စိတ်ကြံ့ ခိုင်သောလူတို့ ပြုလုပ်လေ့မရှိသည့်အလေ့အထ ၁၃ ခု

ပေ ျာ်ရွှင်က ျန်းမာတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်ခန္ဓာက ျန်းမာသန်စွမ်းဖို့လိုသလို စိတ်ဓာတ်ပိုင်းဆိုင်ရာလဲ ကြံ့ ခိုင်သန်မာဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတို့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဖြစ်လာအောင် ဒီဆောင်းပါးလေးက အထောက်အကူပြုနိုင်မယ်လို့ မေ ျှာ်လင့်ရင်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မာတဲ့သူတွေ မပြုလုပ်တဲ့ အခ ျက် (၁၃) ခ ျက်ကိုရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။


၁။ ကံဆိုးလိုက်တာလို့တွေးပြီး စိတ်ညစ်မနေဘူး

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ဘဝဆိုတာ အမြဲလွယ်ကူပြီး တရားမ ျှတမနေဘူးဆိုတာကို လက်ခံထားနိုင်သူတွေဖြစ်တယ်။ ဒါကြောင့်မို့ ငါ့ဘဝကတော့ ဆိုးရွားလိုက်တာ၊ ငါ့ကံကိုယ်ကမကောင်းတာပါဆိုပြီး ငြီးငြူမနေတတ်ကြဘူး။ အရှိအကို အရှိတိုင်းလက်ခံပြီး ဘဝကို ရင်ဆိုင်ကြပါတယ်။

၂။ တစ်စုံတစ်ယောက်က ကိုယ့်ကိုစိုးမိုးချယ်လှယ်တာကို လက်မခံဘူး
အခြားသူတစ်ယောက်ရဲ့ စိုးမိုးချယ်လှယ်မှုကို ခံရတယ်ဆိုတာ စိတ်ဓာတ်ပေ
ျာ့ညံ့သူတွေပါ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ ဒီလိုအဖြစ်မခံပါဘူး။ ကိုယ့်ရဲ့ စိတ်ခံစားချက်၊ အပြုအမူတွေကို ကိုယ်ပိုင်ဆန္ဒနဲ့သာ လုပ်ဆောင်ပါတယ်။

၃။ ပြောင်းလဲမှုကို မရှောင်ဖယ်ဘူး

ပြောင်းလဲမှုကနေ ရှောင်ဖယ်ဖို့ မကြိုးစားပါဘူး။ အဲ့ဒီအစား ကောင်းမွန်သော ပြောင်းလဲမှုကိုကြိုဆိုချင်စိတ်ရှိကြတယ်၊ ပါဝင်ဆောင်ရွက်ကြပါတယ်။ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်သူတွေ ဖြစ်ပါတယ်။

၄။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းထက်ကေ ျာ်လွန်နေတဲ့အရာတွေအတွက် စိတ်ဖိစီးမခံဘူး

စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဟာ ငြီးငြူခဲပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့အရာတွေက ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျော်လွန်နေတယ်ဆိုတာ လက်ခံထားလို့ပါ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းဘောင်အတွင်းမှာရှိတဲ့ ကိုယ့်ဘဝကိုယ်သာ အပြည့်အဝအာရုံစိုက်တယ်။ ဖြစ်ပျက်လာတဲ့ အခြေအနေတွေကို အကောင်းဆုံးဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာကိုပဲ အလေးထားပါတယ်။

၅။ လူတွေအကုန်လုံး ကိုယ့်ကို သဘောက ျအောင် မကြိုးစားဘူး

အကုန်လုံးရဲ့ သဘောက ျနှစ်ခြိုက်ခြင်းကို ခံရဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ မျှတတယ်၊ ကြင်နာတယ်၊ ဒါပေမယ့် လိုအပ်လာရင် ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်တာကို ပြောဆိုဖို့လဲ ဝန်မလေးတတ်သူတွေ ဖြစ်ပါတယ်။ ငါ့ကိုယ်များ သဘောမကျဖြစ်သွားခဲ့ရင်ဆိုတာမျိုးတွေ တွေးပြီးစိတ်မပူတတ်ပါဘူး။

၆။ ထိုက်သင့်တဲ့ စွန့်စားမှုတွေလုပ်ဖို့ ကြောက်မနေဘူး

မိုက်ရူးရဲ ဆန်တာမျိုးတော့ မလုပ်ဘူး။ ဒါပေမယ့် လိုအပ်တဲ့အချိန်မှာ ထိုက်သင့်တဲ့ စွန့်စားမှုကိုတော့ ပြုလုပ်ရဲကြပါတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုမချမှတ်ခင် အကောင်းနဲ့ အဆိုးကို အမြဲချိန်ညှိလေ့ရှိတယ်။ စွန့်စားမှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကိုလဲ ကြိုတင်ခန့်မှန်း တွက်ချက်ထားတတ်ကြပါတယ်။

၇။ အတိတ်ကို တမ်းတမနေဘူး

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ပြီးခဲ့တာတွေကို ပြန်တွေးပြီး နောင်တမရတတ်ကြဘူး။ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကနေ သင်ခန်းစာယူပြီး လက်ရှိအချိန်မှာ အကောင်းဆုံးနေထိုင်ကြပါတယ်။ ပြီးတော့ ရရှိခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံပြီး အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်တယ်။

၈။ အမှားတစ်ခုကို ထပ်ခါထပ်ခါမလုပ်ဘူး
လူတိုင်းအမှားလုပ်တတ်ကြပါတယ်။ ဒါသဘာဝပါပဲ။ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်သူတွေက သူတို့ရဲ့အမှားကို တာဝန်ယူတယ်၊ သင်ခန်းစာယူတယ်။ ဒါကြောင့် ဖြစ်ပြီးသားအမှားမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်တော့ပဲ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
၉။ သူတစ်ပါးကို မနာလိုဝန်တိုခြင်းမရှိဘူး

တစ်ပါးသူရဲ့ အောင်မြင်မှုကို မနာလိုမရှုစိမ့်ဖြစ်တာဟာ စိတ်ဓာတ်ညံ့ဖျင်းသူတွေရဲ့ အပြုအမူပါ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ သူတစ်ပါးရဲ့ အောင်မြင်မှုကို စိတ်ပါလက်ပါ အသိအမှတ်ပြုလေ့ရှိပါတယ်။ အောင်မြင်မှုဆိုတာ ကြိုးစားခြင်းရဲ့ ရလဒ်ဆိုတာကို သိထားတယ်၊ ဒါကြောင့် သူတို့ကိုယ်တိုင် ပိုမိုကြိုးစားကြပါတယ်။

၁၀။ အလွယ်တကူ လက်မလေ ျှာ့ဘူး

ကြိုးစားနေရင်းနဲ့ တစ်ခါတစ်လေ ရှုံးနိမ့်တာမျိုးလဲရှိမှာပေါ့။ စိတ်ဓာတ်ကြံ့ခိုင်သူတွေက တစ်ကြိမ်တစ်ခါလောက် ရှုံးနိမ့်သွားတာနဲ့ လက်လျှော့အရှုံးပေးလိုက်သူတွေ မဟုတ်ပါဘူး။ ရှုံးနိမ့်မှုကို အခွင့်အရေးတစ်ခုအနေနဲ့ မြင်တယ်၊ ဘာတွေလိုအပ်ချက်ရှိနေလဲ သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်တယ်၊ ပြီးရင် ဆက်ကြိုးစားကြပါတယ်။

၁၁။ အထီးက ျန်ခြင်းကို မခံစားဘူး

စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ တစ်ယောက်ထဲရှိခြင်းကို အထီးက ျန်တယ် မခံစားရပါဘူး။ ကိုယ့်ကိုယ်ကို ပြန်အဖော်ပြုရတာကို နှစ်ခြိုက်ကြသူတွေ ဖြစ်ပါတယ်။ တစ်ယောက်ထဲရှိနေချိန်မှာ စဉ်းစားစရာရှိတာတွေကို သေချာအချိန်ပေးစဉ်းစားလေ့ရှိပါတယ်။ တစ်ယောက်ထဲဖြစ်နေလဲပဲ ပေ ျာ်ရွှင်စွာ နေထိုင်တတ်သူတွေပါ။

၁၂။ သူတစ်ပါးကို မမှီခိုဘူး

သူတစ်ပါးဆီက တောင်းဆိုမှုတွေလုပ်ခဲပါတယ်။ ကိုယ့်ကိုယ်ကို အားကိုးသူတွေဖြစ်ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ စိတ်အားထက်သန်ကြတယ်။ အခွင့်အရေးယူမယ့်အစား အခွင့်အလမ်းကို ကိုယ်တိုင်ရှာဖွေတတ်ကြသူတွေ ဖြစ်ပါတယ်။

၁၃။ စိတ်မလောဘူး

စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ က ျန်းမာရေးကောင်းမွန်အောင်လုပ်တာပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို ကိုယ်လိုချင်တဲ့ ရလဒ်ကိုရဖို့ ထိုက်သင့်တဲ့ အချိန်တစ်ခုကို စောင့်ရမယ်ဆိုတာကို စိတ်ဓာတ်ကြံ့ခိုင်သူတွေက လက်ခံထားကြပါတယ်၊ အလောမကြီးကြပါဘူး။

? ( BaWa101 )

Source: “13 things mentally strong people don’t do,”lifehack.org မှဘာသာပြန်ဖော်ပြပါသည်။

ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။