက်လိုက်ပါ။
၄) တီဗွီတွေနဲ့ အင်တာနက်တွေကို အမြဲတစေ စွဲလမ်းမနေသင့်ပါဘူး။
၅) သင်စိတ်ပါဝင်စားတဲ့ အရာတစ်ခုခုကို ကျွမ်းကျင်လာတဲ့အထိဖြစ်အောင် ကြိုးစားသင်ယူပါ။
၆) သင်သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားပါ။ နောက်ပြန်မလှည့်ပါနဲ့။
၇) သင့်ရဲ့ စိတ်ခံစားချက်တွေ အမြဲတက်ကြွနေပါစေ။
၈) ကျရှုံးပါစေ ရှေ့ဆက်ပါ။ သင်လုပ်ခဲ့တဲ့အမှားတွေကနေ အမြဲသင်ယူပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။